ကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်၊ ပြည်မြို့ရှိဈေးကွက်များအတွင်းသို့ မရမ်းသီးများပေါများစွာ ဝင်ရောက်လာ၍ ဈေးမှာ ယခင်ပေါ်စအချိန်ထက် စာလျှင်ဈေးများ ကျဆင်းလာခဲ့ပါသည်။ မရမ်းသီးများကို ပြည်မြို့ အနီးတဝိုက် မရမ်းသီးပင်များစိုက်ပျိုးထားသည့် ဥယျာဉ်ခြံများမှ ဝင်ရောက်မှုရှိသလို တခြားနယ်မြို့ များမှလည်း လာရောက်ရောင်းချကြောင်းသိရပါသည်။ ဈေးနှုန်းများအနေဖြင့် ယခင်ပေါ်စအချိန်တွင် မရမ်းသီးကောင်း၍ စားရသောအစေ့မတည်သေးသော(အသေးစား) တစ်ပိဿာလလျှင် (၈၀၀၀၀-၁၀၀၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၈၀၀၀-၁၀၀၀၀)ကျပ်ဈေးဖြင့် ရ

မြန်မာနိုင်ငံတွင် ဖရဲသီးကို ဒေသအနှံ့အပြား၌စိုက်ပျိုးကြပြီး ဖရဲသီးအများဆုံးစိုက်ပျိုးသော ဒေသများမှာ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးစသည့်ဒေသများတွင် စိုက်ပျိုးကြပါသည်။ ဖရဲသီးသည် ကျန်းမာရေးအတွက် အလွန် ကောင်းမွန်သော ရာသီစာအသီးတစ်မျိုးဖြစ်ပါသည်။ ဖရဲသီးသည် ယခင်က နွေအခါမှသာပေါ်သော ရာသီစာဖြစ်သော်လည်း ယခုအခါတွင် ရာသီအားလုံး၌စိုက်ပျိုးကြပါသည်။

ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စု၊ နေကျော်တန်းရှိ တောင်သူ ဦးကုလား၏ ပြောင်းဖူးစိုက်ခင်းသို့ (၁၇.၃.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် သွားရောက်ကွင်းဆင်း လေ့လာခဲ့ပါသည်။ စိုက်ပျိုးသော ပြောင်းဖူးမျိုးမှာ (၇၀၂)တံဆိပ် ၁ထုပ်ကို (၄၈၀၀၀)ကျပ် ပေး၍ဝယ်ယူ စိုက်ပျိုးရပါသည်။ ပြောင်းဖူးပင်စိုက်ပျိုးပြီး (၂)လအကြာတွင် ပြောင်းဖူးများ ခုတ်ယူရောင်းချ၍ရပါသည်။ ပြောင်းခင်းတစ်ခင်း၏ ကုန်ကျစရိတ်မှာ (၅၀၀၀၀၀)ကျပ်ကုန်ကျပြီး၊ ပြောင်းဖူးများထွက်ပေါ်ချိန်တွင် အခင်းသို့လာရောက်ပြီး အကြီး/အသေး (၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မင်းတဲကျွန်းကွက်သစ်တွင် ကန်စွန်းဥ စိုက်ပျိုးခြင်းအား သွားရောက်လေ့လာခဲ့ပါသည်။ ကန်ဇွန်းဥစိုက်ပျိုးရန်အတွက် ပျိုးပင်ထုံးများ ဝယ်ယူစိုက်ပျိုးရပြီး ပျိုးပင်ထုံး (၁)ထုံးတွင် အပင်ရေ (၃၅၀-၄၀၀)အထိရှိ၍ (၁)ထုံးလျှင် (၇၅၀၀)ကျပ် ပေးရပါသည်။ သွားရောက်ကွင်းဆင်းသောကန်စွန်းဥစိုက်ခင်းတွင် (၁၅)ထုံး စိုက်ပျိုးထားပြီး (၂)လခွဲကြာလျှင် တူးဖော်လို့ရ ပြီဟု သိရပါသည်။ ကန်စွန်းဥများထွက်ပေါ်ချိန်တွင် ပိဿာ (၃၅၀-၄၀၀)ပတ်ဝန်းကျင် ခန့်ထွက်ရှိသည်ဟုသ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဝန်ကျေးရွာရှိ တောင်သူ ဦးတိုးဌေး ပိုင်ဆိုင်သော တို့သခွားသီးစိုက်ခင်းသို့ (၁၉.၃.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။ သခွားစိုက်ဧကမှာ (၂)ယောက်စိုက် (ဧကဝက်) ရှိပြီးပြာသိုလတွင် စတင်၍ အစေ့ချစိုက်ပျိုးပြီး (၂)လခွဲကြာ တပေါင်းလတွင် စတင်ခူးဆွတ်ရောင်းချ ရပါသည်။ စတင်ခူးဆွတ်ချိန်တွင် တစ်နေ့လျှင် အလုံးပေါင်း (၁၀၀၀)ကျော် ခူးဆွတ်ရရှိပြီး နောက်ပိုင်းအသီးများတိုးလာချိန
