ကုန်သွယ်မှုသတင်းများ
ပြည်မြို့၏အသီးမျိုးစုံဈေးကွက်တွင် အသီးအမျိုးအစားအစုံကို ရှမ်းပြည်တောင်ပိုင်း မှဝင် ရောက်လျက်ရှိပါသည်။ ပြည်မြို့ ပေါ်ရှိ ဈေးများတွင်သာမက Online မှတစ်ဆင့်လည်း ရောင်းချလျက်ရှိပါသည်။ အသီး ဈေးနှုန်းများ ကတော့ ချွန်းပန်းစပျစ်အညိုသီး တစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ အော်ဂန်လိမ္မော်သီး 1Kgလျှင် (၆၅၀၀)ကျပ်၊ ဂျပန်စတော်ရှယ်သန့် တစ်ပိဿာလျှင် (၂၂၅၀၀)ကျပ်၊ ယိုးဒယားပန်းသီး ကြွပ်သီး တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ ယိုးဒယားသရက်သီးမှည့် တစ်လုံးလျှင်(၁၉၀၀)ကျပ်၊ ဖရဲသီးတစ်လုံးလျှင် (၆၀၀၀)ကျပ်၊ ဘေဘီ

ပြည်မြို့ပေါ်ရှီ ဈေးများတွင် ဖေဖော်ဝါရီလနောက်ဆုံးပတ်မှစ၍ ဟင်းချိုချက်၍ စားသောက် ရသော ပုတက်စာများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နွေရာသီပုတက်စာများပေါများချိန် ဖြစ်သည့်အတွက် ပြည်အနီးတဝိုက်နှင့် ရွှေတောင်ဘက်မှဝင်ရောက်မှုရှိပါသည်။ ပြည်မြို့မှတစ်ဆင့် ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြောင်းသိရပါသည်။ ရာသီစာဟင်းသီးဟင်းရွက်ဖြစ်၍ အဝင်ရှိ သလောက် ရောင်းချမှုလည်း ရှိပါသည်။ ဈေးနှုန်းမှာ ပုတက်စာ(၂)ပင်၊ (၃)ပင်စည်း တစ်စည်းလျှင် (၂၀၀-၃၀၀)ကျပ်ခန့်ရှိပြီး တစ်ခါချက်လျှင် (၃)စည်းခ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း ဟင်းသီးဟင်းရွက်များကို အများအပြားစိုက်ပျိုးကြ သော်လည်း ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်ကြသော တောင်သူများသည် ဆေးဖက်ဝင်ပြီး ကျန်းမာရေးအရ ကောင်းမွန်သော အပင်တစ်မျိုးဖြစ်သည့် ဒန့်သလွန်ပင်ကို စီးပွားဖြစ်စိုက်ပျိုးကာ မိသားစုတစ်ပိုင်တစ်နိုင် စားသုံးရန်နှင့် အပိုဝင်ငွေရရှိရန် စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံတွင် ကတွက်သီးပင်များမှာ နေရာအနှံ့အပြားတွင် အလေ့ကျပေါက်ရောက်သော အပင်တစ်မျိုးဖြစ်ပြီး မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ပေါက်ရောက်မှုများပါသည်။ ကတွက် ပင်မှသီးသော ကတွက်သီးကို လူအများမှ စားသုံးရန်သိသောသူရှိသကဲ့သို့ မသိသောသူများလည်း ရှိပါသည်။ ပြည်ခရိုင်အနေဖြင့် ကတွက်ပင်အများဆုံးပေါက်ရောက်သောမြို့မှာ ပြည်မြို့ဖြစ်ပြီး ထွက် ရှိသော ကျေးရွာများမှာ ပျဉ်ပင်ကိုင်း၊ အေးမြသာယာ နှင့် ရွာသစ်ကျေးရွာတို့တွင် အလေ့ကျပေါက် ရောက်ကြပါသည်။ ကတွက်ပင်မှာ နှစ်ရှည်ပင်ဖြစ်ပြီး အမြဲစိမ်းလန

တောင်ငူမြို့ ညောင်ပင်ဈေးရှိ အရပ်ဒေသအသီးသီးမှ ဒေသထွက်ကုန်များ၊ သစ်သီးဝလံများ လာရောက်ရောင်းချလျက်ရှိရာ ရှမ်းပြည်နယ်ထွက် စတော်ဘယ်ရီသီးများလည်း လူကြိုက်များ၍ ရောင်းအားကောင်းပါသည်။
စတော်ဘယ်ရီသည် မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်များတွင် အများဆုံး စိုက်ပျိုးကြသည်ဟု သိရှိရပါသည်။ စတော်ဘယ်ရီသီးကို သားရေစာ အဖြစ်လည်းကောင်း၊ ဖျော်ရည်အဖြစ်လည်းကောင်း အများဆုံး စားသုံးကြပါသည်။
