ကုန်သွယ်မှုသတင်းများ

Powered by Drupal
04 May 2023

     ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၃ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)အတွင်း စားသုံးဆီဈေးနှုန်းများမှာ ပဲဆီ လက်ကားတစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ နှမ်းဆီ လက်ကားတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ နေကြာဆီ လက်ကားတစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၄၅၀၀) ကျပ်နှင့် စားအုန်းဆီ လက်ကားတစ်ပိဿာလျှင် (၈၆၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၈၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

04 May 2023

  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအဓိကထား လုပ်ကိုင်ကြသော်လည်း ကျေးလက်နေတောင်သူများသည် နှစ်ရှည်သီးနှံဖြစ်သော သရက်သီးနှံကို ယာမြေနှင့် ဉယျာဉ်ခြံမြေများတွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။သရက်စိုက်ပျိုးရာတွင် ဒေသနှင့် ကိုက်ညီပြီးအရည်အသွေးကောင်းမွန်သောမျိုးများကိုသာ ရွေးချယ်စိုက်ပျိုးလျက်ရှိပြီး တောင်သူ အများစုသည် စိန်တစ်လုံးသရက်ကိုသာ အဓိကထားပြီး ကျယ်ကျယ်ပြန့်ပြန့် အများဆုံးစိုက်ပျိုးလာကြကြောင်း ၊ သရက်စိုက်ပျိုးရာတွင် ယခင်က အစေ့ပျိုးပင်မ

04 May 2023

   မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် ရေးစီးရေလာနှင့် မြေဆီမြေသြဇာကောင်း မွန်သောဒေသဖြစ်သည့်အလျှောက် စပါး၊ပဲမျိုးစုံ၊ပြောင်း၊ဆီထွက်သီးနှံများနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံများအပြင် လေ့ကျပေါက် ဆေးဘက်ဝင်အပင်များလည်း ပေါက်ရောက်ရာဒေသဖြစ်ပါ သည်။ ၄င်းအပင်များအနက် ဆေးဘက်ဝင်အပင်တစ်မျိုးဖြစ်သည့် ဟင်းငုတ်ပွင့် (ခ) သခွပ်ပွင့်များမှာ ယခုလို မိုးဦးကျအချိန်များတွင် အများဆုံးပွင့်ကြပါသည်။ ဟင်းငုတ်ပင်များ အများဆုံးပေါက်ရောက်သော အညာဒေသတွင် ဟင်းငုတ်ပွင့်များကို စျေးများတွင် ရောင်းချလျက်

04 May 2023

    ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင် (၁၄) ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး စက်သုံးဆီဈေးနှုန်းများသည် ယခင်လထက်ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း တွေ့ရပါသည်။ စက်သုံးဆီလက်လီဈေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထပတ်) အတွင်း ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၁၄၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၂၂၀) ကျပ်၊ ဓာတ်ဆီ(92)တစ်လီတာလျှင် (၂၁၉၀) ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၂၈၅) ကျပ်တို့ဖြင့်ရောင်းချလျက်ရှိပြီး ယခုဧပြီလ (စတုတ္ထပတ်) အတွင်း ဒီဇယ်(ရိုးရိုး)တစ်လ

04 May 2023

     ကယားပြည်နယ်တွင် စားဖိုဆောင်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို မိုးတွင်းနှင့် ဆောင်းတွင်းတွင် စိုက်ပျိုးကြပြီး လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာ၊ ရွာတန်းရှည်ကျေးရွာ၊ ကုန်းသာကျေးရွာနှင့် လင်ဖုံလေးကျေး ရွာတို့တွင်အဓိကစိုက်ပျိုးလျက်ရှိကြပါသည်။ ဒေသထွက်ဖြစ်သော ငရုတ်သီးတောင့်ရှည်(ပဒေါင်သီး)သီးသည် အလွန်စပ်ပါသည်။ ငရုတ်သီးကို အခြားမြို့များဖြစ်သော ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ ဝမ်းတွင်းဒေသမှလည်းဝင်ရောက်လျက်ရှိပြီး ငရုတ်သီးခြောက်တောင့်ရ

Pages