ကုန်သွယ်မှုသတင်းများ
GM ကုမ္ပဏီမှ အသစ်ထုတ်လုပ်ထားသောသော Suburbans၊ Tahoes နှင့် Escalades အမျိုးအစား မော်တော်ယာဉ်များသည် ၎င်းတို့၏ တတိယတန်းထိုင်ခုံခါးပတ်များကို ပြန်လည်စစ်ဆေးရန်နှင့် အစိတ်အပိုင်းအချို့ အစားထိုးပြုပြင်ရန်လိုအပ်ကြောင်း သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု-ခရိုင်ဦးစီးမှူး၊ မြောင်းမြမြို့နယ်ဦးစီးမှူးတို့သည် (၂၁.၈.၂၀၂၂)ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်က မြောင်းမြမြို့လယ်ယာသုံးဈေးရှိ ကျန်စစ်ဝင်းကုန်မျိုးစုံဆိုင်တွင် စားသုံးဆီများအား ရည် ညွှန်းဈေးဖြင့် ရောင်းချနေမှုအား သွားရောက်ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ပါသည်။
ကောက်နှံစင်္ကြံ ထွက်ခွာသင်္ဘော ၂၇ စီး အထိရှိလာ

၂၀၂၂ခုနှစ် ဩဂုတ်လ တတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၃၅၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၂၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၂၅၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၂၃၀၀ကျပ်၊ (သေး)တစ်ပိဿာ ၂၀၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်ထိ၊ ချင်းတစ်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွှေဘိုခရိုင်အတွင်း မြို့နယ်များရှိ ကုန်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိပါသည်။