
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဝက်သားစျေးနှုန်း များမှာ (၃၄၀၀၀)ကျပ်မှ (၃၃၀၀၀)ကျပ်အထိ မြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။ ထားဝယ်မြို့၊ ဝက်သားစျေးနှုန်းမြင့်တက်လာခြင်းမှာဝက်စာစျေးနှုန်းများနှင့်မွေးမြူရေးကုန်ကျစရိတ်များမြင့်တက်လာခြင်းကြောင့် ဒေသတွင်း ဝက်မွေးမြူရေးလုပ်ကိုင်သူများလျော့နည်းလာသဖြင့် ဝက်သား ပြတ် လက်မှု မရှိစေရေး မော်လမြိုင်မှ တစ်ဆင့် ဝက်များသယ်ယူရပြီး သယ်ယူမှုကုန်ကျ စရိတ်များ ကြီးမြင့်လာခြင်းကြောင့်ဖြစ်ကြောင်း ထားဝယ်မြို့ ဝက်သားဒိုင်များမှ သိရှိရပါ သည်။
ယခု ဖေဖော်ဝါရီလ တတိယအပတ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးကုန် စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၊ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့များ၏ ထိန်းကျောင်း ညှိနှိုင်းပေးမှုများကြောင့် လက်ရှိ ထားဝယ်မြို့၏ဝက်သားစျေးနှုန်းများမှာ(၃၂၀၀၀)ကျပ်အထိ အနည်း ငယ်ကျဆင်းလာခဲ့ကြောင်းသိရှိ ရပါသည်။
DOCA(တနင်္သာရီ)