ကန့်ဘလူမြို့၌ ရောင်းချနေသော ဇီးတော်ဖီ(ခေါ်)ဇီးထန်းလျက် ဈေးနှုန်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် ဇီးတော်ဖီ(ခေါ်)ဇီးထန်းလျက်ကို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ တတိယပတ်တွင်ရောင်းချနေသော ဇီးတော်ဖီ(ခေါ်)ဇီးထန်းလျက် ဈေးနှုန်းမှာ (၁)ပိဿာလျှင် (၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၁၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၇၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ဇီးတော်ဖီကို ဇီးသီးမှုန့်၊ထန်းလျက်၊ သကြားစသည့်တို့ဖြင့် ပြုလုပ် ထားသည့်အတွက် ချဉ်ချိုအရသာပြီး လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်၍ အရောင်းသွက်လျက် ရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်။

          DOCA(စစ်ကိုင်း)