ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ကြက်သား (အိမ်မွေးကြက်)မှာ ယခင်လက တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၃၂၀၀၀ ကျပ်ဖြင့် စျေးနှုန်း ၂၀၀၀ ကျပ် တက်ပြီး စီပီကြက်သားမှာ တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ဖြင့် စျေးနှုန်းတည်ငြိမ်နေပါသည်။
ဘော့ပုဇွန်မှာ ယခင်လက တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၂၃၀၀၀ ကျပ်ဖြင့် စျေးနှုန်း ၃၀၀၀ တက်ပြီး ချောင်းပုဇွန်မှာ တစ်ပိဿာလျှင် ၄၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် အသေးစားလုပ်ငန်းများစွာ ထွန်းကားလျက်ရှိ ပါသည်။ လုပ်ငန်းများစွာအနက်“တော်ဝင်သူ”အမှတ်တံဆိပ်ခေါင်းလျှော်ရည် လုပ်ငန်းသည်လည်း တစ်ခု အပါအဝင်ဖြစ်ပါသည်။

မေမြို့ပန်းသည် အခိုင်လိုက် အစုလိုက်ပွင့်သောပန်းမျိုးဖြစ်ပါသည်။ ပန်းအရောင်မှာ အဖြူ၊ အနီ၊ ပန်းရောင်း၊ ဗေဒါရောင်တို့ရှိပါသည်။ မျိုးစေ့ပုလင်းများမှာယူပြီး စိုက်ပျိုးကြပါသည်။ မြန်မာအခေါ် ရိုးစိမ်းဖြူ၊ ကျောက်နီ၊ ချင်းမိုင်စသဖြင့် အပွင့်အရောင်ပေါ်မူတည်၍ ခေါ်ကြပါသည်။ နေရောင်ခြည်အပြည့်အဝရရှိမှုကို ကြိုက်နှစ်သက်ပါသည်။ အေးလွန်းသည့်အခါတွင်လည်း ပန်းများ ပွင့်နှုန်းလျော့တတ်ကြပါသည်။ ပန်းမျိုးစေ့ကို ဘောင်များဖြင့် ပျိုးထောင်ထားရပါသည်။ ပျိုးထောင် ပြီး (၁၅)ရက်ခန့်အကြာတွင် စိုက်ကွင်းအ

ပြည်ကုန်စည်ဒိုင်တွင် ဇန်နဝါရီလတွင် ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ဘိုကိတ်ပဲသစ်များ အဝင်ရှိပြီး ကျန် ကုလားပဲ၊ ပဲကြီး၊ မတ်ပဲသီးနှံများမှာ လက်ကျန်ပဲများကိုသာ အရောင်းအဝယ်ပြုလုပ်လျက်ရှိပါသည်။
မတ်ပဲ

ပြည်ခရိုင်တွင် သီးနှံများစိုက်ပျိုးရာတွင် အသုံးများသော ပိုးသတ်ဆေးဈေးနှုန်းများမှာ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် ယူရီးယားလုံးကြီး တစ်အိတ်လျှင် (၁၀၁၀၀၀)ကျပ်၊ ယူရီးယားလုံးသေး တစ်အိတ်လျှင် (၁၁၀၀၀၀)ကျပ်၊ တီဆူပါ(သံကွင်း) တစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ ပိုတက် (အာမို) တစ်အိတ်လျှင် (၁၂၀၀၀)ကျပ်၊ ကွန်ပေါင်း(၁၅)ပတ်လည် တစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ ကလိုင်ကိုဇစ် (4liter)တစ်လုံးလျှင် (၇၅၀၀၀)ကျပ်၊ ရှောင်လင် (၅၀၀CC)တစ်ပုလင်းလျှင် (၂၀၀၀၀)ကျပ်ဖြင့် ဝယ်ယူသုံးစွဲရပြီး၊ ယခု ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှ
