ကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Mar 2025

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSMEs ဒေသထုတ်ကုန်များဈေးကွက်ပိုမိုရရှိစေရေးနှင့် ပိုမိုတိုးမြှင့် ထုတ်လုပ်လာနိုင်ရေး၊ ပြည်ပ‌ဈေးကွက်ထိ တင်ပို့ရောင်းချနိုင်ရေးကို ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်ချက်နှင့်အညီ ပဲခူးတိုင်းဒေသကြီး ထုတ်ကုန်များ အရောင်းစင်တာ အား ဖွင့်လှစ်ဆောက်ရွက်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။ ပြည်ခရိုင်၊ ပြည်မြို့ရှိ အရောင်းစင်တာကို (19.11.2023) ရက်နေတွင် စတင်ဖွင့်လှစ်ခဲ့ ပါသည်။အရောင်းစင်တာတွင် တိုင်းဒေသက

18 Mar 2025

            ပြည်ခရိုင်တွင် ဆောင်းသီးနှံမြေပဲများ မကြာမီအချိန်ကာတွင် ထွက်ပေါ်လာတော့မည်ဖြစ်ပါသည်။ ယခုအချိန်ဖြစ်သော ဇန်နဝါရီလနောက်ဆုံးပတ်တွင် ပြည်မြို့ရှိပွဲရုံများနှင့် ဈေးကွက်များသို့ ပန်းတောင်း မြို့နယ်ဘက်နှင့် ရွှေတောင်မြို့နယ်ဘက်မှ မြေပဲဆန်များ နေ့စဉ် ပိဿာ(၂၀)ဝင် အိတ် ၄၀၀/၅၀၀ ခန့်ဝင်ရောက်လျှက်ရှိပါသည်။ ဝင်ရောက်လာသော မြေပဲဆန်များမှ ဆီဆန်နှင့် ရွေးဆန်ကို မြို့တွင်း ဆီစက်များကအဝယ်ရှိပြီး လုံးဆန်ကို လုပ်ငန်းရှင်သမားများနှင့် ရန်ကုန်ဝယ်လက်များကဝယ်ယူမှုရှိ၍ အရောင်းအဝယ်မှာ နေ့စဉ

18 Mar 2025

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကျီးသဲအုပ်စုတွင် သီးနှံမျိုးစုံစိုက်ပျိုး လျက်ရှိ ရာ၊ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သော ဖရဲသီး (၆၁၁)မျိုးများကို တစ်နိုင်တစ်ပိုင်တောင်သူ (၁၈)ဦးမှ (၆)ဧကခန့်စိုက်ပျိုးထားကြောင်းသိရှိရပါသည်။

18 Mar 2025

          ပြည်ပဲဈေးကွက်အတွင်း ‌ဆောင်းပဲသီးနှံအချို့ ဈေးကွက်အတွင်း ဝင်ရောက်လာသော်လည်း ကုလားပဲသီးနှံကတော့ ပဲသစ်ဝင်ရောက်ခြင်းမရှိသေးဘဲ ပဲဟောင်းလက်ကျန်များဖြင့်သာ ရောင်းဝယ်နေခဲ့ကြပါသည်။ ပဲဟောင်းသီးနှံများအား ဒေသတွင်း ပဲခွဲစက်သမားများနေ့စဉ် အဝယ်ရှိနေတာကြောင့် အိတ်(၂၀၀-၃၀၀)ကျော် အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့ကြပါသည်။ ပဲဈေးနှုန်းမှာ တစ်တင်း(၉၅၀၀၀)ကျပ် ရရှိခဲ့သည့်အတွက် ပဲဈေးကွက်မှာ အခြားပဲများနည်းတူ ဈေးပြိုင်ရရှိခဲ့ပေမယ့် ယခင်နှစ်ကဈေးကို မမှီဘဲဈေးလျော့နည်းခဲ့းပါသည်။ ယခင်နှစ်က ကုလားပဲသီး

18 Mar 2025

          ပြည်ပဲဈေးကွက်သို့ ပဲစင်းငုံသီးနှံသစ်များ နေ့စဉ်အဝင်ရှိလာတာကြောင့် တစ်ရက်အိတ်(၃၀၀-၄၀၀)ကျော်ဝင်ရောက်ခဲ့ပြီး ပြည်တစ်ဖက်ကမ်း ပန်းတောင်း၊ မင်းတုန်းဖက်မှ ဝင်ရောက်ခဲ့ကြပါ သည်။ ဝယ်လိုအားအနေဖြင့် ရန်ကုန်ဝယ်လက် အဓိကဝယ်ယူမှုရှိသလို လှောင်ပဲသမားအချို့လည်း ဝယ်ယူနေခဲ့ကြပါသည်။ ပဲသစ်ဈေးမှာ တစ်တင်း ၉၉၅၀၀၀)ကျပ်မှ (၉၆၀၀၀)ကျပ်အထိ ပဲအရည် အသွေးလိုက်၍ ဈေးကွာခြားမှုရှိခဲ့ပါသည်။ ပဲစင်းငုံဈေးမှာ ယခင်နှစ်က နှစ်ဆန်းပိုင်း တစ်တင်း (၁၀၉၀၀၀)ကျပ်မှ (၁၁၀၀၀၀)ကျပ် ရရှိခဲ့သည့်အတွက် ယခုနှစ်ဈေးမှာ ယခင

Pages