ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်းကြက်ခြံ၊ ဘဲခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး၊ လိုအပ်ချက်အရ မန္တလေးမှလည်း ဝယ်ယူရောင်းချကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်းများမှာ ကြက်ဥကြီးတစ်လုံးလျှင် (၅၀၀)ကျပ်၊ ဥလတ် တစ်လုံးလျှင်(၄၇၀)ကျပ် ၊ ဥသေးတစ်လုံးလျှင်(၄၅၀)ကျပ်နှင့် ဘဲဥကြီးတစ်လုံးလျှင်(၇၀၀)ကျပ်၊ ဥသေးတစ်လုံးလျှင် (၆၅၀)ကျပ်၊ ငုံးဥ(၈)လုံးလျှင် (၁၀၀၀)ကျပ်ဖြင
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနရှိဝန်ထမ်းများသည် (၂-၁၂-၂၀၂၄) ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်ရှိအခွန်လွတ်ဈေးတွင် ကြက်ဥအလုံး(၃၀၀)အားသွားရောက်၍ ရောင်းချခဲ့ကြောင်းသိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနရှိဝန်ထမ်းများသည် (၃.၁၂.၂၀၂၄)ရက်နေ့ နံနက်(၀၈း၀၀)နာရီအချိန်တွင် လပွတ္တာမြိုု့နယ်ရှိ အမှတ်(၁)ရပ်ကွက်ဈေးတွင် ကြက်ဥအလုံး(၃၀၀၀)နှင့် ရွေးနဒီရေပေါ် ဈေးတွင် ကြက်ဥအလုံး(၃၀၀၀) သွားရောက်၍ ရောင်းချခဲ့ကြောင်းသိရှိရပါသည်။
