ကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်တွင်း ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ရန်အတွက်ရည်ရွယ်၍ ကြက်ဥ၊ ဘဲဥများကို နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဗူးပင်စိုက်ပျိုး၍ ဗူးသီးထွက်ရှိနေပြီး ရန်ကုန်သို့တင်ပိုလျက်ရှိကြောင်း သိရသည်။ ၂၀၂၄-၂၀၂၅ နှစ်တွင် ဟင်းသီးဟင်းရွက်စိုက်ဧက ၁၂၇၉၀ စိုက်ပျိုးထားရှိကြောင်း သိရသည်။ ညောင်တုန်းတွင် ဗူးပင်စိုက်ဧက ၄၅၀ ခန့်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှ ဥစားကြက်နှင့် ဘဲမွေးမြူရေးလုပ်ငန်းများရှိပြီး တိုင်းဒေသကြီးမြို့နယ်များအတွင်းသို့ ကြက်ဥ၊ ဘဲဥများဖြန့်ဖြူး တင်ပို့ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

စက်မှု၊ သိပ္ပံ၊ နည်ပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာန၊ ဝန်ကြီး Hem Vanndyu က FTB Bank မှ Dith Sochal နှင့်ကိုယ်စားလှယ်အဖွဲ့အား ၃-၁၂-၂၀၂၄ ရက်နေ့က ပုဂ္ဂလိက ရေလုပ်ငန်းအပါအဝင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ Dith Sochal သည် နိုင်ငံအတွင်းတွင် ဘဏ်ခွဲပေါင်း ၂၃ ခု နှင့် ပိုင်ဆိုင်မှုအမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံရှိပြီး မကြာမီကာလအတွင်း နောက်ထပ်ဘဏ်ခွဲ နှစ်ခု ကိုဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားသည်ဟု ပြောကြားခဲ့သည်။ ဘဏ်သည် ဝန်ထမ်းပ
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်းရှိ ကျေးရွာအချို့တွင် မိုးစပါးရိတ်သိမ်းပြီးနောက် ဆီထွက်သီးနှံများ စိုက်ပျိုးသွားရန်ဆောင်ရွက်နေကြောင်း သိရှိရသည်။
