ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးမှုမှ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးမှုဖြစ်ပေါ်လာမည်ဖြစ်သည်နှင့်အညီ နိုင်ငံတော်၏အားပေးမြှင့်တင်မှုနှင့် အတူ (MSMEs)လုပ်ငန်းများစွာရှိသည့်အနက် အုတ်ဖိုမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်မင်္ဂလာ (၂)လမ်းရှိ စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းဝင်း၏ ဝါးခမောက်လုပ်ငန်းမှာ ဖြစ်ထွန်းအောင်မြင်လာပြီဖြစ်ကြောင်းသိရှိရ၍ ဝါးခမောက်လုပ်ငန်းလုပ်ကိုင်ရာနေရာသို့ စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်တွေ့ဆုံလေ့လာခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလတတိယအပတ် ပဲဆီသန့်တစ်ပိဿာလျှင် ယခင်အပတ် ၁၉၀၀၀/၂၀၀၀၀ဈေးမှ ယခုဈေး ၁၈၀၀၀/၂၀၀၀၀ ဖြစ်သွား၍ ပဲဆီသန့်တစ်ပိဿာ ကျပ်၁၀၀၀ခန့်ဈေးနှုန်း ကျဆင်းလျက်ရှိပြီး နှမ်းဆီ တစ်ပိဿာ ယခင် ၁၈၀၀၀/၁၉၀၀၀ကျပ် ဈေးမှ ယခု၁၉၀၀၀/၂၀၀၀၀ဖြစ်သွား၍ တစ်ပိဿာကျပ် ၁၀၀၀ဈေးနှုန်း မြင့်တက်လျက်ရှိပြီး ငရုတ်ခြောက်ရှည်တစ်ပိဿာလျှင် ကျပ် ၈၀၀၀/၈၅၀၀ ဈေးမှ ယခုဈေး တစ်ပိဿာကျပ် ၇၅၀၀/၈၀၀၀ ဖြစ်သွားသည့်အတွက် ငရုတ်ခြောက်ရှည် တစ်ပိဿာကျပ် ၅၀၀ခန့်ဈေးနှုန်းကျဆင်းလျက်ရှိပြီး ပွင့်လင်းရာသီတွင် ကြက်သွန
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပဲဈေးကွက်အနေဖြင့် နိုဝင်ဘာလ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် ၂၀ပိဿာဝင်တစ်တင်းကို ၁၂၂၇၀၀ကျပ်ရှိခဲ့ပြီး၊ နိုဝင်ဘာလ တတိယ ပတ်တွင် (၂၀)ပိဿာဝင်တစ်တင်းကို ၁၁၉၀၀၀ကျပ်ရှိခဲ့ကာ ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်းသိရှိရပါသည်။ ကုလားပဲတစ်ပြည်ကို ၇၅၀၀ကျပ်၊ ဘိုကိတ်တစ်ပြည်ကို ၇၇၀၀ကျပ်၊ စားတော်ပဲ တစ်ပိဿာလျှင် ၇၆၀၀ကျပ်၊ ပဲနီစေ့တစ်ပြည်လျှင် ၇၅၀၀ကျပ်၊ ၁၀၀၀၀ကျပ်ဖြင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ပဲမျိုးစုံကို ရန်ကုန်ဘုရင့်နောင်စျေးမှယူ၍ ရောင်းချရက

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ရောင်းချနေသောဟင်းသီးဟင်းရွက်များမှာ မင်းလှမြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများမှဝင်ရောက်သည့်အပြင် ပုတီးကုန်း၊ သဲကုန်း၊ ပေါင်းတည် စသည့်မြို့နယ်များမှလည်း ဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်သာပေါင်းမြို့နှင့် ပုသိမ်မြို့ပေါ်ရှိ မြို့မဈေးကြီး အပါအဝင် ယာယီပျံကျဈေးများတွင် ရာသီစာသဘာဝမှိုများလာရောက် ရောင်းချနေကြရာ ဝယ်ယူ စားသုံးသူ များပြားပြီး ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။