ကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ သဖန်းကုန်း၊ ဓနုအေး၊ ခြံတန်း၊ ပဲကွဲ၊ ကျောင်းကွင်း၊ စစ်တော စသော ကျေးရွာများတွင် မိသားစုတစ်နိုင်တစ်ပိုင်အဖြစ် ရှမ်းနံနံပင်များကို စိုက်ပျိုးကြပါသည်။ (၁၉.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်စိမ်းမြသီတာမှ ကွင်းဆင်းလေ့လာမှုကို ဆောင်ရွက်ခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံသည် စက်တင်ဘာလတွင် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၆၄၀.၇၂ သန်းတန်ဖိုးရှိ ဒူးရင်းသီးတန်ချိန် ၁၇၇၀၀၀ တင်ပို့ခဲ့ပြီး ယင်းဈေးကွက်သို့ သစ်သီးတင်သွင်းသူအဖြစ် ထိုင်းနိုင်ငံသို့ကျော်လွန်ခဲ့သည်။ တရုတ်နိုင်ငံသည် စက်တင်ဘာတွင် ဒူးရင်းသီးတန်ချိန် ၂၂၈၀၀၀ တင်သွင်းရန် ဒေါ်လာ ၈၉၄.၅၈ သန်းသုံးစွဲခဲ့ပြီး ၎င်းတွင် ဗီယက်နမ်မှ ၇၇.၆% တင်သွင်း ခဲ့ကြောင်းသိရသည်။ သို့သော် ထိုင်းနိုင်ငံသည် ပထမ ကိုးလအတွင်း ဒူးရင်းသီးတင်ပို့မှု၌ ဦးဆောင်နေခဲ့ပြီး ကန်ဒေါ်လာ ၃.၇၃ ဘီလီယံ တန်ဖိုး

တိုင်ဖွန်းမုန်တိုင်း ဆက်တိုက်တိုက်ခတ်မှုကြောင့် ငါးဖမ်းလုပ်ငန်းကဏ္ဍတွင် ပီဆို ၁ ဘီလီယံနီးပါး ထိခိုက်ပျက်စီးမှုနှင့်အတူ ငါးဖမ်းရာသီပိတ်သိမ်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ အစိုးရမှ ငါးမတ်ထရစ်တန်ချိန် ၈၀၀၀ အား ထပ်မံတင်သွင်းမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ အရာရှိတစ်ဦးက (၁၉.၁၁.၂၀၂၄) ရက်နေ့၊ အင်္ဂါနေ့က ပြောကြားခဲ့သည်။ စိုက်ပျိုးရေးလက်ထောက်အတွင်းတန်ဖြစ်သော An Arnel de Mesa က ၁၈.၁၁.၂၀၂၄ ရက်နေ့၊ တနင်္လာနေ့တွင် စိုက်ပျိုးမွေးမြူရေးဌာနအရာ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးကြီးနှင့် ပန်ခြံဈေးတို့တွင် ပန်းဂေါ်ဖီပွင့်များ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဟင်းသီးဟင်းရွက်အုပ်စုဝင်ဖြစ်သော ပန်းဂေါ်ဖီ ပွင့်သည် စားသုံးသူများမှ ရာသီစာအဖြစ်စားသုံးမှုများလျက်ရှိပြီး ပခုက္ကူဈေးကွက်သို့ မြို့နယ်အတွင်းရှိ မြစ်ခြေ၊ ကမ္မမြို့နှင့် ရှမ်းပြည်နယ်ထွက် ဂေါ်ဖီပွင့်များ အောက်တိုဘာလဆန်းမှစ၍ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ စိုက်တောင်သူများသည် ကြက်သွန်ဖြူနှင့် အာလူးသီးနှံကို ရေမြေရာသီဥတုနှင့်မကိုက်ညီ၍ စိုက်ပျိုးမှုမရှိခြင်းကြောင့် စားသုံးမှုလိုအပ်ချက်အရ အခြားမြို့နယ်များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူကို ရှမ်းပြည်နယ်၊ အောင်ပန်းနှင့် ယောနယ်ဒေသ၊ ဆော၊ ပေါက်၊ ကျောက်ထုမြို့များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်တွင် ဈေးနှုန်းကျဆင်းခြင်းမရှိ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)
