
ဖေ့စ်ဘွတ်နှင့် အခြားသော ဆိုရှယ်မီဒီယာများကို လည်ပတ်နေသည့် နည်းပညာကုမ္ပဏီကြီး မီတာ (Meta) က ဩစတေးလျနိုင်ငံ၌ အသက် ၁၆ နှစ်အောက် သုံးစွဲသူများအား ဆိုရှယ်မီဒီယာ သုံးစွဲခွင့် ပိတ်ပင်မည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ကြေညာချက်သည် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် စတင်အသက်ဝင်မည့် ကလေးများ အား ဆိုရှယ်မီဒီယာ အသုံးပြုခွင့်ကို တားမြစ်သည့် ဥပဒေထွက်ပေါ်လာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာ ၂၀ ရက်တွင် မီတာ ကုမ္ပဏီက အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြား အင်စတာဂရမ်၊ သရက်စ်နှင့် ဖေ့စ်ဘွတ်အသုံးပြုသူများအား အထက်ပါပိတ်ပင်မှုနှင့် ပတ်သက်ပြီး အသိပေးခဲ့သည်။
အသုံးပြုသူများအနေဖြင့် ၎င်းတို့၏ အချက်အလက်များကို ဒေါင်းလုတ်လုပ်နိုင်ရန် ကုမ္ပဏီက ၎င်းတို့၏အကောင့်များကို မဖယ်ရှားမီ ၁၄ ရက် အချိန်ပေးထားသည်။
အသက် ၁၆ နှစ် ပြည့်သည်နှင့် ပြန်လည်ဝင်ရောက်ခွင့်ရနိုင်ကြောင်း မီတာကုမ္ပဏီက ပြောကြားသည်။ အသက် ၁၆ နှစ်အောက် သြစတြေးလျနိုင်ငံသား ၁၅၀၀၀၀ ခန့်သည် ဖေ့စ်ဘွတ်ကို အသုံးပြုကြ ပြီး ၃၀၀၀၀၀ ခန့်သည် အင်စတာဂရမ်ကို အသုံးပြုကြသည်။
ဒီဇင်ဘာ ၁၀ ရက်တွင် စတင်အသက်ဝင်မည့် ဥပဒေသစ်အရ ဆိုရှယ်မီဒီယာပလက်ဖောင်း များသည် အသက်မပြည့်သေးသူများကို အကောင့်ဖန်တီးခြင်း သို့မဟုတ် အသုံးပြုခွင့်ကို တားမြစ် ရမည်ဟု ဖော်ပြထားသည်။ မလိုက်နာပါက ဒဏ်ရိုက်ခံ ရမည်ဖြစ်သည်။
အဆိုပါ လူမှုမီဒီယာများတွင် TikTok၊ X၊ Snapchat နှင့် YouTube အပါအဝင် ပလက်ဖောင်း ၁၀ ခု ပါဝင်ကြောင်း သိရသည်။
Source: အင်န်အိတ်ချ်ကေ
DOCA(ပြည်ထောင်စုနယ်မြေ)
