ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ဝက်ပုတ်ကျေးရွာတွင် ဟင်းသီးဟင်းရွက်မျိုးစုကိုစိုက်ပျိုးကြပြီး သခွား (အကြွပ်)မျိုးကို တစ်ဧကစိုက်ပျိုးထားကြောင်းသိရပါသည်။ သခွား (အကြွပ်)တစ်ဧကစိုက်ပျိုးမည်ဆိုပါက စတင်စိုက် ပျိုးချိန်မှစ၍ ခူးဆွတ်ရောင်းချချိန်အထိ (မျိုး၊ အလုပ်သမားခ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ တိုင်ဖိုး၊ ကြိုးဖိုး)အပါဝင် စုစုပေါင်းကုန်ကျစရိတ်မှာ (၄)သိန်းခန့်ကုန်ကျကြောင်း၊ ပေါ်ဦးပေါ်ဖျား သခွားသီးတစ်လုံးလျှင် (၁၀၀)ကျပ်မှ (၁၅၀)ကျပ်နှုန်းဖြင့်ရောင်းချရကြောင်း၊ သခွားတစ်ဧကလျှင်

နိုင်ငံတော်မှ ယခုအခါ အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs လုပ်ငန်းများကိုမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းထုတ်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတစ်နိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးသည် အငယ်စားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် အရေးပါသည့်အတွက် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (One Village One Product)၊ ကုန်ကြမ်းမှသည် ကုန်ချောဆီသို့ တန်ဖိုးမြှင့်ထုတ်ကုန် (Value-add) အထိထုတ်လုပ်၍ ဈေးကွက်အရောက် တင်ပို့ထုတ်လုပ်နိုင်ရန်လိုအပ်ပါသည်။

တောင်ငူခရိုင်၊ အုတ်တွင်းမြို့မှ မြန်မာ့ရိုးရာဟင်းထုပ်လုပ်ငန်းသည် မိသားစုအပိုဝင်ငွေရသည့် လုပ်ငန်းဖြစ်ပါသည်။ ဆန်ကိုရေစိမ်၍ ကြိတ်ပြီး ရလာသောမုန့်နှစ်ကို ကန်စွန်းရွက်၊ ဂေါ်ဖီ၊ ပဲပင်ပေါက်၊ ကြက်သွန်နီတို့ကို ပါးပါးလှီး၍လည်းကောင်း၊ စပါးလင်၊ ချင်းတို့ကို ကြေညက်အောင်ထောင်း၍လည်းကောင်း ရသာမုန့်များဖြင့်နယ်ပြီး ရဲယိုရွက်ကို ဆီသုတ်၍ ထုပ်ရပါသည်။

မြန်မာ့ရိုးရာအစားအစာများတွင် ဘိန်းမုန့်သည် မြန်မာလူမျိုးတိုင်းလိုလို ကြိုက်နှစ်သက်ကြသော အစားအစာများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဘိန်းမုန့်ကို နံနက်ခင်းစျေးများတွင် အများဆုံးတွေ့ရပါသည်။ ဘိန်းမုန့်ပြုလုပ်ရန်အတွက် ဆန်ကိုရေစိမ်ပြီး မုန့်ကြိတ်ဆုံဖြင့်ကြိတ်ရပါသည်။ ထို့နောက် ကြိတ်ထားသောမုန့်နှစ်ရည်ကို သကြား၊ ဆိုဒါတို့နှင့်ရောစပ်ပြီး သမအောင်မွှေပေးရပါသည်။ ဒယ်အိုးထဲတွင်ထည့်ပြီး မီးဖိုပေါ်တင်၍ နှမ်းနှင့်ခြစ်ထားသောအုန်းသီးများကိုဖြူးပြီး အဖုံးအုပ်ထားရပါသည်။ ဒယ်အိုးဖုံးပေါ်တွင

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ယခုနှစ် ဆောင်းရာသီ၌ နေကြာဧက (၁၈၂၇) စိုက်ပျိုးရန် လျာထားပြီးဖြစ်ရာ အဆိုပါနေကြာစိုက်ပျိုးမည့် တောင်သူများအား ယူးရီးယား ဓာတ်မြေသြဇာများ စျေးနှုန်းချိုသာစွာဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
