ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆောမြို့နယ်၌ (မိုး)စပါးစိုက်ပျိုးမှုကို စိုက်ဧက(၅၀၀၀၀) ခန့် လျာထားစိုက်ပျိုးခဲ့ရာ ရာနှုန်းပြည့်ဖြစ်ထွန်းအောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဆောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးအဆင်ပြေမှုနှင့် စိုက်ပျိုးမြေကောင်းမွန်မှုတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး ဒေသခံပြည်သူများ စားရေရိက္ခာဖူလုံရေးနှင့် ပြည်တွင်းစားသုံးဆန်ဖူလုံမှုမှသည် ပြည်ပနိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နှမ်း၊နေကြာစသော သီးနှံ(၃)မျိုးအား လျာထားစိုက်ပျိုးခဲ့ပါသည်။ ၁၉.၁၁.၂၀၂၄ ရက်နေ့ထိ မြေပဲ လျာထားဧက ၃၅၂၀ ဧကတွင် ၂၅ ဧကစိုက်ပျိုးပြီး ၃၄၅၉ ဧက စိုက်ပျိုးရန် ကျန်ရှိပါသည်။ နှမ်းလျာထားဧက ၂၀၇ ဧကသည် စိုက်ပျိုးပြီးဖြစ်သော်လည်း ဆောင်သီးနှံနေကြာ လျာထားဧက ၁၀၁၈၄ ဧကတွင် ၃ ဧက စိုက်ပျိုးပြီး ၁၀၁၈၁ ဧကစိုက်ပျိုးရန် ကျန်ရှိကြောင်း မြို့နယ်စိုက်တိုး/မြှင့်အဖွဲ့မှ သိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ဟင်းသီးဟင်းရွက်များကို မကွေးမြို့၊ မင်းဘူးမြို့၊ တောင်တွင်းကြီးမြို့၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နှင့် အောင်ပန်းမြို့တို့မှ မှာယူရောင်းချသည့်အပြင် မြို့အနီးရှိကျေးရွာများဖြစ်သည့် ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီတော၊ ရွာတော်ကျေးရွာများနှင့် မြို့တစ်ဖက်ကမ်းရှိ ကျွန်းရွာများမှလည်း လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ဇလွန်မြို့နယ်အတွင်း ဒေသလက်ဆောင်အဖြစ် ဂျင်းသုပ်၊ပဲကြီးလှော်၊ စာကလေးခွေ၊ မရွေး၊ ငှက်ပျောကြော်စသည့် မုန့်များကို ဘုရားဖူးပြည်သူများမှ အိမ်ပြန်လက်ဆောင်၊ ဒေသအစားအစာအဖြစ် ဝယ်ယူလျက်ရှိကြပါသည်။ ဒေသထုတ်ကုန်ဖြစ်သော “ရွှေတိုး” ငှက်ပျောကြော်လုပ်ငန်းအား မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိရာ ဇလွန်မြို့နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်စိမ်းမြသီတာမှ (၂၀.၁၁.၂၀၂၄)ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကွင်းဆင်းလေ့လာခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ တောင်သူများသည် မိုးသီးနှံစပါး၊ ဆောင်းသီးနှံ ပဲမျိုးစုံ စိုက်ပျိုးမှု အများဆုံးဖြစ်သော်လည်း မိသားစုဝင်ငွေ နေ့စဉ်ရရှိရေး အတွက် မိမိခြံမြေများတွင် ဂန္ဓာမာပန်း အမျိုးအစားမျိုးစုံအား စီးပွားဖြစ်အတွက်သော်လည်းကောင်း၊ နေ့စဉ်ဝင်ငွေအတွက်သော်လည်းကောင်း၊ နေရာဒေသများစွာတွင် စိုက်ပျိုးလာကြပါသည်။ (၂၀.၁၁.
