ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Nov 2024

       နံနံပင်တွင် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သည့်အပြင် သံဓာတ်၊ မဂ္ဂတီဆီယမ်၊ မဂ္ဂနီနှင့် ဗီတာမင်အေဘီစီတို့ပါဝင်ပါသည်။ မြန်မာဟင်းများတွင်သာမက မုန့်ဟင်းခါး၊ အသုပ်စုံတို့တွင်လည်း တွဲဖက်စားသောက်ကြသည်။ နံနံပင်အစေ့ကိုမစိုက်ခင် ရေတွင် (၂၄) နာရီကြာအောင်စိမ်ပြီးလျှင် ဆယ်၍စစ်ထားရသည်။ ရေမစိမ်မီ ဂုံနီအိတ်ပေါ်တွင်တင်၍ ပုလင်းဖြင့် နှစ်ခြမ်းကွဲသွားစေရန်အတွက် လှိမ့်ပေးရန်လိုအပ်ပါသည်။ စိုက်ပြီး (၇) ရက်/ (၁၀) ရက်အတွင်း အပင်ပေါက်လာပြီး (၄၅) ရက်အကြာမှစ၍ နုတ်ယူစားသုံးခြင်းနှင့် ရောင်းချခြင်းများပြ

27 Nov 2024

        မကွေးတိုင်းဒေသကြီးသည် နှမ်း၊ မြေပဲ၊ ဝါ၊ နေကြာနှင့် ပဲမျိုးစုံတို့ကို အဓိကစိုက်ပျိုးသည့် ဒေသတစ်ခုဖြစ်ပြီး မကွေးမြို့ပေါ်ရှိ သီးနှံပွဲရုံများတွင် မကွေးခရိုင်နှင့် မင်းဘူးခရိုင်အတွင်းမှထွက်ရှိသည့်နှမ်းများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

27 Nov 2024

         မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီတို့ကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသော်လည်း ထွက်ပေါ်ချိန်မဟုတ်သည့်အတွက်  မကွေးမြို့ပေါ်ဈေးကွက်သို့ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များမှထွက်ရှိသည့် ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများဝင်ရောက်လျက်ရှိကြောင်း၊ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများမှာ အဝင်နည်းသော်လည်း ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

27 Nov 2024

              ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ယခုတစ်ပတ်ပြောင်းသီးနှံမှာ တစ်ပိဿာလျှင် အမြင့်ဈေး(၁၄၀၀)ကျပ်ဖြင့် ဈေးကောင်းနေပြီး ပြောင်းများဝင်ရောက်မှုရှိသဖြင့် စီးဆင်းမှုမှာယခင်အပတ်ထက်ပို၍ကောင်းလာပါသည်။ ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး၁ -၁၁၅၀၀၊ ထူး၂ ၁၂၅၀၀၊ ထူး၃ -၁၃၅၀၀၊ ထူး၄ -၁၄၅၀၀၊ ထူး၅- ၁၅၀၀၀ ၊ ထူးလွန်-၁၆၀၀၀နှင့်ဥတစ်လုံးမှာ ၂၅၀၀၀ကျပ် ဈေးပေါက်နေကြပြီး အဝင်နည်း၊ လက်ကျန်နည်းသော်လည်း ဈေးကွက်အသုံးများသဖြင့် အမြင့်ဈေးဖြင့်ငြိမ်နေပြီး စီးဆင်းမှုမှာပုံမှန်ဖြစ်နေပါသည်။

27 Nov 2024

        မကွေးတိုင်းဒေသကြီး၊ မကွေးဈေးကွက်၌ မကွေးခရိုင်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများမှထွက်ရှိသည့် ပဲတီစိမ်း၊ စားတော်ပဲ၊ ပဲလွန်း စသည့်သီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

Pages