ကုန်သွယ်မှုသတင်းများ
မြန်မာလူမျိုးတို့ နှစ်ခြိုက်စွာစားသုံးကြသည့် အစားအစာများတွင် ငါးပိသည်လည်း တစ်ခုအပါအဝင်ဖြစ်ပေသည်။ ငါးပိတွင် ရေချိုငါးပိနှင့် မျှင်ငါးပိဟူ၍နှစ်မျိုးရှိပါသည်။ ထားဝယ်ဒေသတွင် မျှင်ငါးပိကို စိမ်းစားငါးပိဟုလည်းခေါ်သည်။ မျှင်ငါးပိကို မျှင်ကောင်(ပုစွန်ငယ်တစ်မျိုးဖြင့်) ပြုလုပ်ရ၍ မျှင်ငါးပိဟုခေါ်ဆိုကြသည်။ မျှင်ငါးပိ (ပုစွန်ငါးပိ)၏ အခြေခံကုန်ကြမ်းမှာ စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ကမ်းခြေအနီးတွင် ဝင်ရောက်ကျက်စားလေ့ရှိသော မျှင်ကောင်လေးများဖြစ်ပါသည်။ မျှင်ကောင်မှရသောဥကို “ဂွေးဥ”ဟုလည

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် လက်ရှိနိုဝင်ဘာလ၊ တတိယအပတ်အတွင်း အခြေခံစားသောက်ကုန်စျေးနှုန်းအများစုမှာ တည်ငြိမ်လျက်ရှိပြီး ဝက်သားစျေးနှုန်းသည် နိုဝင်ဘာလ၊ ဒုတိယအပတ်အတွင်း ၂၈၀၀၀ကျပ်မှ ယခုတတိယအပတ်အတွင်း ၃၃၀၀၀ကျပ်အထိမြင့်တက်လာခဲ့ပါသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ မိုင်းခွန်၊ တောင်ပေါ်(၅)အုပ်စု မိုင်းလပ်၊ လွယ်မွေ၊ ပန်ဝိုင်၊ မိုင်းခွန်၊ ကတ်ထိုက် အုပ်စုတို့တွင် မိုးသီးနှံဒေသထွက်ကုန်တစ်မျိုးဖြစ်သော မိုးအစေ့ထုတ်ပြောင်းကို နှစ်စဉ် တောင်ကုန်းတောင်စောင်းများ၌ အများဆုံးစိုက်ပျိုးကြပါသည်။ ကျိုင်းတုံမြို့နယ်အတွင်း၌ စိုက်ပျိုးခဲ့သည့်မိုးအစေ့ထုတ်ပြောင်း ခန့်မှန်းဧက(၄၁၆၉)ဧကစိုက်ပျိုးကြသည်ကို တောင်သူဦးကြီးများထံမှ စုံစမ်းသိရှိရပါသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးစပါးစိုက်ဧက (၄၇၇၀၂) စိုက်ပျိုးပြီးဖြစ်၍ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယအပတ်ထိ (၃၄၂၁၀)ဧက ရိတ်သိမ်းပြီးစီးကြောင်းသိရသည်။ မိုးစပါးတစ်ဧကအထွက်နှုန်း(၈၂) တင်းကျော်ထွက်ရှိပြီး စိုက်ပျိုးသောစပါးမျိုးကွဲများမှာ ဆင်းဧကရီ-၃၊ ရွှေရင်အေး၊ ဒေသမျိုးနှင့် ဆင်းရွှေဝါမျိုးတို့ စိုက်ပျိုးလျက်ရှိရာ ဆင်းဧကရီ-၃ စပါးမျိုးများကို အများဆုံးစိုက်ပျိုးကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်တွင် ငရုတ်အစို၊ ငရုတ်ခြောက် စိုက်ပျိုးလျက်ရှိသည်။ ညောင်တုန်းမြို့နယ်တွင် ငရုတ်စိုက်ဧက (၄၅)ဧကရှိကြောင်း သိရသည်။ ငရုတ်စိုက်ပျိုးထုတ်လုပ် အရောင်းအဝယ်လုပ်ကိုင်သူ လုပ်ငန်းရှင် တစ်ဦးအား ၂၀.၁၁.၂၀၂၄ ရက်နေ့က မေးမြန်းရာ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း ငရုတ်သီးခြောက် ပိဿာချိန် ၈၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ပြောပြသည်။ ညောင်တုန်းမြို့နယ်မှ ငရုတ်ခြောက်များကို စက်တင်ဘာလအတွင်း ငရုတ်သီးခြောက်ပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင
