ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် မိမိတို့ ဒေသထွက်အာလူးနှင့် ရှမ်းပြည်နယ်ဒေသမှ ထွက်ရှိသောအာလူးများ ရောင်းဝယ်ဖောက်ကား လျက်ရှိပါသည်။ ပခုက္ကူမြို့နယ်တွင် ကမ္မ၊ မြစ်ခြေ၊ ပေါက်နှင့် ရေပြာနယ်များတွင် အာလူးများကို အဓိကစိုက်ပျိုးကြပါသည်။ ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ရှမ်းပြည်နယ် ဒေသမှထွက်ရှိသော ရှမ်းအာလူးများ၊ ရှမ်းတရုတ်အာလူးများ ဝင်ရောက်အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေပြု၍ နှစ်စဉ်စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ခဲ့ရာ စိုက်ပျိုးရေးအနေဖြင့် ဆန်စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံနှင့် ကြက်သွန်နီအပါအဝင် ကုန်စိမ်းသီးနှံမျိုးစုံနှင့် ဥယျာဉ်ခြံမြေများတွင် ရာသီပေါ် ပန်းမျိုးစုံစိုက်ပျိုးခြင်းဖြင့် ဒေသစီးပွားဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဟင်္သာတခရိုင်သည် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရာ ခရိုင်ကြီးတစ်ခုဖြစ်ပြီး ပြည်တွင်းစားသုံးရန်နှင့် ပြည်ပသို့တင်ပို့ရန် နှစ်စဉ်ပဲမျိုးစုံစိုက်ဧက ၉သိန်းကျော်စိုက်ပျိုးလျက်ရှိရာ ပြည်ပပို့ကုန်မတ်ပဲမှာ အဓိကနိုင်ငံခြားဝင်ငွေရှာဖွေပေးလျက်ရှိပြီး မတ်ပဲဈေးနှုန်းမှာ စက်တင်ဘာလ နောက်ဆုံးပတ်တွင် အနိမ့်ဈေး ၁တန်လျှင် ကျပ်၃၉သိန်းခန့်အပြင် အမြင့်ဈေး ၁တန်လျှင် ကျပ်၄၀သိန်းခန့်ရှိပြီး စက်တင်ဘာလ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ တန်ချိန် ၂၇၅ တင်ပို့နိုင်ကြောင်းသိရ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် ဆီထွက်သီးနှံမြေပဲများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ယောနယ်ဒေသများနှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာများမှထွက်ရှိသော မိုးမြေပဲ(အသစ်)များ ပခုက္ကူဈေးကွက်သို့ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခု ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် ဆီထွက်သီးနှံ မြေပဲအတောင့်နှင့်အဆံများ ဈေးအနည်းငယ်မြင့်တက်ပြီး အ

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဒေသတစ်ခု၊ ထုတ်ကုန်တစ်မျိုးဖြစ်သည့် MSMEs ဖိနပ်လုပ်ငန်းလုပ်ကိုင်သော လှေကြီးတက်ကျေးရွာရှိ ဦးကြည်ဝင်း၏ ဖိနပ်လုပ်ငန်းအခြေအနေအား စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်ကွင်းဆင်းမေးမြန်းခဲ့ရာ ဖိနပ်သည် ဖိုင်မာ၊ ကတ္တီပါ၊ ဦးလျှာ၊ သဲကြိုး၊ ဇင်ဖျင်၊ သရေစိမ်း၊ ကွန်ပေါင်း၊ ဒေါင့်ဆို၊ လည်သာ စသည့် ကုန်ကြမ်းပစ္စည်းများကို ရန်ကုန်မှဝယ်ယူရပါသည်။
