မလေးရှားနိုင်ငံသို့ အဓိကအသားတင်ပို့မှု ဆက်လက်ဆောင်ရွက်လျက်ရှိသည့် ပါကစ္စတန်နိုင်ငံ

Powered by Drupal

         မလေးရှားနိုင်ငံသို့ အသားတင်ပို့မှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ကော်မတီ၏ အဆင့်မြင့်အစည်းအဝေးတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးကို ဝန်ကြီးချုပ်အထူးလက်ထောက်ဆိုသူ (SAPM) Haroon Akhtar Khan နှင့် စီးပွားရေးရာပြည်ထောင်စုဝန်ကြီး Jam Kamal Khan တို့က ပူးတွဲဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ အစည်းအဝေးတွင် ပြည်သူလူထုနှင့် ပုဂ္ဂလိကမှ ရှယ်ယာကိုင်ဆောင်သူများကို အချက်အခဲများ ပြန်လည်သုံးသပ်ရန်၊ လမ်းညွှန်မှုများပေးရန်နှင့် မလေးရှားနိုင်ငံသို့ အသားတင်ပို့မည့် မြှင့်တင်နိုင်မည့် ပါကစ္စတန်နိုင်ငံ အနာဂတ်လမ်းကြောင်းများကို ဖန်တီးနိုင်ရန်အတွက် ခေါ်ယူဆွေးနွေးခဲ့ကြောင်း သိရပါသည်။ အဆိုပါ အစည်းအဝေးတွင် ကော်မတီက မလေးရှားနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂၀၀ သန်းခန့်တန်ကြေးရှိသော အသားများတင်ပို့နိုင်ရန် အဆိုပြုခဲ့ကြောင်းသိရပါသည်။ ဝန်ကြီး Jam Kamal Khan ကလည်း ပို့ဆောင်မှုမြန်ဆန်ချောမွေ့ အဆင်ပြေစေရန်အတွက် ပုဂ္ဂလိကပို့ကုန် လုပ်ငန်းရှင်များနှင့် အတူ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုပုံစံတစ်ခု ဖန်တီးသွားမည်ဖြစ်ကြောင်း အထူးအလေးပေး ပြောကြားခဲ့ပါသည်။ ထို့အပြင် ၎င်းက ပါကစ္စတန်နိုင်ငံ၏ စီးပွာရေးနယ်ပယ်များ ကိုချဲ့ထွင်ရန် လိုအပ်ကြောင်းနှင့် FMD ကာကွယ်ဆေးဓာတ်ခွဲခန်းတည်ဆောက်ရန်နှင့် တင်ပို့ကုန်လုပ်ငန်းရှင် များအတွက် ပစ်မှတ်ထား သောမက်လုံများ မိတ်ဆက်ရန်အတွက် အထူးအလေးထားပြောကြားခဲ့ပါသည်။ SAPM Haroon Akhtar Khan ကလည်း ပြည့်စုံသောတင်ပို့မှုနည်းဗျူဟာကို ဝန်ကြီးချုပ်လမ်းညွှန်ချက်နှင့်အညီ ရေးဆွဲနေကြောင်း ပြန်လည်အတည်ပြုခဲ့ပါသည်။ ထို့အပြင် ၎င်းက ပါကစ္စတန်နိုင်ငံသည် အရိုးမပါသော အသားတင်ပို့မှုအတွက် ကမ္ဘာလုံးဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရန် ပြင်ဆင်နေကြောင်း ပြောကြားခဲ့ပါသည်။ Haroon က အပြည်ပြည်ဆိုင်ရာဈေးကွက်များတွင် ပါကစ္စတန်နိုင်ငံ၏ ယှဉ်ပြိုင်မှုများ အဆင့်မြှင့်တင်ရန်အတွက် တင်သွင်းထုတ်လုပ်မှုယန္တရားများ၊ အအေးခဲအဆောက်အဦးများနှင့် ထုတ်ပိုးမှုစနစ်များ တိုးတက်အောင်ပြုလုပ်ခြင်းသည် အရေးပါကြောင်း အထူးအလေးထားပြောကြားခဲ့ပါသည်။ အစည်းအဝေးအဆုံးသတ်တွင် Jam Kamal Khan က အသစ်ဖန်တီးထားသော စီးပွားရေးပုံစံတစ်ခုကို ဝန်ကြီးချုပ်အား တင်ပြသွားမည်ဟု နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရပါသည်။

Source: Brecorder.com                                                              

DOCA (ရန်ကုန်)