ကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်အတွင်းရှိ စားဖိုချောင်သီးနှံအုပ်စုတွင်ပါဝင်သော ကြက်သွန်ဖြူနှင့်အာလူးမှာ ရှမ်းပြည်နယ် တောင်ကြီးဘက်မှ အဝင်ရှိပြီး တစ်ခါဝင်လျှင် သီးနှံ(၂)မျိုးပေါင်း အိတ်၃၀၀ခန့်အဝင်ရှိပြီး တစ်အိတ်လျှင် ပိဿာ၃၀ဝင်ဆံ့ကြောင်းသိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် အရွယ်အစားပေါ်မူတည်၍ ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိဈေးရှိပြီး အာလူးသီးနှံအနေဖြင့် အရွယ်အစားနှင့် အရည်အသွေးကိုလိုက်၍ တစ်ပိဿာလျှင် (၆၅၀၀-၆၈၀၀-၇၀၀၀)ကျပ်ဈေးအထိရှိပါသည်။ ကြက်သွန်ဖြူ၊ အာလူးသီးနှံများအနေဖြင့် မ

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အနေဖြင့် ယခုနှစ်တွင် မိုးနှမ်းစိုက်ပျိုးဧက ၃၂၂၆ဧကစိုက်ပျိုးခဲ့ပါသည်။ ဝါးတောကျေးရွာအုပ်စု၊ ဖားအိုင့်ကျေးရွာတွင် မိုးနှမ်းစိုက်ပျိုးဧက (၁၇)ဧကစိုက်ထားကြောင်းသိရှိရ၍ ကုန်ကျစရိတ်နှင့် အထွက်နှုန်း၊ ဈေးကွက်အခြေအနေများကိုသိရှိနိုင်ရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။ မိုးနှမ်းကို ဇွန်လဆန်းတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် ရိတ်သိမ်းကြပါသည်။ စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် (၄)သိန်းကျပ်ခန့်ကုန်ကျပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၀)တင်း

ထန်းသီးမှထွက်လာသော အစို့ကို ထန်းမြစ်(ထန်းပင်မြစ်)ကို မီးဖုတ်၍လည်းကောင်း၊ ပြုတ်၍လည်းကောင်း၊ ကြော်၍လည်းကောင်း စားသုံးလေ့ရှိကြပါသည်။ ပြည်မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ ပုတီးကုန်း၊ ပေါင်းတလည်ကျေးရွာများတွင် ၎င်းကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး ပြည်မြို့၊ စည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများသို့ တင်ပို့ရောင်းချကြောင်းသိရပါသည်။ အဆိုပါ ထန်းမြစ်စိုက်ပျိုးရန်အတွက် ထန်းသီးအစေ့ရင့်များကို ဝါဆိုလနှင့် ဝါခေါင်လတို့တွင် မြေကျင်းများတူး၍ မြှပ်ပြီး စိုက်ပျိုးကာ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ယခုတန်ဆောင်မုန်းကာလ တန်ဆောင်မုန်းပဲသီးများကို ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ တန်ဆောင်မုန်းပဲကို ဝါခေါင်လမှစတင်၍ စိုက်ပျိုးပြီး (၄)လအကြာ တန်ဆောင်မုန်းလတွင် အသီးများကို စတင်ခူးဆွတ်ရောင်းချကြပါသည်။ တန်ဆောင်မုန်းပဲသီးများကို မှော်ဇာ၊ တွင်းမြည်း၊ တောင်လုံးညို၊ ဇီးအုပ်၊ ပေါက်တော၊ မြောင်းငယ်လှ၊ ပေါက်ခေါင်းစသောဒေသများတွင် အဓိကထားစိုက်ပျိုးလျက်ရှိသည်။ ယခင်နှစ်ဈေးနှုန်းအနေဖြင့် တန်ဆောင်မုန်းပဲသီး (၈)တောင့်တစ်စည်းလ

ယာကွန်ဥကို ဆေးဖက်ဝင်သည့်အပင် Superfood ဟုခေါ်ကြပါသည်။ Diet Potato ဟုလည်းခေါ်ကြ၍ ဝိတ်ကျစေရန်အတွက် အထောက်အကူပြုပါသည်။ ယာကွန်ဥ၏အရသာမှာပန်းသစ်တော်သီးကဲ့သို့ အရည်ရွှမ်းရွှမ်း၊ စိမ်းစားဥကဲ့သို့ ခပ်စပ်စပ်အရသာရှိပါသည်။ မြေကြီးထဲမှ ပန်းသီးဟုလည်းတင်စားကြ၍ ပန်းသီးသည် ဈေးကြီးသည့်အတွက် ပန်းသီးအစားထိုး ရောင်းချကြပါသည်။ ယာကွန်ဥတစ်လုံးစားပြီး ရေတစ်ခွက်အဝသောက်လျှင် ဟာနေသည့်ဝမ်းကို ပြည့်စေ၍ ပူနေသော ရင်ကိုလည်းအေးစေပါသည်။ ခန္ဓာကိုယ်အတွင်း ရေဓာတ်ခမ်းခြောက် မှုများဖြည့်စည
