ကုန်သွယ်မှုသတင်းများ

Powered by Drupal
07 Nov 2024

     ၂၀၂၄ ခုနှစ် ၊နိုဝင်ဘာလ ၅ ရက် နံနက်(၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့ အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

07 Nov 2024

       ထိုင်းနိုင်ငံစီးပွားရေးနှင့်ကူးသန်းဝန်ကြီးဌာနက စားသုံးဆီပြုပြင်ထုတ်လုပ်သူများအား ထုတ်လုပ်မှုကုန်ကျစရိတ်များကိုသက်ရောက်သည့် အကြောင်းရင်းများမရှိသောကြောင့် ဈေးနှုန်းများမြှင့်တင်ခြင်းမပြုရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ပဲပိစပ်ဆီထုတ်လုပ်သူများက ပဲပိစပ်ဆီပုလင်းဈေးနှုန်းကို မြှင့်တင်ရန်စီစဉ်နေကြောင်း သတင်းများထွက်ပေါပြီးနောက်တွင် ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Goranij Nonejuie က ဌာနသည် ထုတ်လုပ်မှုကုန်ကျစရိတ်ကို မြင့်တက်စေသည့်အကြောင်းများမရှ

07 Nov 2024

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်း ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြကြောင်း၊ ယခုအခါ ပဲတီစိမ်းသီးနှံများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး နိုဝင်ဘာလဒုတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုး တစ်တင်းလျှင် (၇၈၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၈၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းမှာ အလုံ

07 Nov 2024

    မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံ တစ်ခုဖြစ်သည့် အစေ့ထုတ်ပြောင်းများ ဈေးကွက်အတွင်းဝင်ရောက်လျက်ရှိကြောင်း သိရသည်။

07 Nov 2024

          ပို့ဆောင်ရေးဝန်ကြီးဌာနသည် ၂၀၃၀ခုနှစ်တွင် ကားများ၏ ၃၀% နှင့် မော်တော်ဆိုင်ကယ် ၂၂% ကို လျှပ်စစ်အသုံပြုယာဉ်များဖြစ်လာစေရန် ရည်မှန်းထားကြောင်းသိရသည်။ ၎င်းသည် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ၅.၉% ကိုလျှော့ချရန်ဟူသော ရည်မှန်းချက်ပြည့်မှီစေရန်အတွက် ဖြေရှင်းချက်တစ်ခုပင်ဖြစ်သည်။ လျှပ်စစ်ကားများ (EVs) အတွက် အဆင့်မြင့်ထားသော စည်းမျဉ်းများပါရှိသော မော်တော်ကားများအတွက် အမျိုးသားနည်းပညာဆိုင်ရာစံချိန်စံညွှန်းများကိုပြင်ဆင်ရန် ပြန်လည်သုံးသပ်ခြင်းများကိုလည

Pages