
မြင်းခြံမြို့သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိ၍ ဥယျာဉ်ခြံမြေလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ဓါးကျွန်းကျေးရွာ၊ တလုပ်ကျေးရွာနှင့် ဆင်ချောင်းကျေးရွာတို့တွင် မိသားစုတစ်နိုင် တစ်ပိုင် စားဝတ်နေရေးအတွက် ဟင်းခက်အမွှေးအကြိုင်အဖြစ်အသုံးပြုသော တရုတ်နံနံများစိုက်ပျိုး ထားကြောင်းသိရှိရသည်။ စိုက်ခင်းများမှထွက်ရှိသော တရုတ်နံနံများကို အေးမြသီတာဈေးသို့ တောင် သူများကိုယ်တိုင် လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ် မြင်းခြံမြို့ အေးမြသီတာဈေး၊ စံပြဈေးတို့ တွင် နိုဝင်ဘာလဒုတိယပတ် ရောင်းချနေသော တရုတ်နံနံတစ်စီးလျှင် (၃၀၀)ကျပ်၊သုံးစီးလျှင် (၅၀၀) ကျပ် ဈေးများဖြင့်ရောင်းချလျက်ရှိကြောင်း ဟင်းခက်အမွှေးအကြိုင် ဖြစ်သောကြောင့်စားသုံးမှုများပြီး စားသောက်ဆိုင်များမှ ဝယ်ယူမှုများပြားကြောင်း တောင်သူ၏ပြောပြချက်အရသိရှိရသည်။ ကျန်းမာ ရေးအကျိုးအကျေးဇူးအနေဖြင့် တရုတ်နံနံကိုစားသုံးခြင်းဖြင့် သွေးတိုးကျခြင်း၊ ခေါင်းကိုက်သက်သာ ခြင်း၊ စိတ်လှုပ်ရှားမှု ကိုလျော့ချပေးခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေးကိုအထောက်အကူ ပြုသော ကြောင်းသိရှိရသည်။
DOCA(မန္တလေး)
