ကုန်သွယ်မှုသတင်းများ

Powered by Drupal
06 Nov 2024

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။

06 Nov 2024

         ယခုအောက်တိုဘာလ လကုန်ပတ်တွင် ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ် တောင်ကြီးဘက်မှ တစ်ဖာလျှင် (၆)ပိဿာဝင်ဆံ့သည့် (၁၀)ဖာကို ၅ရက်ခြားတစ်ကြိမ်ဝင်ရောက်မှုရှိကြောင်း သိရပါသည်။ ယခုမိုးကုန်ခါနီးတွင် ဟင်းသီးဟင်းရွက်အနည်းငယ်ရှားပါးသဖြင့် ပြည်ဈေးကွက်သို့ မုန့်ညှင်းဖြူအဝင်ရှိသလောက် အရောင်းအဝယ်သွက်နေကြောင်းသိရပါသည်။ ဖောက်သည်ဈေးမှာ တစ်ပိဿာလျှင် ကျပ်(၁၅၀၀)နှုန်းဖြင့်ဝယ်ယူရသဖြင့် ပြည်မြို့ပေါ်ရှိဈေးများတွင် လက်လီ (၁၀)ကျပ်သားလျှင် ကျပ်(၁၈၀၀/၂၀၀၀)နှုန်းဖြင့် အသီးသီးရောင်းဝယ်မှုရှိနေကြသည်။

06 Nov 2024

      ပြည်ခရိုင်တွင် မိုးစပါးများစတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ ပြည်ခရိုင်တွင် မိုးစပါးစုစုပေါင်းစိုက်ဧက (၂၂၆၄၉) ဧကရှိပါသည်။ ယခင်နှစ်မိုးစပါးပေါ်စအချိန်တွင် (၄၆)ပေါင်ပါ တင်း (၁၀၀)လျှင် (၁၆၅၀၀၀၀)ကျပ်ရှိခဲ့ပြီး ယခုနှစ် စပါးပေါ်စအချိန်တွင် (၁၅၅၀၀၀)ကျပ်ဈေးရှိပြီး အစို(၂၀%) ရှိပါသည်။ ယခင်နှစ်တွင် စပါးအထွက်နှုန်း (၈၉.၇၅)ရှိခဲ့ပြီး တောင်သူများ တစ်ဧကလျှင် ကုန်ကျစာရိတ် ကျပ်(၈၀၀၀၀၀)‌ကျော်ကုန်ကျပါသည်။ ယခင်နှစ်စပါးဈေးမှာ တင်း(၁၀၀)လျှင် (၁၆၅၀၀၀၀)ကျပ်ရှိသည့်အတွက် တစ်ဧကလျှင် ကျပ်(၁၄၀၀၀၀၀)သိန

06 Nov 2024

         ရေဥကို ရွှေတောင်ဒေသတွင်သာမက ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများ၌ ရေသန့်သော ကန်များရှိသော နေရာတိုင်းနီးပါးတွင် ရရှိနိုင်ပါသည်။ ရေဥကို ဈေးများတွင်ရောင်းချသဖြင့် လူအများဝယ်ယူစားသုံးကြပါသည်။ လူတချို့မှာ စားဖူး၍ ကြိုက်နှစ်သက်ကြပြီး လူတချို့မှာ မစားဖူး၍ ဝယ်ယူစားသုံးမှုမရှိကြပါ။ ဈေးကွက်တွင်ရောင်းချသော ရေဥဈေးနှုန်းများအနေဖြင့် နိုဆီဘူးတစ်ဘူးလျှင် ၂၅၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ရေဥအား ချက်ပြုတ်စားသောက်ရာတွင် ပထမဦးစွာ ရေဥများကို ရေထဲတွင်ထည့်ပြီး ရေစစ်စကာဖြင့်ဆယ်ယူကာ အချ

06 Nov 2024

        ပြည်ဈေးကွက်အတွင်း ရှမ်းပြည်နယ်တောင်ကြီးဘက်မှအဝင်ရှိနေသော မုန်လာဥနီများ (၅)ရက်ခြားလျှင် တစ်ကြိမ်အဝင်ရှိကာ ၁ဖာလျှင် (၆)ပိဿာဝင်ဆံ့သည့် (၅)ဖာခန့်အဝင်ရှိနေ သည်။ ယခုအောက်တိုဘာလ နောက်ဆုံးပတ်တွင် မုန်လာဥနီ (၁၀)ကျပ်သားလျှင် ကျပ် ၁၄၀၀/ ၁၅၀၀ နှုန်းရှိပြီး  ယခင်ဈေးမှာ ကျပ်(၅၀၀-၆၀၀)ခန့်သာရှိသဖြင့် ဈေးနှုန်းမှာ (၃)ဆခန့်မြင့် တက်သွားပြီး အရောင်းအဝယ်မှာ ဝင်ရောက်မှု၏ ထက်ဝက်ခန့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိနေကြောင်းသိရပါသည်။

DOCA(ပဲခူး)

Pages