နွားထိုးကြီးမြို့နယ်၏ ၂၀၂၅/၂၀၂၆ ကြက်သွန်နီ(မိုး)စိုက်ပျိုးထားရှိမှု

Powered by Drupal

  နွားထိုးကြီးမြို့နယ်တွင် မိုးကြက်သွန်နီကို ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုး ပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅/၂၀၂၆ခုနှစ်တွင် ကြက်သွန်နီ(မိုး)စိုက်ပျိုးထားရှိမှုမှာ (၁၃၉၇)ဧက စိုက်ပျိုး ထားရှိပြီး၊ ယခင်နှစ်စိုက်ဧကထက် ယခုနှစ်တွင် (၉၀၀) ဧကခန့်ပိုမိုစိုက်ပျိုးထားကြောင်း၊ အစိုဓာတ်ရှိသော မြေအမျိုးအစားတွင် စိုက်ပျိုးဖြစ်ထွန်းကြောင်း၊ ပျိုးထောင်၍စိုက်ပျိုးကြောင်း၊ ပျိုးပင်သက် (၄၅-၅၀)ရက်သားတွင် စိုက်ခင်းသို့ရွှေ့ပြောင်း စိုက်ပျိုးကြောင်း၊ ပင်ကြား၊ တန်းကြား(၃လက်မ) အကွာအဝေးဖြင့် စိုက်ပျိုးကြောင်း၊ ယခင်နှစ် ကြက်သွန်နီ(မိုး) တစ်ဧက အထွက်နှုန်းအနေဖြင့် (၁၉၀၀) ပိဿာခန့်ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန်တွင် ကြက်သွန်နီမိုးတစ်ပိဿာလျှင် (၈၀၀-၂၀၀၀) ကျပ်ခန့် ပေါက်ဈေးများ ရှိခဲ့ကြောင်း၊ ကြက်သွန်နီ (မိုး)သည်  ကြက်သွန်နီ(ဆောင်း) သီးနှံကုန်ဆုံးချိန်တွင် သုံးစွဲရန်အတွက် အစားထိုးစိုက်ပျိုးသော သီးနှံဖြစ်ကြောင်း၊ ယခုနှစ် ကြက်သွန်နီ(မိုး)သီးနှံများ စိုက်ပျိုးချိန်တွင် မိုးများသောကြောင့် စိုက်ခင်းတွင်နောက်ကျ၍ စိုက်ပျိုးရကြောင်း၊ မြေအမျိုးအစား၊ စိုက်ပျိုးသည့် နည်းစနစ်၊ သွင်းအားစုနှင့် အပင်ပြုစုမှု ကောင်းမွန်ပါက ယခင်နှစ်ထက် အထွက်နှုန်းကောင်းနိုင် မည်ဖြစ်ကြောင်း ကြက်သွန်စိုက် တောင်သူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)