ပဲနီပြားပင်ဖောက်ဈေးနှုန်းဈေးကွက်

Powered by Drupal

    မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် မိသားစုတစ်နိုင်တစ်ပိုင်စားဝတ်နေရေးအတွက် ပဲနီပြားပင်ဖောက် လုပ်ငန်းများလုပ်ကိုင်ကြကြောင်း၊ ပဲပင်ဖောက်ရာတွင် ပဲများကိုတစ်ည ရေစိမ်ရကြောင်း၊ ထို့နောက် ပဲခင်းကို အလျား ၅ ပေအရှည်၊ အနံ ၂ ပေခန့်၊ အနက် ၇ လက်မခန့်တူး ထားသော ကျင်းထဲသို့ သဲများထည့်ရကြောင်း၊ အဆိုပါကျင်းထဲသို့ ပဲစေ့များထည့်ပြီး သဲများဖြင့်ဖုံး အုပ်၍ ပဲစေ့ကိုအညှောင့်ဖောက် ရကြောင်း၊ ပဲခင်းကို နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ရေလောင်းပေး ရကြောင်း၊ (၄-၅) ရက်ခန့်ကြာသော် ပဲစေ့များ အညှောင့်ထွက်လာကြောင်း၊ သဲခင်းထဲတွင်ပျိုးထားသော ပဲပင်ဖောက်များကို တူးဖော်ကာ ပဲပင်ဖောက်များရရှိကြောင်း၊ ပဲခင်းများမှထွက်ရှိသော ပဲပင် ဖောက်များကို ဈေးကွက်သို့ လက်လီ၊ လက်ကားရောင်းချရကြောင်း၊ ၂၀၂၅ ခုနှစ် ၊မြင်းခြံမြို့ အေးမြသီ တာဈေး၊ စံပြဈေးတို့တွင် နိုဝင်ဘာလဒုတိယပတ်တွင် ပဲပင်ဖောက် နို့ဆီတစ်ဗူးလျှင်(၇၀၀)ကျပ်၊ နို့ဆီ သုံးဗူးလျှင် (၂၀၀၀) ကျပ်ပေါက်ဈေးများရှိကြောင်း၊ ရောင်းချမှုအနေဖြင့် နေ့စဉ် (၁၀-၁၂) ပြည်ခန့် ရောင်းချရကြောင်း၊ ဒေသတွင်းစားသုံးမှုများ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပဲပင်ဖောက်ရောင်း ချသူ၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)