ကုန်သွယ်မှုသတင်းများ
နီပေါသည် လက်ရှိ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၏ ၈ လတာ ကာလအတွင်း လျှပ်စစ်ကား ၁၉.၆ ရာခိုင်နှုန်း ပိုမိုတင်သွင်းခဲ့ကြောင်း အစိုးရ၏ နောက်ဆုံးစာရင်းများအရ သိရသည်။
နီပေါနိုင်ငံသို့ ၂၀၂၄ ခုနှစ် ဇူလိုင်လလယ်မှ ၂၀၂၅ ခုနှစ် မတ်လလယ်အထိ လျှပ်စစ်လေးဘီး တပ်ယာဉ် ၈၇၇၅ စီး တင်ပို့ခဲ့ပြီး ၂၀၂၃-၂၄ ခုနှစ်အလားတူကာလတွင် ၇၀၅၂ စီးရှိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်တွင်းထုတ် တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် သင်္ဘောများအတွက် ခိုင်မာသော ဝယ်လိုအားကြောင့် မတ်လ၏ ပထမရက် ၂၀ အတွင်း တောင်ကိုရီးယား၏ ပို့ကုန်သည် တစ်နှစ်ထက်တစ်နှစ် ၄.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အကောက်ခွန်ရုံး ဒေတာက သောကြာနေ့တွင် ဖော်ပြခဲ့သည်။ မတ် ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၅.၅၄ ဘီလီယံအထိ တိုးလာခဲ့ကြောင်း ကိုရီးယား အကောက်ခွန် ဝန်ဆောင်မှုဌာနထုတ်ပြန်ချက်အရ သိရသည်။ တစ်ပိုင်းလျှပ်ကူးပစ္စည်း တင်ပို့မှုသည် ၁၁.၆ ရာခိုင်နှုန်းမှ ၇.၀၇ ဘီလီယံဒ

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရအဖွဲ့က အမေရိကန်ကုန်သွယ်ဖက်များအပေါ် စည်းကြပ်ခွန်များ ချမှတ်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းများသည် စျေးနှုန်းကြီးမြင့်မှုအပေါ် သက်ရောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် အမေရိကန်စားသုံးသူများနှင့် အသေးစား စီးပွားရေး လုပ်ငန်းများ၏ အဆိုးမြင်မှုကို တိုးလာစေသည်။ ကိန်းဂဏန်းအချက်အလက်များအရ အမေရိကန် လက်လီကြက်ဥဈေးသည် မကြာသေးမီက ကျဆင်းခဲ့သော်လည်း ကွင်းစ်ရှိ ကုန်စုံဆိုင်များတွင် ကြက်ဥတစ်ဒါဇင်ခန့်သည် ၁၀ ဒေါ်လာခန့်ဖြစ်သည်။ ကြက်ဥဈေးနှုန်းများ မြ

အင်ဒိုနီးရှားနိုင်ငံစက်မှုဝန်ကြီး Faisol Riza က ပြည်တွင်းစက်မှုဇုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်း အားကောင်းခြင်းသည် သမ္မတ Prabowo Subianto ရည်မှန်းထားသည့် စီးပွားရေးကြီးထွားနှုန်း ၉ ရာခိုင်နှုန်း ရရှိရန် ပံ့ပိုးပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာန၏ မတ်လ ၁၉ ရက်နေ့ ကထုတ်ပြန်ချက်တွင် ရေနံနှင့် ဂတ်စ်မဟုတ်သည့် ကုန်ပစ္စည်းပြုပြင်ထုတ်လုပ်သည့်ကဏ္ဍသည် အင်ဒိုနီးရှားစီးပွားရေးတွင် ကျောရိုးအဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ် တွင် ကုန်ထုတ်လုပ်မှုကဏ္ဍသည် နိုင်

Hotayi Electronic သည် အလုပ်အကိုင်သစ် ၁၀၀၀ ဖန်တီးပေးနိုင်မည့် ပီနန်းပြည်နယ်ရှိ Smart စက်ရုံ တတိယအဆင့်တိုးချဲ့ရန်အတွက် ရင်းဂစ် သန်း ၅၀၀ သုံးစွဲသွားမည်ဟု သိရပါ သည်။ ထိုစက်ရုံသည် ကုမ္ပဏီ၏ Smart ကုန်ထုတ်လုပ်ခြင်းတွင် ဦးဆောင်မှုကို အားသစ်လောင်း ပေးနိုင်ရန် အဆင့်မြင့်အလိုအလျှောက်စက်အသုံးပြုမှုစနစ်၊ AI ဖြင့် အချက်အလက်စိစစ် လေ့လာ မှုနှင့် Internet of Things( IoT)လုပ်ငန်းစဉ်များအသုံးပြုရန် ဒီဇိုင်းဆွဲထားကြောင်း သိရပါသည်။ စက်ရုံ ပဏ္ဍပ်ချပွဲအခမ်းအနားတက်ရောက်ခဲ့သည့် ပီနန်းပ
