ကုန်သွယ်မှုသတင်းများ

Powered by Drupal
11 Mar 2026

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်၊ ခရမ်းမြို့နယ်ဘက်မှ ထွက်ရှိသော ဖရဲကျားသီးများ မအူပင်မြို့နယ် သစ်သီဝလံဈေးကွက်ထဲသို့ ဖေဖော်ဝါရီလတွင် စတင်ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။ ဝင်ရောက်သော ဖရဲမျိုးမှာ ဖရဲသီးနှံ ဖရဲ-855 မျိုးဖြစ်ပြီး  ဈေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။

10 Mar 2026

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၁၀-၃-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

09 Mar 2026

         တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ယခုကာလအတွင်း နှင်းသီးများ စတင်ထွက်ရှိ လာပြီး စျေးကွက်သို့ ဝင်ရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။ ဒေသတွင်း ကျေးရွာများမှ စုဆောင်းတင်ပို့လာကြသလို အခြားတိုင်း/ပြည်နယ်များမှလည်း တင်သွင်းမှုအနည်းငယ်ရှိကြောင်း သစ်သီးဆိုင်များထံမှ သိရှိရသည်။

09 Mar 2026

         တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် မန်ကျည်းသီးမှည့် ရာသီစတင်ဝင်ရောက်လာ ပြီဖြစ်ပြီး ဒေသမန်ကျည်းပင်များမှ ထွက်ရှိမှုအပြင် အခြားဒေသများမှလည်း တင်သွင်းဝင်ရောက် လာကြောင်း ထားဝယ်မြို့ပေါ်ရှိ စျေးသည်များထံမှ သိရှိရသည်။

Pages