ကျိုက်ထိုမြို့နယ်၏ ကွမ်းဈေးကွက်အခြေအနေ

Powered by Drupal

          လက်ရှိကာလ ကျိုက်ထိုမြို့နယ်၏ ကွမ်းဈေးကွက်အခြေအနေမှာ မိုးရာသီအကုန် လေပြင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှုများ၊ စိုက်ပျိုးစရိတ်နှင့် သယ်ယူစရိတ် မြင့်မားမှုများ ကြောင့် ကွမ်းရွက်အထွက်နှုန်းနှင့် ဈေးနှုန်းအပြောင်းအလဲများ ရှိနေပါသည်။

          ဇူလိုင်လသည် မိုးသည်းထန်စွာရွာသွန်းသည့် အချိန်ဖြစ်သဖြင့် ကွမ်းခြံအများစုတွင် ရေဝပ်ခြင်း၊ မှိုရောဂါ (ရွက်ပုပ်ရောဂါ) ကျရောက်ခြင်းများနှင့် အပင်ထိခိုက်မှုများရှိ၍ ကွမ်းရွက်အထွက်နှုန်း ပုံမှန်ထက် လျော့နည်းလေ့ရှိကာ အထွက်နှုန်း နည်းပါးသွားခြင်းနှင့် လမ်းခရီးသယ်ယူပို့ဆောင်စရိတ်များ မြင့်တက်နေခြင်းကြောင့် ဒေသတွင်း ဒိုင်ဈေးနှင့် လက်လီဈေးနှုန်းများ ရာသီအလိုက် အနည်းငယ်ဈေးတက်နေသည့် အခြေအနေတွင် ရှိသည် ဟုသတင်းရရှိပါသည်။

          ကျိုက်ထိုမြို့နယ်၏ ကွမ်းစိုက်တောင်သူများအနေဖြင့် ယခုကာလတွင် မိုးများသဖြင့် ကွမ်းရွက် ရွက်ပုပ်၊ အမြစ်ပုပ် ရောဂါများ ကျရောက်တတ်သဖြင့် ထိန်းသိမ်းစရိတ် ပိုမိုကုန် ကျခြင်း၊ ခရီးလမ်းကြောင်း အခြေအနေများနှင့် စက်သုံးဆီ/သယ်ယူစရိတ် မြင့်မားမှုများ ကြောင့် အခြားမြို့နယ်များသို့ တင်ပို့ရာတွင် ကုန်ကျစရိတ် ပိုမိုမြင့်မားခြင်း၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် စိုက်ပျိုးရေးသုံး ပစ္စည်းများ ဈေးနှုန်းမြင့်မားနေခြင်း စသည့် စိန်ခေါ်မှုများ နှင့်ရင်ဆိုင်နေရသည်ဟု သတင်းရရှိပါသည်။

          သယ်ယူတင်ပို့မှု အခြေအနေများအနေဖြင့် ကျိုက်ထိုမြို့နယ်ထွက် ကွမ်းရွက်များကို မွန်ပြည်နယ်အတွင်းရှိ သထုံ၊ မော်လမြိုင် မြို့နယ်များအပြင် အနီးပါးချင်း ရန်ကုန်နှင့် ပဲခူးတိုင်းဘက်သို့ ပုံမှန်တင်ပို့လျက်ရှိသော်လည်း မိုးရာသီ ခရီးလမ်းကြောင်းနှင့် အထွက်နှုူန်း ပမာဏပေါ်မူတည်၍ ကုန်စည်စီးဆင်းမှု ပမာဏ ပုံမှန်ထက် အနည်းငယ်အေးနေသည့် အခြေအနေတွင် ရှိကြောင်း သိရပါသည်။

DOCA (မွန်)