ကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Jul 2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးသို့ မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ရွာတော်၊ ပန်းတော်ပြင်၊ ညောင်ပင်သာ၊ မယ်ဇလီတော၊ ဥယျာဉ်နှင့် မြို့အရှေ့ ဘက်ကမ်းရှိ ကျွန်းရွာ၊ မြင်ကွန်းစသည့်ကျေးရွာများမှ ဟင်းသီးဟင်းရွက်များအပြင် သရက်မြို့၊ မကွေးမြို့၊ မင်းဘူးမြို့နှင့် တောင်တွင်းကြီးမြို့တို့မှ ဟင်းသီးဟင်းရွက်များ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဇွန်လ(တတိယပတ်)မှစ၍ ချဉ်ပေါင်ရွက်ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။
21 Jul 2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ဇူလိုင်လ ပထမပတ်တွင် ဖြစ်ပေါ် နေသော အခြေခံစားသောက်ကုန်များဖြစ်သော ဧည့်မထဆန်တစ်ပြည်လျှင် ၃၀၀၀/ကျပ်၊ ကြက်သွန် နီ (အကြီး) တစ်ပိဿာလျှင် ၂၀၀၀ကျပ်၊(အလတ်) ၁၅၀၀/ကျပ်၊(အသေး) ၁၂၀၀/ကျပ်၊ ကြက်သွန် ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၁၁၀၀၀/ကျပ်၊မြန်မာတစ်ပိဿာလျှင် ၇၀၀၀/ကျပ်၊ ဂျင်းတစ် ပိဿာ လျှင် ၅၅၀၀/ ကျပ်၊သကြားတစ်ပိဿာလျှင် ၅၅၀၀/ကျပ်၊ ကုလားပဲ တစ်ပိဿာ လျှင် ၆၆၀၀/ကျပ်၊ မြေပဲဆံတစ် ပိဿာလျှင် ၁၂၀၀၀/ကျပ်၊ငရုတ်သီး ခြောက်တစ်ပိဿာ လျှင် ၁၀၀၀၀/ ကျပ်၊အာလူး တစ်ပိဿာလျှင် ၄၀၀၀
21 Jul 2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ဇူလိုင်လ ပထမပတ်တွင် ဖြစ်ပေါ်နေသော မြို့မဈေးအတွင်း နေ့စဉ်လက်လီ ရောင်းဝယ်နေသော ကြက်ဥ/ဘဲဥ အရောင်း ဈေးနှုန်းများ မှာကြက်ဥ(အကြီး)တစ်လုံးလျှင် ၅၅၀/ကျပ်၊(အလတ်) ၄၄၀/ ကျပ်၊(အသေး) တစ်လုံးလျှင် (၄၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။
21 Jul 2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ရွာတောကျေးရွာအုပ်စု၊ ရွာတော ကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ပြီး ကြက်သွန်နီ၊ ဝါ၊ ကုလားပဲ၊ နေကြာ၊ နှမ်းနှင့် အခြား မီးဖိုချောင်သုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း၊ မိုးနှမ်းကို ၂၀၂၅ခုနှစ်၊ မေလ (စတုတ္ထပတ်) မှစတင်၍ တောင်သူ(၄၀)ဦးခန့်မှ စိုက်ဧက(၃၀၀)ဧကခန့် စိုက်ပျိုးထားကြောင်း သိရှိရသည်။
21 Jul 2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပဲဈေးကွက်အနေဖြင့် ဇူလိုင်လ ဒုတိယပတ်တွင် မတ်ပဲ (၂၀)ပိဿာတစ်တင်းကို (၉၅၀၀၀/)ကျပ်ရှိခဲ့ပြီး၊ ပဲယင်း(၂၀)ပိဿာ တစ်တင်းကို( ၇၇၀၀၀/)ကျပ်၊ ဘိုကိတ် တစ်ပြည်ကို(၇၀၀၀/)ကျပ်၊ပဲနီစေ့တစ်ပြည်လျှင် (၁၀၀၀၀/) ကျပ်၊ပဲဖြူလေးတစ်ပြည်ကို (၈၀၀၀/) ကျပ်၊ပဲထောပတ်တစ်ပြည်လျှင် (၁၀၀၀၀/)ကျပ်၊ ကုလားပဲတစ်ပြည်(၉၀၀၀/)ကျပ်၊စားတော်ပဲတစ်ပိဿာကို (၈၅၀၀/)ကျပ်ဖြင့် ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း ပဲကုန်သည် တစ်ဦး ထံမှသိရှိရပါသည်။ DOCA(ပဲခူး)

Pages