တောင်သာမြို့နယ်၏မိုးနှမ်းစိုက်ပျိုးထားရှိမှုအခြေအနေ

Powered by Drupal

             တောင်သာမြို့နယ်တွင် ပဲမျိုးစုံ၊ ထန်း၊ ကြက်သွန်နီးများစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ မိုးနှမ်းသီးနှံ ကိုလည်း စိုက်ပျိုးထားရှိကြောင်းသိရှိရသည်။ မိုးနှမ်းသီးနှံကို (မေလ-ဇွန်လ) တို့တွင်စိုက်ပျိုးပြီး၊ (နိုဝင်ဘာလ-ဒီဇင်ဘာလ)တို့တွင်ရိတ်သိမ်းပေါ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄) လခန့် ကြာမြင့်ကြောင်းသိရှိရသည်။

             ၂၀၂၆-၂၀၂၇ ခုနှစ်တွင် တောင်သာမြို့နယ်၌ မိုးနှမ်းစိုက်ဧက(၄၆၆၀၃)ဧက စိုက်ပျိုးထားရှိ ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ ယခုနှစ်တွင် ယခင်နှစ်ထက် စိုက်ဧက(၁၀၀) ဧကခန့်ပိုမိုစိုက်ပျိုးထားရှိကြောင်း သိရှိရသည်။ နှမ်းစိုက်ပျိုးရန်အတွက် မြေယာပြုပြင်ရာတွင် ထွန်ရေး ညက်ရန်လိုအပ်ကြောင်း၊ တောင်သူများလက်ရှိစိုက်ပျိုးနေသော နှမ်းမျိုးအများစုမှာ ဆင်းရတနာ မျိုးဖြစ်ပြီး နှမ်းပင်များကိုင်ဖြာသော မျိုးဖြစ်၍ နှမ်းစိုက်ရန် (၁၅) လက်မ အတန်းအကွာအဝေးဖြင့် စိုက်ပျိုးကြောင်း၊ မျိုးစေ့များ အပင်ပေါက်ကောင်းစေရန် ကြောင်းဆွဲရာတွင် မြေမနက်ရန်လိုကြောင်း၊ တစ်ဧကလျှင် မျိုးစေ့(၄)ပြည် စိုက်ပျိုးကြောင်း၊ ထွန်ကြောင်းဆွဲပြီး ကြဲပတ်စနစ်ဖြင့် မျိုးစေ့များ မြေကြီးထဲတွင် ကြောင်းတိမ်တိမ်ဆွဲ၍ မြေကြီးနှင့် ခပ်ပါးပါးဖုံးအုပ်ပြီး စိုက်ပျိုးပါက အထွက်တိုးခြင်းကို ဆွဲ၍ အထောက်အကူပြုကြောင်း သိရှိရသည်။ ယခင်နှစ် မိုးနှမ်းတစ်ဧကလျှင်(၅.၆) တင်းခန့်ထွက်ရှိ ကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်ထက်အထွက်နှုန်း ပိုမိုနိုင်မည်ဟု ခန့်မှန်းကြောင်း နှမ်းစိုက်တောင်သူ တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။ မျိုး၊ မြေ၊ စိုက်ပျိုးမှုစနစ်၊ သွင်းအားစု၊ ပြုစိုနိုင်မှုအပေါ် မူတည်၍ တစ်ဧကလျှင် (၆-၁၅) တင်းအထိထွက်ရှိနိုင်ကြောင်း၊ နှမ်းတစ်တင်း ဆီကြိတ်ပါက နှမ်းဆီ (၆) ပိဿာထွက်ရှိကြောင်း၊ ယခု ၂၀၂၆ ခုနှစ် ဇူလိုင်နောက်ဆုံးပတ်တွင်  နှမ်းညို ၁ ပိဿာလျှင် (၇၉၀၀ - ၈၁၀၀) ကျပ်ပေါက်ဈေးများရှိကြောင်း၊ ပွဲရုံများတွင်နေ့စဉ် အိတ် (၁၀၀-၁၅၀) ခန့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ တင်ပို့မှုအနေဖြင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။

DOCA(မန္တလေး)