ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
25 Apr 2023

      အိန္ဒိယနိုင်ငံ၌ မျိုးစေ့အရည်အသွေးရှိသော အခွံပါစပါးများ (HS Code 10061010) ပြည်ပ သို့တင်ပို့ခြင်းအပေါ် ပို့ကုန်အခွန် ၂၀ ရာခိုင်နှုန်းကောက်ခံရန် သတ်မှတ်ထားရှိမှုအား ပယ်ဖျက်သည့် အကောက်ခွန်ဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၃၀/၂၀၂၃ ကို ၁၀-၄-၂၀၂၃ နေ့တွင်  အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

21 Apr 2023

        လက်ရှိသကြားရောင်းဝယ်လျက်ရှိသည့်  (၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့အထိ) ယူကရိန်းနိုင်ငံမှ သကြားတင်ပို့မှုမှာ ယခင်နှစ်က တင်ပို့ခဲ့သော တန်ချိန် ၂၆၅၀၀၀ ထက် ၄.၈ ဆ တိုးမြှင့်၍ တင်ပို့မည်ဖြစ်ကြောင်း သိရှိရပါသည်။

21 Apr 2023

        တရုတ်နိုင်ငံသည် မကြာသေးမီနှစ်များမှစ၍ အိန္ဒိယနိုင်ငံမှ မြေထောက်ပဲနှင့် ကုလားပဲ ကဲ့သို့သော ပဲများကို အရှိန်အဟုန်မြှင့်ဝယ်ယူခဲ့ရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အိန္ဒိယထံမှ ပဲမျိုးစုံ ကို အများဆုံးဝယ်ယူသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီး တန်ဖိုးအားဖြင့် ယူအေအီးနိုင်ငံ၏ ဝယ်ယူမှုထက် ပိုမိုလျက် ပထမဆုံးအကြိမ်ဖြစ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ခဲ့ပါသည်။

21 Apr 2023

      ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ တောင်သူများစွာသည် နေကြာကို ဝင်ငွေရအကောင်းဆုံးသီးနှံအဖြစ်လည်းကောင်း၊ စားအုန်းဆီ သို့မဟုတ် ပဲပုတ်ဆီတို့၏ နေရာ၌ နေကြာဆီကို အစားထိုးအသုံးပြုနိုင်ကြောင်း သိမြင်မှုများ တိုးပွားလာ၍လည်းကောင်း  နိုင်ငံအနှံ့အပြားတွင် နေကြာသီးနှံကို စိုက်ပျိုးလာကြကြောင်း သိရပါသည်။

21 Apr 2023

      အိန္ဒိယနိုင်ငံလယ်ယာစိုက်ပျိုးရေးနှင့် ပြုပြင်ထုတ်လုပ်သောစားသောက်ကုန်များတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့အစည်းသည် အိန္ဒိယနိုင်ငံရှိ ဆန်တင်ပို့သူများအသင်း၊ အဓိကဆန်တင်ပို့သူများ၊ ကျွမ်းကျင်ပညာရှင်များနှင့် အခြားစီးပွားရေးလုပ်ငန်းရှင်များအား ဗြိတိန်နိုင်ငံ၏ဘာစမာတီးဆန်နှင့်စပ်လျဉ်းသည့် စည်းမျဉ်းသစ်ထုတ်ပြန်မှုနှင့်အိန္ဒိယနိုင်ငံ၏ ဘာစမာတီး ပို့ကုန်အပေါ် ရေတိုနှင့်ရေရှည်ကာလအကျိုးသက်ရောက်မှုအပေါ် အကဲဖြတ်သွားနိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပါသည်။ အဆိုပါစည်းမျဉ်းသစ်အား ဗြိတိန်နိုင်ငံလက်လီအသင်း နှင့် ဆန်အသင်းအဖွဲ့တို့မှ စတင်၍  အဆိုပြုခဲ့ခြင်းဖြစ်ကြောင်းလည်

21 Apr 2023

         အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း ဆန်တန်ချိန် ၂ သန်းကို ပြည်ပမှ တင်သွင်းရန် စီစဉ်လျက်ရှိရာ ဗီယက်နမ်ဆန်ကုန်သည်များအနေဖြင့် နိုင်ငံတကာဈေးကွက် အခြေအနေကို အနီးကပ် စောင့်ကြည့်လျက် ဖြစ်ပေါ်လာသည့်အခွင့်အလမ်းကို ရယူနိုင်ရေးလိုအပ်သော အစီအမံများ ပြင်ဆင်ဆောင်ရွက်ရန် ဗီယက်နမ် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်ထားပါသည်။

21 Apr 2023

       ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့အစည်း (Organization for Petroleum Exporting Countries-OPEC) အိုပက်အဖွဲ့ဝင်နိုင်ငံများက တစ်ရက်လျှင် ရေနံစည်ပေါင်း ၁.၁၆ သန်း လျော့ချ ထုတ်လုပ်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့အပြီးတွင် ရေနံစိမ်းဈေးနှုန်းများမှာ ၈% အထိ မြင့်တက်လာကြောင်း သိရှိရပါသည်။

21 Apr 2023

           အိန္ဒိယနိုင်ငံ၌ တောင်သူများအနေဖြင့် သင့်တင့်သည့် ဈေးနှုန်းရရှိနိုင်စေရေးအတွက် ယခုနှစ် ဆောင်းသီးနှံရာသီစိုက်ပျိုးမှုမှ ထွက်ရှိမည့် ကြက်သွန်နီသီးနှံ တန်ချိန် ၃ သိန်းကို အစိုးရ၏ ဝယ်ယူရေးအေဂျင်စီများက ဝယ်ယူမည်ဖြစ်ကြောင်း အိန္ဒိယစားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာ ဝန်ကြီး Mr.

21 Apr 2023

           တင်းကျပ်သောမူဝါဒ စည်းမျဉ်းစည်းကမ်းများကြောင့် စားအုန်းဆီပင်သစ်များ တိုးမြှင့်စိုက်ပျိုးမှု လျော့ကျလာမှုနှင့်အတူ လတ်ဆတ်သောသီးနှံအခိုင်များ (Fresh fruit bunches - FFB) ဖြစ်ထွန်းမှုနည်းပါးလာခြင်းနှင့်  ကုန်ကျစရိတ်များ မြင့်တက်လာခြင်းတို့ကြောင့် ကာလရှည်တွင် စားအုန်းဆီတိုးချဲ့ထုတ်လုပ်နိုင်မှု အလားအလာများ လျော့ကျသွားနိုင်ကြောင်း မလေးရှားနိုင်ငံ အခြေစိုက် Kenanga သုတေသနအဖွဲ့က အသိပေးထားပါသည်။

04 Apr 2023

    ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီလက်ကျန်အခြေအနေသည် ထုတ်လုပ်မှုကို လျော့နည်းစေသော်လည်း တန်ချိန် ၃.၀၉၉ သန်းအထိ တင်ပို့နိုင်ခဲ့ကြောင်း အင်ဒိုနီးရှားစားအုန်းဆီအသင်းက မတ်လ ၂၇ ရက် (တနင်္လာနေ့)တွင် ဖော်ပြသောအချက်အလက် များအရ သိရပါသည်။ ယခုနှစ် ဇန်နဝါရီလ တင်ပို့မှုပမာဏသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလနှင့် နှိုင်းယှဉ်ပါက ၁၃ % လျော့နည်းခဲ့ပြီး ကာလတူ ဇန်နဝါရီလနှင့်နှိုင်းယှဉ်ပါက ၃၄ % လျော့နည်း တင်ပို့ခြင်းဖြစ်သည်။

04 Apr 2023

     ရုရှားနိုင်ငံရှိ အကြီးမားဆုံးရေနံထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သော Rosneft မှ အမှုဆောင် အရာရှိချုပ် Mr. Igor Sechin နှင့် အိန္ဒိယ ထိပ်တန်းရေနံသန့်စင်သည့် ကုမ္ပဏီ ဖြစ်သော India Oil Corp မှ ဥက္ကဌဖြစ်သူ Mr. Shrikant Madhav Vaidya တို့သည် အိန္ဒိယနိုင်ငံသို့ ရေနံ အဆင့်အတန်း အမျိုးမျိုးဖြင့် အမျိုးစုံစွာ တိုးမြှင့်ရောင်းချနိုင်ရန်အတွက် စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ကြ ကြောင်း သိရှိရသည်။

04 Apr 2023

    အိန္ဒိယနိုင်ငံ၌ ဂျုံအဓိကစိုက်ပျိုးသည့် ပန်ဂျပ်၊ ဟာရီယာနာနှင့် ရာဂျပ်စတန် ပြည်နယ်များ တွင် မတ်လ နောက်ဆုံးရက်သတ္တပတ်အတွင်း အချိန်အခါမဲ့ မိုးရွာသွန်းမှုနှင့် မိုးသီးများကျရောက်မှု ကြောင့် ဂျုံစိုက်ပျိုးထားရှိမှု၏ ၂၅% မှ ၅၀% ခန့်အထိ ထိခိုက်ဖွယ်ရှိကြောင်း သိရှိရပါသည်။

Pages