ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
12 Nov 2024

ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet က နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အလားအလာကောင်းသော သီးနှံများဖြစ်သည့် ဒူးရင်းသီး၊ သီဟိုဠ်စေ့နှင့် ပီလောပီနံစိုက်ပျိုးရေးတို့၌ ရင်းနှီးမြှုပ်နှံရန်အတွက် တရုတ်ကုမ္ပဏီများကို တိုက်တွန်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်မြို့တွင် နိုင်ဝင်ဘာလ ၆ရက်နေ့မှ ၇ရက်နေ့အထိကျင်းပပြုလုပ်ခဲ့သော 8th Greater Mekong Subregion (GMS) ထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးချုပ်သည် ကမ္ဘောဒီးယားစိုက်ပျိုးရေး၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် တရုတ်ကုမ္ပဏီကြီး (၃) ခုမှ ဥက္ကဋ္ဌများနှင့်တွေ့ဆုံခဲ့သည်။ ဝန်ကြီးချုပ်သည် Shandong (Cambodia) စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိ

12 Nov 2024

ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet သည် Svay Rieng ပြည်နယ်ရှိ တရုတ်ကားတာယာထုတ်လုပ်သည့် ထိပ်တန်းကုမ္ပဏီ Sailum Group အား ပြည်တွင်းရော်ဘာကို ပြည်ပသို့တင်ပို့ရန် အဆင်သင့်ထုတ်ကုန်များအဖြစ် ပြုပြင်ထုတ်လုပ်ရန်အတွက် စက်မှုဇုန်တည်ဆောက်ရေးစီမံကိန်းတစ်ခုကို တည်ဆောက်ခွင့်ပြုခဲ့သည်။ Sailum Group ၏ဥက္ကဋ္ဌ Yuan Zhongxue မှ ကိုယ်စာလှယ်အဖွဲ့အား ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် 8th Greater Mekong Subregion (GMS) ထိပ်သီးအစည်းအဝေးတွင် အဆိုပါစီမံကိန်းအား တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဆွေးနွေးမှုတွင် ဥက္ကဋ္ဌသည် မိတ်ဖက်နိုင်ငံများရှိ Sailum Group ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဒေသတွင်းထုတ်လု

11 Nov 2024

တရုတ်ကုမ္ပဏီ (၃) ခုဖြစ်သည့် Fortune Rich Trade C0.,Ltd၊Ju Wang Footwear Co.,Ltd နှင့် Shandong (Cambodia) Economic and Technology Development Zone and Guoxing Group တို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးချဲ့ရန် စီစဉ်လျက်ရှိသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet အား နိုဝင်ဘာလ (၆) ရက်နေ့တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းတွင် အစည်းအဝေးတက်ရောက်စဉ်အတွင်း ကုမ္ပဏီ (၃) ခု၏ ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့မည့်အစီအစဉ်များကို အလေးပေးပြောကြားခဲ့သည်။ ထိုကုမ္ပဏီ (၃) ခု၏ ဥက္ကဋ္ဌများသည် ကမ္ဘောဒီးယားနိုင်ငံအတွင်းရှိ နယ်ပယ်အားလုံးတွင် တိုးတက်မှုများကို အ

11 Nov 2024

၂၀၂၄ခုနှစ်၏ ပထမ (၁၀) လအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် ဆန်တန်ချိန် ၅၀၇,၀၂၉မတ်ထရစ်တန်အား နိုင်ငံပေါင်း (၆၆) နိုင်ငံသို့တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၇၆.၆၃ သန်းရရှိခဲ့ကြောင်း ၇-၁၁-၂၀၂၄ ရက်နေ့တွင် ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) ၏ ထုတ်ပြန်ချက်အရသိရသည်။ CRF မှ ကမ္ဘောဒီးယားနိုင်ငံသည် ဥရောပနိုင်ငံ (၂၆) နိုင်ငံသို့ ဆန်တန်ချိန် ၂၅၄,၉၄၅မတ်ထရစ်တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၉၆.၉၃ သန်း၊ ဟောင်ကောင်၊ မကာအိုနှင့် တရုတ်နိုင်ငံများသို့ ဆန်တန်ချိန် ၉၃,၁၉၇မတ်ထရစ်တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၁.၄၈ သန်း၊ အရှေ့တီမောအပါအဝင် အာဆီယံ (၇) နိုင်ငံသို့ တန်ချိန် ၁၀၀,၉၉၆မတ်ထရစ်တန်တင်ပို့ခဲ့ပြီး အမေရိက

11 Nov 2024

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ၇-၁၁-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော World Rice Conferenci 2024 တွင် ကမ္ဘောဒီးယားအရည်အသွေးနှင့် အမွှေးကြိုင်ဆန်အတွက် အမှတ်အသားဖြစ်သည့် Malis Angkor ဆန်သည် ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် (၆) ကြိမ်မြောက်ရရှိခဲ့သည်။ အဆိုပါပြိုင်ပွဲကို အပြည်ပြည်ဆိုင်ရာကုန်စည်ဒိုင် (ICI) နှင့် United States Of Rice Traders တို့မှ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) မှ တောင်သူလယ်သမားများမှာ ကောင်းမွန်စွာစိုက်ပျိုးပြီး ဆန်စက်ပိုင်ရှင်များ၏ ကောင်းမွန်စွာကြိတ်ခွဲလုပ်ကိုင်ပေးခြင်းတို့ကြောင့် မိမိတို့နိုင်ငံအတွက် အကောင်းဆုံးဆန်ဆုကိုရရှိခဲ့ခြင်းဖြစ်

11 Nov 2024

အိန္ဒိယနိုင်ငံ၏ ဟင်းသီးဟင်းရွက်ဆီတင်သွင်းမှုသည် ၂၀၂၄-၂၀၂၅ ရာသီတွင် မတ်ထရစ်တန်ချိန် ၁၀၂သန်းအထိ ထပ်မံကျဆင်းနိုင်သည်ဟုခန့်မှန်းထားပြီး ရာသီဥတုကောင်းမွန်ပါက ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်နိုင်ဖွယ်ရှိကြောင်း စက်မှုလုပ်ငန်းအဖွဲ့တစ်ခုက ပြောကြားခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ဟင်းသီးဟင်းရွက်ဆီတင်သွင်းသော အိန္ဒိယနိုင်ငံသည် အောက်တိုဘာလတွင် ကုန်ဆုံးခဲ့သည့် ၂၀၂၃-၂၀၂၄ ရာသီတွင် တန်ချိန် ၁၆သန်းတင်သွင်းမည်ဟု ခန့်မှန်းထားကြောင်း The Solvent Extractors Association of India ၏ အမှုဆောင်ဒါရိုက်တာ BV Mehta ကပြောကြားခဲ့သည်။ ပြီးခဲ့သော နှစ်တွင် အိန္ဒိယနိုင်ငံသည် တန်ချိန် ၁၆.၅ သန်းတင်သွင်းခဲ့သည်။ ယခုနှစ်တွင် အိန

11 Nov 2024

တရုတ်နိုင်ငံစိုက်ပျိုးရေးကုမ္ပဏီဖြစ်သည့် Zhengzhou Chen’s Sun သည် ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးကဏ္ဍ အထူးသဖြင့် တရုတ်သို့တင်ပို့ရန်အတွက် ဒူးရင်းသီးပြုပြင်ထုတ်လုပ်သည့် စက်ရုံတည်ထောင်ရန် စိတ်ဝင်စားမှုပြသခဲ့ကြောင်းသိရပါသည်။ ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Xuemei Chen က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဖြစ်သူ Hun Manet နှင့် နိုဝင်ဘာလ ၆ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့၌တွေ့ဆုံစဉ် ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးကဏ္ဍ အထူးသဖြင့်သစ်သီးလုပ်ငန်းတွင် ကြီးမားသောအလားအလာရှိမှုကို အသိအမှတ်ပြုကြောင်းနှင့် တရုတ်နှင့် အခြားနိုင်ငံများသို့တင်ပို့ရန် စိုက်ပျိုးရေးကဏ္ဍတွင် အထူးသဖြင့် ဒူးရင်းပြုပြင်ထုတ်လုပ်သည့် စက်ရုံတည်ထောင်ရာတ

11 Nov 2024

အင်ဒိုနီးရှားနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ Jerry Sambuaga က ဌာနသည် အင်ဒိုနီးရှားထုတ်ကုန်များအား ပြည်ပသို့ဈေးကွက်တိုးချဲ့မှုအရှိန်မြှင့်တင်ရန် စီစဉ်နေကြောင်းပြောကြားခဲ့ပါသည်။ Sambuaga က တင်ပို့ကုန်များသည် အင်ဒိုနီးရှားစီးပွားရေးကြီးထွားမှုတွင် အပေါင်းလက္ခဏာဆောင်စွာပါဝင်နေကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များသည်လည်း ၎င်းတို့၏ထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်မည့်ကိစ္စနှင့်ပတ်သက်၍ အကောင်းမြင်သင့်ကြောင်း ၁-၁၁-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားသည် ကမ္ဘာတစ်လွှားတွင် ကုန်သွယ်ရေး ကိုယ်စားလှယ် ၄၆ဦးရှိကြောင်းသိရပါသည်။ ၁၉ဦးမှာ အင်ဒိုနီးရှားကုန်သွယ်မှုမြှ

11 Nov 2024

Cherry အင်ဒိုနီးရှားက Omoda C5 အမျိုးအစား မော်တော်ယာဉ်များအား ဗီယက်နမ်သို့ ပထမဆုံးတင်ပို့လိုက်ကြောင်း Omoda & Jaecoo ဗီယက်နမ်က နိုဝင်ဘာ ၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ဈေးနှုန်းများကို ပြည်တွင်းတပ်ဆင်မှုမတိုင်မီ ယခုလနှောင်းပိုင်းတွင် ဖော်ပြရန် မျှော်လင့်ရကြောင်းသိရပါသည်။ အင်ဒိုနီးရှားနှင့် မလေးရှားမှ ယာဉ်များတင်သွင်းမှုအပြင် Omoda & Jaecoo ဗီယက်နမ်သည် တစ်နှစ်လျှင် မော်တော်ယာဉ်အစီး ၂၀၀၀၀၀ ထုတ်လုပ်နိုင်သည့်စက်ရုံကို Thai Binh ပြည်နယ်တွင် ဆောက်လုပ်လျက်ရှိကြောင်းသိရပါသည်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း၈၀၀ရှိသည့် ထိုစက်ရုံသည် ၂၀၂၆ခုနှစ်တွင် စတင်လည်ပတ်နိ

11 Nov 2024

Srinagar တွင် လက်ရှိတင်ပို့နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အတူ နီပေါနှင့်ဘူတန်သို့ပါ ကက်ရှ်မီးယားမှ ပန်းသီးများအား တင်ပို့မှုတိုးချဲ့မှုသည် ကက်ရှ်မီးယားပြည်တွင်း သစ်သီးဝလံစိုက်ပျိုးသူများအပေါ် အကောင်းမြင်လာစေသည်။ Sopore Fruit Mandi သည် ကျန်နိုင်ငံများသို့ ပန်းသီးတင်သော ထရပ်ကားများကို နေ့စဉ်ပို့ဆောင်ပေးခြင်းဖြင့် ကျန်ကုန်သွယ်မှုအတွက် ဗဟိုအချက်အချာအဖြစ် ပေါ်ပေါက်လာခဲ့သည်။ Sopore Fruit Mandi ၏ ဥက္ကဋ္ဌ Fayaz Ahmad Malik ၏ ပြောကြားချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ တင်ပို့မှုပမာဏထက်နည်းသော်လည်း ဘူတန်နှင့် နီပေါတို့မှ တင်သွင်းသူများအနေဖြင့် ကက်ရှ်မီးယားပန်းသီးမျိုးကွဲများကို စိတ်ဝင်စာ

11 Nov 2024

ယခုနှစ် ပထမ ၁၀လတွင် ကမ္ဘောဒီးယားသည် အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံတန်ဖိုးရှိသော ပုံသေပိုင်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၃၄၆ခုကိုခွင့်ပြုခဲ့ပြီး အလုပ်အကိုင် ၂၆၆၀၀၀ ဖန်တီးနိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) က ၅-၁၁-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ စီမံကိန်းအသစ်များသည် အဓိကအားဖြင့် အဝတ်အထည်၊ ခရီးသွားအသုံးအဆောင်နှင့် ဖိနပ်ကဏ္ဍ၊ ဟိုတယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဟိုက်ဒရိုလျှပ်စစ်ပါဝါရုံများ၊ ရေချိုဆိပ်ကမ်းများ၊ ဆိုလာပါဝါစက်ရုံများ၊ စိုက်ပျိုးရေး၊ ဖျော်ဖြေရေးပန်းခြံများ၊ ကားတာယာစက်ရုံးများ၊ SEZ များနှင့် အခြေခံအဆောက်အအုံတို့တွင်ဖြစ်ကြောင်းသိရပါသည်။ အောက်တိုဘာလတစ်လတည်းတ

11 Nov 2024

ကုန်သွယ်ရေးတာဝန်ရှိသူတစ်ဦးက ဗီယက်နမ်လုပ်ငန်းများသည် အာရှသို့ တင်ပို့မှုအရှိန်မြှင့်တင်ရန်၊ ဆန်းသစ်တီထွင်မှုပြုလုပ်ရေးအားထုတ်ရန်၊ ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန်နှင့် ထောက်ပံ့မှုကွင်းဆက်အသစ်တွင် ပါဝင်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။ နိုဝင်ဘာလ ၅ရက်နေ့တွင် ကျင်းပခဲ့သော အာရှဈေးကွက်များသို့ ကုန်သွယ်မှုမြှင့်တင်ရေးကွန်းဖရန့်တွင် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဘက်ပေါင်းစုံကုန်သွယ်ရေးမူဝါဒဦးစီးဌာန၏ အာဆီယံဒေသ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Quyen Anh Ngoc က စီးပွားရေးလုပ်ငန်းများအား အခွင့်အရေးများကိုဆုပ်ကိုင်နိုင်ရန်အတွက် သင့်လျော်သောထုတ်လုပ်ခြင်းနှင့် စီးပွားရေးမဟာဗျူဟာဖွံ့ဖြိုးတ

Pages