ပြည်ပကုန်သွယ်မှုသတင်းများ
များစွာသော ထိပ်တန်းနည်းပညာကော်ပိုရေးရှင်းများ၏ ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်မှုကြောင့် ဗီယက်နမ်နိုင်ငံသည် အီလက်ထရောနစ်အစိတ်အပိုင်းထုတ်လုပ်မှုတွင် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) များကိုဆွဲဆောင်ရန် အခွင့်အလမ်းများတွေ့ရှိနေကြောင်းသိရပါသည်။ အီလက်ထရောနစ်စက်မှုလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုဆွဲစောင်နိုင်ခြင်းသည် ပြည်တွင်းလုပ်ငန်းများအား ကမ္ဘာ့ထောက်ပံ့မှုကွင်းဆက်တွင်ပါဝင်ရန် ကူညီပေးနိုင်သည်ဟုသိရပါသည်။ နိုင်ငံ၏အီလက်ထရောနစ်စက်မှုလုပ်ငန်းသည် အစိတ်အပိုင်းထုတ်လုပ်ခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ထုတ်ကုန်တပ်ဆင်ခြင်း အစရှိသည့် များစွာသောဧရိယာများတွင် လွှမ်းခြုံလာခ

ကမ္ဘာလုံးဆိုင်ရာဆန်စျေးကွက်တွင် စိန်ခေါ်မှုများရှိနေသော်လည်း ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ခုနှစ်တွင် စံချိန်သစ်အနေဖြင့် ဆန်တန်ချိန် ၈သန်းကျော်တင်ပို့နိုင်မည့် လမ်းကြောင်းပေါ် တွင် တည်ရှိနေကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံစားသောက်ကုန်အသင်းဒုတိယဥက္ကဋ္ဌနှင့် Intimex Group ၏ CEO ဖြစ်သူ Do Ha Nam က ၂၀၂၄ခုနှစ်သည် ဆန်တင်ပို့မှုအတွက် စံချိန်ချိုးဖြတ်နိုင်မည့်နှစ်ဖြစ်ကြောင်းနှင့် အမေရိကန်ဒေါ်လာ ၅ဘီလီယံကျော်တန်ဖိုးရှိသည့် ဆန်တန်ချိန် ၈သန်းကျော်တင်ပို့နိုင်ကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် ဆန်တင်ပို့သည့် ပျမ်းမျှစျေးနှုန်းမှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၆၀၀ဖြင့် စံချိန်တင်မြင့်တက်နေက

ဗီယက်နမ်နိုင်ငံ၏ စက်မှုလုပ်ငန်းကဏ္ဍသည် အားကောင်းသော ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဝင်ရောက်နှုန်း၊ ကြီးမားသောအခြေခံအဆောက်အအုံစီမံကိန်းများ၊ သင့်လျော်သောစည်းမျဥ်းများကြောင့် သိသာထင်ရှားသော အသွင်ကူးပြောင်းမှုရရှိနေပြီး ပြည်ပရင်းနှီးမြှုပ်နှံသူများထံမှ ရင်းနှီးမြှုပ်နှံမှုလှိုင်းများကို ဆွဲဆောင်လျက်ရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်အိမ်ရာမြေအကြံပေးလုပ်ငန်းဖြစ်သည့် Savills Vietnam ၏ စက်မှုလုပ်ငန်းဆိုင်ရာဝန်ဆောင်မှုဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ John Campbell က ဗီယက်နမ်၏ အားကောင်းသော FDI ဝင်ရောက်နှုန်း၊ ဗျူဟာမြောက်သောတည်နေရာ၊ ယှဥ

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းရှိ ဆိပ်ကမ်းမြို့တော်ဖြစ်သည့် Hai Phong သည် အမေရိကန် ဒေါ်လာ ၁.၈ ဘီလီယံတန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၂ခုအတွက် အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၄ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ထိုအခမ်းအနားကို ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးဖြစ်သူ To Lam ၊ ဝန်ကြီးဌာနများ၊ စီးပွားရေးလုပ်ငန်းများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရပါသည်။ လိုင်စင်အသစ်ချထားပေးသည့်ထို စီမံကိန်းများတွင် စီမံကိန်းအသစ်များပါဝင်သကဲ့သို့ တည်ရှိပီးစီမံကိန်းများကို ထပ်မံတ

ကုန်စည်နှင့် အခြားထုတ်ကုန်များစွာအတွက် ပို့ကုန်အခွန်ပြန်အမ်းပေးမှုကိုလျှော့ချမည် သို့မဟုတ် ပယ်ဖျက်မည်ဖြစ်ကြောင်း တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သောကြာနေ့တွင် ဖြေကြားခဲ့သည်။ တရုတ်နိုင်ငံသည် သန့်စင်ပြီး ရေနံထွက်ကုန်တချို့၊ ဓာတ်ရောင်ခြည်သုံးပစ္စည်းများဘတ်ထရီနှင့် သတ္တုမဟုတ်သော တွင်းထွက်ပစ္စည်းတချို့တို့အတွက် ပို့ကုန်အခွန်ပြန်အမ်းနှုန်းကို ၁၃% မှ ၉% အထိလျှော့ချမည်ဖြစ်သည်။ အလူမီနီယမ်နှင့် ကြေးနီထုတ်ကုန်များ၊ ဓာတုဗေဒနည်းဖြင့် ပြုပြင်ထားသောတိရိစ္ဆာန်၊ အပင် သို့မဟုတ် အဏုဇီဝဆီများနှင့် အဆီများအတွက် ပြန်အမ်းငွေကိုလည်းပယ်ဖျက်သွားမည်ဖြစ်သည်။ ကုန်သည်များသည် နိုင်ငံခြား သို့မဟုတ် တ

အထည်အလိပ်နှင့် အဝတ်အထည်များတင်ပို့မှုသည် လက်ရှိဘဏ္ဍာရေးနှစ်၏ ပထမလေးလအတွင်း ၁၀.၄၄% တိုးလာကြောင်း ပါကစ္စတန်စာရင်းအင်းဗျူရိုမှ ၁၆-၁၁-၂၀၂၄ ရက်နေ့ (စနေနေ့) ကထုတ်ပြန်သည့် အချက်အလက်များအရသိရသည်။ ကဏ္ဍနှစ်ခုမှ ပို့ကုန်များသည် ဘဏ္ဍာနှစ်သစ်၏ ပထမလဖြစ်သော ဇူလိုင်လတွင် အနုတ်လက္ခဏာ ၃.၀၉% ရှိခဲ့သော်လည်း ဩဂုတ်လတွင် ၁၃% ကျော်၊ စက်တင်ဘာလတွင် ၁၇.၉၂% နှင့် အောက်တိုဘာလတွင် ၁၃.၁၁% ဖြင့် ပြန်လည်တိုးတက်ကောင်းမွန်လာခဲ့သည်။ လက်ရှိဘဏ္ဍာရေးနှစ်တွင် ပြင်းထန်သောအခွန်ကောက်ခံမှုအစီအမံများကို အကောင်အထည်ဖော်ခြင်းကြောင့် ကဏ္ဍများသည် ဒေသတွင်းပြိုင်ဘက်များနှင့်ယှဉ်ပြိုင်ရန် ရုန်းကန်ရနိုင်သည်ဟု ကျွမ်း

တောင်အာရှသည် ဗီယက်နမ်၏အဓိကပို့ကုန်များအတွက် သင့်လျှော်သည့်တည်ငြိမ်မှုရှိသော စားသုံးသူဝယ်လိုအားနှင့် ကျယ်ပြန့်သည့်စျေးကွက်ဖြစ်သော်လည်း ထိုဒေသတွင် ကုန်သွယ်ရေးအလားအလာသည် အပြည့်အဝရောက်ရှိရန်ဆက်လက်ကျန်ရှိနေသေးကြောင်း ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် နိုဝင်ဘာလ၁၃ ရက်နေ့ကကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ကျွမ်းကျင်သူများကပြောကြားခဲ့ကြောင်းသိရပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲကို International Integration Support အတွက်ဟိုချီမင်းမြို့တော်စင်တာ (CIIS)၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ အာရှ-အာဖရိကစျေးကွက်ဦးစီးဌာနကပူးတွဲကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေသတွင်သိသာထင်ရှားသေ

ဗီယက်နမ်နိုင်ငံအခြေစိုက် Vingroup ၏ကုမ္ပဏီခွဲဖြစ်သည့် VinFast သည် အောက်တိုဘာလတွင် EV အစင်း ၁၁၀၀၀ရောင်းချခဲ့ပြီး ၂၀၂၄ ၏ ပထမဆယ်လတာကာလအတွက် စုစုပေါင်းအစင်းရေ ၅၁၀၀၀ရောင်းချခဲ့ရသည့်အတွက် ဗီယက်နမ်တွင်အရောင်းရဆုံးကားအမှတ်တံဆိပ်အဖြစ် ရပ်တည်ခဲ့ကြောင်းသိရပါသည်။ VF 3 နှင့် VF 5 တို့မှာအရောင်းရဆုံးမော်ဒယ်များဖြစ်ပြီး အစင်းရေ ၅၀၀၀ နီးပါးနှင့် ၂၆၀၀ ကျော်အသီးသီးရောင်းချခဲ့ရကြောင်းသိရပါသည်။ VF 6၊ VF 7၊ VF 8၊ VF 9နှင့် VF e34 တို့ပါဝင်သော အခြားမော်ဒယ်များမှာလည်း အထင်ကြီးဖွယ်ရောင်းချရမှုပမာဏရှိခဲ့ပြီး စားသုံးသူများ၏ လျှပ်စစ်မော်တော်ယာဥ်များနှင့် အစိမ်းရောင်အရွေ့ဆီသို့ ဦး

အိန္ဒိယနိုင်ငံသို့ အမေရိကန်မှ ကြက်ဆင်ထုတ်ကုန်များပထမဆုံးအကြိမ်တင်ပို့မှုသည် ၁၁.၁၂.၂၀၂၄ (အင်္ဂါနေ့) ကစတင်ခဲ့ပြီး နှစ်နိုင်ငံအကြားကုန်သွယ်မှုဆက်ဆံရေးတွင် ခြေလှမ်းအသစ်တစ်ရပ်အဖြစ်မှတ်တမ်းဝင်ခဲ့သည်။ အမေရိကန်ကြက်ဆင်ထုတ်ကုန်များအပေါ် အခွန်မြင့်မားစွာလျော့ချရန် အမေရိကန်တောင်းဆိုချက်ကို အိန္ဒိယမှသဘောတူပြီးတစ်နှစ်ကျော်အကြာတွင် အဆိုပါတင်ပို့မှုစတင်ခဲ့ခြင်းဖြစ်သည်။ ဆီးနိတ် India Cacus ၏ ပူးတွဲ ဥက္ကဋ္ဌလည်းဖြစ်သည့် -Virginia မှ အမေရိကန်အထက်လွှတ်တော်အမတ် Mark Worner မှ ၎င်းသည် နိုင်ငံတကာကုန်သွယ်မှုသမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်ပြီး ကမ္ဘာ့ဈေးကွက်တွင် အမေရိကန်ကြက်ဆင်ထုတ်ကုန်မ

ရုရှားနှင့် ယူကရိန်းတို့မှပြိုင်ဆိုင်မှုပြင်းထန်သဖြင့် ဥရောပဂျုံဈေးသည် ၁၃.၁၁.၂၀၂၄ ရက်နေ့(ဗုဒ္ဓဟူးနေ့) တွင် ကျဆင်းခဲ့ပြီး ဥရောပသမဂ္ဂတင်ပို့ရောင်းချမှုအလားအလာမှာ ကျဆင်းခဲ့ပါသည်။ ပဲရစ်အခြေစိုက် Euronext တွင် ဒီဇင်ဘာဂျုံကြိတ်ခွဲမှုသည် ၁.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယူရို၂၁၁.၀၀ သို့ကျဆင်းသွားခဲ့သည်။ ရုရှား ၁၂.၅ ရာခိုင်နှုန်း ပရိုတိန်းဈေးနှုန်းများသည် FOB တစ်တန်လျှင် ၂၃၀ ဒေါ်လာအောက်နှင့် ၁၁.၅ ရာခိုင်နှုန်းလျှင် ၂၂၀ ဒေါ်လာအောက်ရှိပြီး အနောက်ဥရောပသမဂ္ဂသည် အဓိကအာရပ်နှင့် အာဖရိကတင်သွင်းသူများကြားတွင် လက်တွေ့ကျကျယှဉ်ပြိုင်နိုင်စွမ်းမရှိကြောင်း ဂျာမနီကုန်သည်တစ်ဦးမှ ပြ

အင်ဒိုနီးရှားသမ္မတ Prabowo Subianto နှင့် အမေရိကန်သမ္မတ Joe Biden တို့သည် နှစ်နိုင်ငံစလုံးအတွက် ကုန်သွယ်မှုအခွင့်အလမ်းများကိုမြှင့်တင်ခြင်းအားဖြင့် စီးပွားရေးဆက်ဆံမှုနက်ရှိုင်းစေရန် သဘောတူညီခဲ့ကြကြောင်းသိရပါသည်။ ထိုသဘောတူညီချက်သည် အမေရိကန်နိုင်ငံဝါရှင်တန်မြို့တော်ရှိ သမ္မတအိမ်ဖြူတော်တွင်ပြုလုပ်သည့် ၎င်းတို့၏အစည်းအဝေးတွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း whitehouse.gov website တွင်ထုတ်ပြန်ချက်အရသိရပါသည်။ ပူးတွဲထုတ်ပြန်ချက်အရ ခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံစလုံးမှပြည်သူများ၏ လူနေမှုဘဝတိုးတက်ကောင်းမွန်ရန် တည်ငြိမ်မှု၊ ဆန်းသစ်တီထွင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတ

ယခုနှစ်တွင် ဗီယက်နမ်၏အဝတ်အထည်နှင့် အထည်အလိပ်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံရရှိရန်ခန့်မှန်းရကြောင်း ဗီယက်နမ်နိုင်ငံအဝတ်အထည်နှင့် အထည်အလိပ်အသင်း( VUTAS) ၏ ဥက္ကဌဖြစ်သူ Vu Duc Giang ကပြောကြားခဲ့ပါသည်။ VITAS ၏အဆိုအရ အောက်တိုဘာလတွင် အဝတ်အထည်နှင့်အထည်အလိပ်စုစုပေါင်းတင်ပို့မှုမှဝင်ငွေ အမေရိကန် ဒေါ်လာ ၃.၈၆ ဘီလီယံရရှိခဲ့ပြီး စက်တင်ဘာလထက် ၁၀.၇% မြင့်တက်ခဲ့ကာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလထက် ၂၄.၂၆ % မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ယခုနှစ်၏ပထမ ၁၀လတင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ၃၆.၁၁ ဘီလီယံရရှိခဲ့ပြီး၂၀၂၃ ခုနှစ်တူညီသည့်ကာလထက် ၉.၈၆ % မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ဗီယက
