ပြည်ပကုန်သွယ်မှုသတင်းများ
ကမ္ဘာ့ထိပ်တန်းရေနံသုံးစွဲသည့် အိန္ဒိယနှင့်တရုတ်နိုင်ငံတို့သည် ၂ဝ၂၃ ခုနှစ်မေလအတွင်း ရေနံ ၈ဝ ရာခိုင်နှုန်းကို ရုရှားနိုင်ငံမှ ဝယ်ယူခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာစွမ်းအင်အဖွဲ့အစည်းမှ ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် ရှရှားနိုင်ငံမှ တစ်နေ့လျှင် ရေနံစည်ပေါင်း ၂ သန်းနီးပါးနှင့် တရုတ်နိုင်ငံသည်လည်း တစ်နေ့လျှင် ရေနံစည်ပေါင်း ၅ဝဝဝဝဝ မှ ၂.၂ သန်းအထိ ဝယ်ယူလျက်ရှိကြောင်းနှင့် ရုရှားနိုင်ငံမှ ရေနံစိမ်းတင်ပို့မှုမှာလည်း မေလအတွင်း တစ်နေ့လျှင် ရေနံစည်ပေါင်း ၃.၈၇ သန်း ရှိကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံ၏ ရုရှားနိုင်ငံထံမှ ရေနံစိမ်းတင်သွင်းမှုမှာ ဧပြီလအတွင်း ၁၄ ရာခိုင်နှုန်းပိုမိုမြင့်တက
ပြည်တွင်း၌ ရောင်းလိုအား လျော့ပါးလျက်ရှိမှုနှင့်အတူ အစိုးရက ဈေးပေးဝယ်ယူမည့် အခြေခံစပါးရည်ညွှန်းဈေးနှုန်းကို တိုးမြှင့်လိုက်ခြင်းက မတ်လအစောပိုင်းကာလရှိ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက အိန္ဒိယ၏ အဓိကထိပ်တန်းဆန်တင်ပို့မှု ဈေးနှုန်းများသည် အမြင့်ဆုံးနှုန်းသို့ မြင့် တက်ခဲ့ပါသည်။ အိန္ဒိယအစိုးရသည် ရှေ့လာမည့်သီးနှံရာသီ၌ စိုက်ပျိုးထွက်ရှိသော စပါးများကို ယခင်နှစ်ဈေးနှုန်းထက် ၇% တိုးမြှင့်လျက် ၁၀၀ ကီလိုဂရမ်လျှင် ရူပီးငွေ ၂၁၈၃ နှုန်းဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့သည်။
ဗီယက်နမ်နိုင်ငံနှင့် အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုသည် ၂ဝ၂၅ တွင် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံရောက်ရှိမည်ဟု ခန့်မှန်းထားပါသည်။ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တော် ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်မှုမြှင့်တင်ရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Tran Phu Lu က ဟိုချီမင်းမြို့တော်သည် မလေးရှားရင်းနှီး မြှုပ်နှံသူများအတွက် နှစ်လိုဖွယ်စီးပွားရေး ပတ်ဝန်းကျင်ကောင်းဖြစ်စေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှု တို့ကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဌာနအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်န
အယ်လ်နီညိုရာသီပုံစံကြောင့် မိုးရွာသွန်းမှုလျော့နည်းခြင်းနှင့် ထုတ်လုပ်မှုလျော့ကျခြင်းတို့ ဖြစ်ပေါ်လာနိုင်မှုအပေါ် စိုးရိမ်မှုများအရ လာမည့် ၂၀၂၄ ခုနှစ် ရောင်းဝယ်ရေးရာသီ ပထမနှစ်ဝက်အထိ အနည်းဆုံးကာလအဖြစ် သကြားတင်ပို့မှုအား အိန္ဒိယနိုင်ငံအနေဖြင့် ခွင့်ပြုမည်မဟုတ်ကြောင်း အစိုးရအရင်းအမြစ်များအရ သိရှိရသည်။
၂၀၂၂ ခုနှစ် ဧပြီလအတွင်း အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီ တင်ပို့မှုကိုတားမြစ်ခဲ့သည့် နောက်ပိုင်း၌ ကမ္ဘာ့ဈေးကွက်တွင် စားသုံးဆီပြတ်လပ်မှုကြောင့် အငယ်တန်းအဆင့် စားအုန်းဆီတင်ပို့သည့် ထိုင်းနိုင်ငံအတွက် အိန္ဒိယသို့ စားအုန်းဆီကြမ်းများကို ပေးသွင်းနိုင်မည့် အခွင့်အလမ်း ဖြစ်ပေါ်ခဲ့သည်။ သို့ဖြစ်ရာ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတို့နှင့် မတူညီပဲ စားအုန်းဆီ တင်ပို့မှုအပေါ် ပို့ကုန်ခွန် စည်းကြပ်ကောက်ခံမှု မရှိသည့် ထိုင်းနိုင်ငံသည် ယခုအခါ အိန္ဒိယသို့ စားအုန်းဆီကြမ်း တင်ပို့မှုတွင် အရေးပါသည့် အနေအထားသို့ ရောက်ရှိလာကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြထားသည်။
ဥရောပသမဂ္ဂ (EU) ၏ သစ်တောပြုန်းတီးခြင်းနှင့် ဆက်နွှယ်နေသည့် ကုန်စည်များကို တားမြစ်ခြင်းဆိုင်ရာ ဥပဒေသစ်သည် စားအုန်းဆီကုမ္ပဏီကြီးများအပေါ် ထိခိုက်မှုမရှိနိုင်ကြောင်း မလေးရှားနိုင်ငံရှိ အကြီးဆုံးစားသောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီနှစ်ခုက ဇွန်လ ၁၂ ရက်၊ တနင်္လာနေ့တွင် ပြောကြားခဲ့ပါသည်။
အိန္ဒိယနိုင်ငံ၌ ပဲစင်းငုံနှင့်မတ်ပဲ လက်ကျန်ပမာဏကို ကုန်သည်များက ထုတ်ဖော်တင်ပြလျက်ရှိမှုနှင့် ၎င်းပဲများ သိုလှောင်ထားရှိနိုင်မည့် ပမာဏကန့်သတ်ချက်အစီအစဉ်အား ပြည်နယ်အစိုးရအဖွဲ့များက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု အခြေအနေတို့အပေါ် ပြန်လည်သုံးသပ်ရန်အတွက် စားသုံးသူရေးရာဝန်ကြီးဌာနမှ တွဲဖက်အတွင်းဝန် (Additional Secretary) Ms.
ကုလသမဂ္ဂနှင့် တူရကီနိုင်ငံတို့၏ကြားဝင်ဆောင်ရွက်မှုအရ ယူကရိန်းနိုင်ငံဆိပ်ကမ်းများမှ ကောက်ပဲသီးနှံများ တင်ပို့နိုင်ရေးအတွက် ရှရှား-ယူကရိန်းတို့အကြား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ချုပ်ဆိုခဲ့သည့် ပင်လယ်နက်ဒေသ ကောက်ပဲသီးနှံများ လွတ်လပ်စွာ တင်ပို့မှု (Black Sea Grain Initiative) သဘောတူစာချုပ်သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လလယ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။ အဆိုပါသဘောတူစာချုပ်အား သက်တမ်းတိုးမြှင့်ဖွယ် အလားအလာမရှိနိုင်ဟုယူဆကြောင်း ရှရှား နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၅ ရက် (တနင်္လာနေ့)တွင် ရုရှားသတင် ဌာနတစ်ခုသို့ ပြောကြားကြောင်း သတင်းရရှိပါသည်။
ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီးဖြစ်သူ Pan Sorasak နှင့် ဗီယက်နမ်နိုင်ငံ စက်မှု၊ စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး ဖြစ်သူ Nguyen Hong Dien တို့သည် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးတက်စေရေးအတွက် ကုန်သွယ်မှုမြှင့်တင်ရေးသဘောတူစာချုပ်ကို ၂ဝ၂၃ ခုနှစ် ဇွန်လ ၂ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြပြီး လက်မှတ်ရေးထိုးပွဲသို့ နှစ်နိုင်ငံဖက်မှ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာထမ်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဗီယက်နမ်၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ၊ ဂွမ်ဇီပြည်နယ်တို့အကြား ၂ဝ၂၃ ခုနှစ် ဇွန်လ (၆) ရက်နေ့ (အင်္ဂါနေ့)က ကျင်းပပြုလုပ်သော အစည်းအဝေးတွင် ဗီယက်နမ်နှင့်တရုတ်နှစ်နိုင်ငံအကြား လယ်ယာ ထွက်ကုန်များကို ကုန်သွယ်မှုတိုးမြှင့်စေရေးနည်းလမ်းများကို ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံအကြား လယ်ယာထွက်ကုန်များကို နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရာတွင် လွယ်ကူမှုရှိစေရန်နှင့် နယ်စပ်ဂိတ်များတွင် ပိတ်ဆို့မှုများ မဖြစ်စေရန်တို့အတွက် ကောင်းမွန်သော နယ်စပ်ဂိတ်ထိန်းကျောင်းမှုဆိုင်ရာစနစ် (Smart border gate control) ကို စတင်ဆောင်ရွက်သင့်ကြောင်းကို အဆိုပြုဆွေးနွေးခဲ့ကြပါသည်။<
ဇွန်လ ၅ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရက အိန္ဒိယနိုင်ငံမှ ဟင်းသီးဟင်းရွက်များကို တင်သွင်းခွင့်ပြုခဲ့ပြီးသည့်နောက် နိုင်ငံအနှံ့အပြားတွင် ကြက်သွန်နီဈေးနှုန်းများ သိသာစွာကျဆင်းခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရပိုင်ကုန်သွယ်မှု အဖွဲ့အစည်း၏ အချက်အလက်များအရ ဇွန်လ ၅ ရက် (တနင်္လာနေ့) ဈေးနှုန်းမှာ ပြည်တွင်းကြက်သွန်နီ တစ်ကီလိုဂရမ်လျှင် တာကာငွေ ၈၀ မှ ၉၀ အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇွန်လ ၄ ရက်နေ့ လက်လီဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တာကာငွေ ၁၀ ကျဆင်းသွားကြောင်း သိရှိရပါသည်။
မလေးရှားနိုင်ငံတွင် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေကြသော အလုပ်သမားများ ပြန်လည်ဝင်ရောက်လာမှုနှင့်အတူ စားအုန်းဆီထုတ်လုပ်သော နှုန်းထားများ ပိုမိုကောင်းမွန်လာခြင်းကြောင့် ရိတ်သိမ်းမှုများ တိုးတက်ကောင်းမွန်လာနိုင်ကြောင်း သိရှိရ ပါသည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း မိုးရွာသွန်းမှုကောင်းမွန်ခြင်းကြောင့် စားအုန်းဆီထုတ်လုပ်မှုမှာ လာမည့်ဩဂုတ်လမှ စက်တင်ဘာလများအတွင်း အများဆုံးမြင့်တက်လာနိုင်ကြောင်းလည်း သိရှိရပါသည်။ မလေးရှားနိုင်ငံသည် ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်မှု၏ ၂ဝ ရာခိုင်နှုန်းကို ထုတ်လုပ်လျက်ရှိပြီး နိုင်ငံအတွင်း စားသုံးသူကုန်စည်များဖြစ်သည့် အစားအသောက်များမှ အလှကုန်များအထိ သုံးစွဲလျက်