ပြည်ပကုန်သွယ်မှုသတင်းများ
ဇွန်လ ၆ ရက်နေ့၊ Reuters သတင်းဌာန၏ Survey တစ်ခုဖော်ပြချက်တွင် မလေးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှုများ တည်ငြိမ်လျက်ရှိကာ ထုတ်လုပ်မှုမှာ ၂၀၂၃ ခုနှစ်၊ ယခုနှစ်ကာလအထိ အမြင့်ဆုံးဖြစ်ခဲ့၍ မေလကုန်၏ မလေးရှားစားအုန်းဆီ လက်ကျန်မှာ ပိုမိုများပြားနိုင်ကြောင်း ခန့်မှန်းထားသည်ကို တွေ့ရှိရပါသည်။ အဆိုပါ Surveyတွင် သဘောထားမေးမြန်းခဲ့သော ပါဝင်သူများ၏ခန့်မှန်းမှုအရ မလေးရှားနိုင်ငံတွင် သုံးလအတွင်း ထုတ်လုပ်မှုကျဆင်းခဲ့ရာမှ ရုတ်တရက် တန်ချိန် ၁.၆ သန်း ထုတ်လုပ်နိုင်ခဲ့သဖြင့် ဧပြီလထက် ၆.၈ ရာခိုင်နှုန်း တိုးမြှင့်သိုလှောင်နိုင်မည် ဟု ခန့်မှန်းထားရာ ယခင်နှစ်ထက် ၅ ရာခိုင်နှုန်းခန့် ပိုမိုများပြားမည်
အိန္ဒိယနိုင်ငံတွင် အတွင်းရေးမှူးများပါဝင်ဖွဲ့စည်းထားသောကော်မတီသည် ၂ဝ၂၃-၂ဝ၂၄ အတွက် ဈေးနှုန်းထောက်ပံ့ပေးသည့်အစီအစဉ်အရ မတ်ပဲ၊ ပဲစဉ်းငုံနှင့် ပဲနီလေးများအား ဝယ်ယူသည့်ပမာဏကန့်သတ်ချက်ကို ဖယ်ရှားသွားမည်ဟု အတည်ပြု ထုတ်ပြန်ခဲ့ပါသည်။ စားသုံးသူရေးရာဝန်ကြီးဌာနက အဆိုပါထုတ်ပြန်ချက်အရ လယ်သမားများအနေဖြင့် ယခုနှစ်အတွင်း ၄င်းတို့၏စိုက်ပျိုးထွက်ရှိသောပဲများကို လွတ်လပ်စွာရောင်းချခွင့်ရရှိသွားမည်ဖြစ်ကာ ထုတ်လုပ်မှုတိုးတက်စေရန် စိုက်ပျိုး သည့်ဧကကို တိုးချဲ့သွားကြမည်ဖြစ်ကြောင်းနှင့် အထူးသဖြင့် မတ်ပဲနှင့် ပဲစဉ်းငုံစိုက်ဧရိယာများ ပိုမိုများပြားလာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
၂ဝ၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ စုစုပေါင်းဆန်ထွက်ရှိမှုသည် ဒုတိယသီးနှံမှ တန်ချိန် ၇.၆ သန်းအပါအဝင် တန်ချိန် ၃၂.၇ သန်းမှ ၃၃.၂ သန်းကြား ရှိမည်ဖြစ်ပြီး ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့မှုတို့အတွက် လုံလောက်မည်ဖြစ်ကြောင်း၊ သို့ရာတွင် အယ်လ်နီညိုရာသီဥတု၏ အကျိုးသက်ရောက်မှုကြောင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ဆန်အထွက်နှုန်းမှာ ရာခိုင်နှုန်းအား ဖြင့် ၆% ၊ တန်ချိန်အားဖြင့် ၂၅.၁ သန်းမှ ၂၅.၆ သန်းအထိ ကျဆင်းသွားနိုင်ကြောင်း Kasikorn Research Center (KRC) ၏ ခန့်မှန်းချက်အရ သိရှိရပါသည်။
ယခုနှစ် ဇူလိုင်လမှစတင်၍ နေ့စဉ်ရေနံစိမ်းစည်ပေါင်း ၁ သန်းအား ထပ်မံလျှော့ချ၍ ထုတ်လုပ်မည်ဟု မေလ ၄ ရက်နေ့တွင် ပြောကြားခဲ့ပြီးနောက် ဆော်ဒီအာရေးဘီးယားနိုင်ငံသည် သိပ်သည်းဆ အလယ်အလတ်အဆင့်ရှိပြီး ဆာလ်ဖာ ပါဝင်မှုမြင့်မားသော Arab Light crude ရေနံစိမ်းများ၏ ဈေးနှုန်းကို ၆ လတာကာလအတွင်း အမြင့်ဆုံးဈေးနှုန်းသို့ မြှင့်တင်လိုက်ပါသည်။
၁။ ယခုနှစ် ဇူလိုင်လမှစတင်၍ နေ့စဉ်ရေနံစိမ်းစည်ပေါင်း ၁ သန်းအား ထပ်မံလျှော့ချ၍ ထုတ် လုပ်မည်ဟု ဆော်ဒီအာရေးဘီးယားနိုင်ငံက ပြောကြားခဲ့ပြီးနောက် ဇွန်လ ၅ ရက်၊ တနင်္လာနေ့ ဂရင်းနစ်စံတော်ချိန် ၀၆း၄၅ အချိန်ရှိ Brent ရေနံစိမ်းဈေးနှုန်းမှာ သောကြာနေ့ ဈေးကွက်ပိတ် သိမ်းချိန် ဈေးနှုန်းထက် တစ်စည်လျှင် ၁.၀၂ ဒေါ်လာ တစ်နည်းအားဖြင့် ၁.၃% မြင့်တက်လျက် ၇၇.၁၅ ဒေါ်လာသို့ရောက်ရှိခဲ့ပြီး အမေရိကန် West Texas Intermediate ရေနံစိမ်းဈေးနှုန်း သည်လည်း တစ်စည်လျှင် ၁.၀၂ ဒေါ်လာ (၁.၄%) မြင့် တက်လျက် ၇၂.၇၆ ဒေါ်လာသို့ ရောက်ရှိခဲ့ ကြောင်း သိရှိရသည်။
ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် အလားအလာရှိသော အဓိကသီးနှံများ၏ စတင်စိုက်ပျိုးမှုမှသည် စျေးကွက်တင်ပို့ရောင်းချမှုအခြေအနေများအား သိရှိနိုင်ရေးအတွက် စဉ့်ကိုင်မြို့နယ်၊ ပလိပ်ရှိ သဇင်နွယ်သရက်ခြံ၌ ပိုင်ရှင်ဖြစ်သူ ဒေါ်သန်းသန်းဆွေနှင့် တွေ့ဆုံ၍ သရက်သီးများ၏ စျေးနှုန်းစျေးကွက်အခြေအနေများအား မေးမြန်းခဲ့ပါသည်။
နှစ်နိုင်ငံတို့၏ ပူးတွဲကုန်သွယ်မှုဆိုင်ရာမစ်ရှင်အဖြစ် ဥရောပသမဂ္ဂသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အပြီးတွင် ဥရောပသမဂ္ဂ၏ သစ်တောပြုန်းတီးခြင်းဆိုင်ရာစည်းမျဉ်း (EUDR) သည် ဘက်လိုက်ခွဲခြားခြင်းနှင့် သဘာဝတရားအပေါ် ပြစ်ဒဏ်ချမှတ်ခြင်းသာဖြစ်ကြောင်း မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့က ဝေဖန်အပြစ်တင်ပြောဆိုခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၌ ကုန်ထုတ်လုပ်မှုကိုထိန်းသိမ်းနိုင်ရန် ကြိုးပမ်းမှုအဖြစ် ဆီအုန်း ပြန်လည်စိုက်ပျိုးမှုအစီအစဉ်အား ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုးခဲ့သည့် ဆီအုန်းစိုက်ခင်း ဧရိယာ၏ နှစ်ဆတိုးမြှင့်၍ အရှိန်မြှင့်တင်ဆောင်ရွက်မည်ဖြစ်သည်ဟု အစိုးရအရာရှိတစ်ဦးက မေလ ၃၀ ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့ကြောင်း The Star သတင်းဌာနက ဖော်ပြပါသည်။
ပြည်တွင်းစက်မှုဖွံ့ဖြိုးရေးကို မြှင့်တင်ဆောင်ရွက်ရန်အတွက် အင်ဒိုနီးရှားအစိုးရသည် LNG သဘာဝဓာတ်ငွေ့ရည် တင်ပို့မှုကို တားမြစ်ကန့်သတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများ ဖူလုံရေးဝန်ကြီးဌာနသည် ၂၀၂၂-၂၃ စိုက်ပျိုးရေးနှစ်အတွက် အဓိကသီးနှံများ ထွက်ရှိနိုင်မည့်အခြေအနေ တတိယအကြိမ်ခန့်မှန်းချက် ကို ၂၅-၅-၂၀၂၃ နေ့၌ ထုတ်ပြန်ခဲ့ရာ စုစုပေါင်းကောက်ပဲသီးနှံထုတ်လုပ်မှုမှာ ယခင်နှစ်ကထက် တန်ချိန် ၁၄၉.၁၈ သိန်း ပိုမိုလျက် အထွက်တန်ချိန်ပေါင်း ၃၃၀၅.၃၄ သိန်းအထိ စံချိန်တင် ရရှိနိုင်မည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ အဆိုပါပမာဏသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ်ကနဦးခန့်မှန်းချက်ထုတ်ပြန်ရာ၌ ခန့်မှန်းထားသည်ထက် ၂.၁% ပိုမိုလာခြင်းဖြစ်သည်။
အာဖရိကဒေသရှိ ဆီနီဂေါ၊ ဂမ်ဘီယာနှင့် ဂျီဘိုတီ နိုင်ငံများသို့ အစိုးရချင်း ညှိနှိုင်းသည့် G2G အစီအစဉ်ဖြင့် ဆန်ကွဲတန်ချိန် ၇၅၀၀၀ ကို တင်ပို့ဖွယ်ရှိကြောင်း အိန္ဒိယ ကုန်သည်အသိုင်းအဝိုင်းက ပြောဆိုလျက်ရှိကြပါသည်။ ပြည်ပနိုင်ငံများ၏ စားနပ်ရိက္ခာ ဖြည့်ဆည်းရန် လိုအပ်ချက်အရ ဆန်ကွဲတင်ပို့ခြင်းကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ပြီးခဲ့သည့် သီတင်းပတ်၌ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံ၌ ဆန်ကွဲတင်ပို့မှုကို ယေဘုယျအားဖြင့် တားမြစ်ထားသော်လည်း အခြားသောနိုင်ငံများ၏ စားနပ်ရိက္ခာဖူလုံမှု လိုအပ်ချက်အား ဖြည့်ဆည်းပေးရန်အတွက် သက်ဆိုင်ရာနိုင်ငံအစိုးရများမှ တောင်းဆိုလာပါက အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အခြားနိုင်ငံများသို့ ဆန်ကွဲတင်ပို့ခြင်းကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း အိန္ဒိယ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက မေလ ၂၄ ရက် ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။