ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
11 Nov 2024

    ထိုင်းနိုင်ငံ၌ စားသုံးဆီထုတ်လုပ်သူများအနေဖြင့် လက်လီဈေးနှုန်းများကို မြှင့်တင်ခြင်းမပြု လုပ်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တိုက်တွန်းပြောကြားထားကြောင်း သိရှိရပါသည်။

08 Nov 2024

တရုတ်နိုင်ငံ၏ ဂျုံတင်သွင်းမှုသည် တစ်နှစ်ထက်တစ်နှစ် ၅၇% ကျဆင်းခဲ့ပြီး ပြောင်းဝယ်ယူမှုမှာ ၈၁% ကျဆင်းခဲ့ကြောင်းသိရသည်။ ၎င်းသည် ကမ္ဘောပေါ်ရှိ ဒုတိယမြောက် ဂျုံနှင့်ပြောင်းအများဆုံးတင်သွင်းသော နိုင်ငံတစ်နိုင်ငံအတွက် နှစ်လဆက်တိုက် ရောင်းအားကျဆင်းခဲ့ခြင်းဖြစ်သည်။ အမေရိကန်စိုက်ပျိုးရေးဌာနသည် ၂၀၂၄-၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံမှ ဂျုံတန်ချိန် ၁၂သန်းနှင့် ပြောင်းတန်ချိန် ၁၉သန်းတင်သွင်းခဲ့ကြောင်း အမှတ်အသားပြုခဲ့သည်။ ၂၀၂၃-၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် ကနေဒါနိုင်ငံ၏ အကြီးဆုံးဂျုံဈေးကွက်ဖြစ်ပြီး ကနေဒါနိုင်ငံမှ ကောက်ပဲသီးနှံတန်ချိန် ၃.၁ သန်းဝယ်ယူခဲ့ကြောင်း ကနေဒါသီးနှံကော်မရှင်၏ အချက်အလက်များအရသိရသည်

08 Nov 2024

ယခုနှစ် အောက်တိုဘာလတွင် ဗီယက်နမ်သည် ဆန်တန်ချိန် ၈၀၀၀၀၀ တင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၀၅သန်းရရှိခဲ့သည့်အတွက် ယခုနှစ် ပထမဆယ်လတာကာလတွင် နိုင်ငံ၏ စုစုပေါင်းဆန်တင်ပို့မှုမှာ တန်ချိန် ၇.၈ သန်းရှိခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၄.၈၆ ဘီလီယံရရှိခဲ့ပြီဖြစ်ကြောင်းသိရပါသည်။ ထိုဆယ်လတာကာလတွင် ပျမ်းမျှဆန်တင်ပို့သည့်ဈေးနှုန်းမှာ ခန့်မှန်းတစ်တန်ကို ၆၂၆.၂ အမေရိကန်ဒေါ်လာရှိပြီး တင်ပို့မှုကြီးထွားလာခြင်းနှင့် ပြည်တွင်းထုတ်လုပ်နိုင်စွမ်းကြောင့် ယခုနှစ် ဆန်တင်ပို့မှုသည် ၂၀၂၃ခုနှစ်ကတင်ထားသည့် ဆန်တန်ချိန် ၈.၁ သန်းတင်ပို့သည့် စံချိန်ကိုကျော်ဖြတ်နိုင်ရန် မျှော်လင့်ရကြောင်းသိရပါသည်။ မဲခေါင်ဒယ်တာမှ ကုန်သ

08 Nov 2024

ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာဂျပန်သံရုံး (EOJ) တို့သည် ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍများတွင် လူစွမ်းအင်အရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ နှီးနှောဖလှယ်ခြင်းဖွင့်ပွဲအခမ်းအနားကို ကမ္ဘောဒီးယားဒစ်းဂျစ်တယ်နည်းပညာအကယ်ဒမီ (CADT) ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ MPTC မှတာဝန်ရှိသူများ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာဂျပန်သံရုံး (EOJ) ၊ ဂျပန်ပြည်တွင်းရေးရာနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (MIC)၊ Japan International Cooperation Agency (JICA) မှ ပညာရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍမှ အရေးပါသော

07 Nov 2024

ထိုင်းနိုင်ငံ၏ အကြီးမားဆုံးစက်မှုလုပ်ငန်းကော်ပိုရေးရှင်းဖြစ်သည့် Siam Cement Group (SCG) သည် ဗီယက်နမ်ရှိ ၎င်းတို့၏ အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံတန်ကြေးရှိသည့် Long Son ရေနံဓာတုလုပ်ငန်း (LSP) ကို ဓာတုပစ္စည်းများ၏ အကျိုးအမြတ်ရရှိမှုနည်းပါးသောကြောင့် တစ်လအကြာတွင် ရပ်နားလိုက်ကြောင်းသိရပါသည်။ ဓာတုပစ္စည်းလုပ်ငန်းသည် လွန်ခဲ့သည့် လပတ်များကတည်းက ကုန်လက်ကျန်များပြားမှုနှင့် လျှော့ချရသည့်ကိစ္စရပ်များနှင့် လုံးပန်းနေခဲ့ရပြီး များစွာသောလုပ်ငန်းများအပေါ် ဖိအားများသက်ရောက်စေကြောင်းသိရပါသည်။ ပြန်လည်စတင်မည့်အချိန်သည် ကမ္ဘာ့ဝယ်လိုအားအရှိန်အဟုန်ဖြင့် မြင့်တက်မှုအပေါ် မူတည်ကြောင်း SCG ကပြောကြားခဲ့ပါသည်။

07 Nov 2024

    ဗီယက်နမ်နှင့် UAE နှစ်နိုင်ငံသဘောတူစီးပွားရေးစာချုပ် (CEPA)၊ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူစာချုပ်ကို အရှေ့အလယ်ပိုင်းဒေသဖြစ်သည့် ဗီယက်နမ်နိုင်ငံတွင် ချု်ပဆိုခဲ့ကြောင်း ဗီယက်နမ်ကုန်သွယ်မှုဝန်ကြီးဌာနက အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုသဘောတူစာချုပ်ပါ ဆွေးနွေးချက်များကို တစ်နှစ်အတွင်းဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ကြကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh က ဒူဘိုင်းတွင် တနင်္လာနေ့က ပြောကြားခဲ့ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာခဲ့သည်။ ဤသဘောတူချက်သည် အရှေ့အလယ်ပိုင်းကုန်သွယ်ရေးကဏ္ဍ ပိုမိုမြင့်တက်လာစေရန်အတွက် စိုက်ပျိုးရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ နည်းပညာကဏ္ဍနှင

07 Nov 2024

      အိန္ဒိယနိုင်ငံ၏ ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းသည် လွန်ခဲ့သည့်ငါးနှစ်အတွင်း ကဏ္ဍများစွာတွင် ကောင်းမွန်သော အမြတ်အစွန်းများရရှိခဲံပြီး အထူးသဖြင့် ရေနံ၊ ကျောက်မျက်ရတနာ၊ စိုက်ပျိုးရေးနှင့်သကြား စသည့် ကဏ္ဍများသည် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုတွင် ရှယ်ယာပါဝင်မှုတိုးလာသောကြောင့် လွန်ခဲ့သည့်ငါးနှစ်အတွင်း ကောင်းမွန်သော အကျိုးကျေးဇူးများရရှိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရသိရသည်။ ၂၀၁၈ နှင့် ၂၀၂၃ တွင် အိန္ဒိယတင်ပို့မှုဝေစုတိုးလာသည့် အခြားကဏ္ဍများမှ လျှပ်စစ်ပစ္စည်း pneumatic တာယာများ၊ ပိုက်များ၊ အဆို့ရှင်များနှင့် ဆီမီးကွန်ဒတ်တာများဖြစ်သည်။ အိန္ဒိယ၏ဈေးကွက်ဝေ

07 Nov 2024

        ထိုင်းနိုင်ငံ၏ ယခုနှစ်တင်ပို့မှုသည် ၂% ကျော်ကြီးထွားနိုင်ပြီး ယခင်ခန့်မှန်းချက်ကို ကျော်ဖြတ်နိုင်ကြောင်း ထိုင်းအမျိုးသားပို့ဆောင်ရေးလုပ်ငန်းရှင်များကောင်စီက ၅-၁၁-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ Chaichan Chareonsuk ကအဆိုးဆုံးအနေဖြင့် အကယ်၍ ယခုနှစ် စတုတ္ထ ၃လပတ်ကာလကြီးထွားမှုသည် ၂၀၂၃ခုနှစ်နှင့်တူညီပါက တင်ပို့မှုသည် ၂% ကျော်သင့်ကြောင်းပြောကြားခဲ့ပါသည်။ စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သည့် တင်ပို့မှုသည် စက်တင်ဘာလတွင် နှစ်အစပိုင်းထက် ၁.၁% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထိုင်းအစိုးရသည် ယခုနှစ်၏ တင်ပို့မှုကြီးထွားနှုန်းကို ၂% ရည်မှန်းထားပြီး စံချိန်

07 Nov 2024

 အာရှ-အာဖရိက-အရှေ့အလယ်ပိုင်းကော်မတီဥက္ကဋ္ဌ Dewan Saiful Alam ဦးဆောင်သော ဟောင်ကောင်အထွေထွေကုန်သည်ကြီးများအသင်း (HKGCC) ၏ ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် အလားအလာများကို ပိုမိုလေ့လာရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ကြသည်။ ကိုယ်စာလှယ်အဖွဲ့ကို ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ကမ္ဘောဒီးယားရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ လက်ထောက်အထွေထွေအတွင်းရေးမှူး Nut Unvoanra က လက်ခံတွေ့ဆုံခဲ့သည်။ Nut Unvoanra သည် ကမ္ဘောဒီးယားနိုင်ငံ၏ မက်ခရိုစီးပွားရေးတိုးတက်မှု၊ ငွေကြေးဖောင်းဖွမှုနှုန်း၊ ရင်းနှီးမြှုပ်နှံမှုတိုးတက်မှု၊ ငွ

07 Nov 2024

      အိန္ဒိယနိုင်ငံ၊ Chennai တွင် နိုဝင်ဘာလ ၂၇ရက်နေ့မှ ၂၉ရက်နေ့အထိကျင်းပမည့် International Engineering Sourcing Show ( IESS ) ၏ ၁၂ကြိမ်မြောက်ပြပွဲတွင် စိတ်ပါဝင်စားသောလုပ်ငန်းများနှင့် ကုမ္ပဏီများအားလုံးပါဝင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) မှတောင်းဆိုထားသည်။ IESS သည် စီးပွာရေးဆိုင်ရာလုပ်ငန်းများ၊ ရောင်းချသူဖွံဖြိုးတိုးတက်ရေးတွေ့ဆုံပွဲများနှင့် စက်မှုလုပ်ငန်းဆိုင်ရာတွေ့ဆုံပွဲများနှင့် စက်မှုလုပ်ငန်းဆိုင်ရာအထူးအခွင့်အရေးများကိုပေးဆောင်ခြင်းဖြင့် အိန္ဒိယရှိ အင်ဂျင်နီယာကဏ္ဍတွင် နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကိုတိုးတက်လာစေရန် ထုတ်ပြန

07 Nov 2024

      (၇)  ကြိမ်မြောက် တရုတ်အပြည်ပြည်ဆိုင်ရာ သွင်းကုန်ကုန်စည်ပြပွဲ (CIIE) ကို Shanghai မြို့တွင်ကျင်းပခဲ့သည်။ နိုင်ဝင်ဘာလ ၅ရက်နေ့မှ ၁၀ရက်နေ့အထိကျင်းပသော ကုန်စည်ပြပွဲကို နိုင်ငံပေါင်း ၁၅၂နိုင်ငံ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် အလုပ်ခေါင်းဆောင် ၂၉၇ဦးတက်ရောက်ခဲ့သည်။ CIIE သည် တရုတ်နိုင်ငံ၏ အဓိကပွင့်လင်း မြင်သာသောအစီအမံများနှင့် တိုးတက်မှုအခွင့်အလမ်းသစ်များကို အခြားနိုင်ငံများနှင့်မျှဝေရန် ဆောင်ရွက်သည်။ တရုတ်နိုင်ငံသည် နိုင်ငံခြားကုန်သွယ်မှုတိုးတက်မှုကို တွန်းအားပေးရန်နှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်နိုင်ရန် မူဝါဒများချမှတ်ခဲ

07 Nov 2024

        ၂၀၂၄ ခုနှစ်အောက်တိုဘာလအထိ ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် စက်ရုံစုစုပေါင်း ၁,၂၇၃ ခုရှိခဲ့ပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၉.၀၈ ဘီလီယံရှိပြီး နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း၏ ၄၅.၄၉ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ စက်မှု၊ သိပ္ပံနှင့် နည်းပညာဆန်းသစ်တီထွင်မှုဝန်ကြီး Hem Vandy ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wang Wenbin တို့ တွေ့ဆုံမှုတွင် နှစ်နိုင်ငံ ကာလကြာရှည် ချစ်ကြည်ရင်းနှီးမှုရှိပြီး စက်မှုနည်းပညာ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံအကြား အဓိကမဏ္ဍိုင်တစ်ခုအဖြစ် ဆောင်ရွက်နေကြောင်း Hem Vandy မှ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည

Pages