ပြည်ပကုန်သွယ်မှုသတင်းများ
ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် ဇန်နဝါရီလမှ သြဂုတ်လအထိ စုစုပေါင်း တန်ချိန် ၂.၈ သန်း ရှိပြီး ၂၀၂၃ ခုနှစ် အလားတူကာလ၌ တင်သွင်းခဲ့သော ဆန်တန် ၂.၃ သန်းထက် ၁၉ ရာခိုင်နှုန်း ပိုမိုခဲ့ကြောင်း ဖိလစ်ပိုင် လယ်ယာစိုက်ပျိုးရေးဦးစီးဌာန (DA) ၏ အချက်အလက်များ အရ သိရသည်။
ဆန်တင်သွင်းသည့် နိုင်ငံအများစုသည် ဆန်မွှေးအမျိုးအစားကို ဝယ်ယူလျက်ရှိမှုနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ကျွန်းနိုင်ငံများ အများအပြားနှင့် အခြား ၉ နိုင်ငံတို့အပါအဝင် စျေးကွက်အသစ်များသို့ ဆန်တင်ပို့မှု ချဲ့ထွင်သွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) ၏ ဥက္ကဋ္ဌ Chan Sokheang က ပြောကြားခဲ့သည်။
အဓမ္မအလုပ်ခိုင်းစေမှု သို့မဟုတ် ကလေးလုပ်သား အသုံးပြု၍ ထုတ်လုပ်သည်ဟု သံသယရှိသောပို့ကုန်စာရင်းမှ ထိုင်းနိုင်ငံ၏ ပုစွန်ထွက်ကုန်များအား အမေရိကန်အစိုးရမှ ဖယ်ရှားလိုက်သည်ဟု ထိုင်းအလုပ်သမားဝန်ကြီး Phiphat Ratchakitprakarn က ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသို့သာမက အခြားနိုင်ငံများသို့ပါ ဆန်တင်ပို့နိုင်မည့် အခွင့်အရေးများနှင့် အတူ အင်ဒိုနီးရှားကုမ္ပဏီများအနေဖြင့် ဆန်စက်လုပ်ငန်းများ၌ ၁၀၀ ရာခိုင်နှုန်းပြည့် ရင်းနှီးမြှုပ်နှံ ရန် ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော အင်ဒိုနီးရှားနိုင်ငံမှ ကာကွယ်ရေး ဝန်ကြီးနှင့် ရွေးကောက်ခံသမ္မတဖြစ်သူ Mr. Prabowo Subianto အား စက်တင်ဘာ ၆ ရက်နေ့ တွင် အထက်လွှတ်တော်နန်းတော်၌တွေ့ဆုံစဉ် ခေတ္တနိုင်ငံ့အကြီးအကဲ Mr. Hun Sen က ဆွေးနွေး အကြံပြုခဲ့ကြောင်း Khmer Times သတင်းဌာနက ဖော်ပြပါသည်။
ဗီယက်နမ်နိုင်ငံတွင် သရက်၊ လုံငန်းသီး (သို့မဟုတ်) တောကြက်မောက်သီး၊ လိုင်ချီးနှင့် နဂါးမောက်သီးတို့ပြီးလျှင် ပင်မှည့်သီးသည် ဩစတြေးလျနိုင်ငံသို့် ပဥ္စမမြောက်တရားဝင်တင်ပို့ သည့် သီးနှံတစ်ခုဖြစ်လာကြောင်း သိရှိရပါသည်။
ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးမှုဝန်ကြီးဌာန အောက်ရှိ အပင်ကာကွယ်ရေး ဦးစီးဌာနနှင့် ဗီယက်နမ်ရှိ ဩစတြေးလျသံရုံးတို့ ပူးပေါင်းလျက် ဗီယက်နမ်ပင်မှည့်သီးများကို ဩစတြေးလျသို့တင်ပို့မှုနှင့် ဩစတြေးလျဆီးသီးများကို ဗီယက်နမ်သို့ တင်သွင်းမှု စတင်ကြောင်း ကြေညာသည့် အခမ်းအနားကို စက်တင်ဘာလ ၉ ရက်နေ့၌ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်စပါးနှင့် ငရုတ်ကောင်းကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အမေရိကန်နိုင်ငံ၌ သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် နောက်တစ်ကြိမ်ထပ်မံ၍ သမ္မတအဖြစ် ရွေးကောက်ခံရပါက ကုန်သွယ်ရေးတင်းမာမှု မြင့်မားလာနိုင်ခြေရှိခြင်းကို စိုးရိမ်မှုနှင့်အတူ ကုန်သည်များက ဈေးနှုန်းများနိမ့်ကျနေသည့် အခွင့်အရေးအားအရယူလျက် ဝယ်ယူစုဆောင်းကြ သဖြင့် တရုတ်နိုင်ငံ၏ ဩဂုတ်လအတွင်း ပဲပုပ်စေ့တင်သွင်းမှုမှာ တန်ချိန် ၁၂.၁၄ သန်းအထိ စံချိန် တင် မြင့်တက်ခဲ့ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံ၌ B100 ခေါ် ဇီဝဒီဇယ် ၁၀၀ ရာခိုင်နှုန်း စက်သုံးဆီ၏ ရည်ညွှန်းဈေးနှုန်းကို မည်သည့်အများပြည်သူဆိုင်ရာ သတင်းဌာနများတွင်မဆို ကြေညာခြင်းမပြုရန် တားမြစ်ပိတ်ပင်သည့် အမိန့်အား စွမ်းအင်မူဝါဒနှင့်စီမံကိန်းရုံးမှ မကြာသေးမီက ထုတ်ပြန်ခဲ့ခြင်းကို ပယ်ဖျက်ပေးရန်အတွက် စက်တင်ဘာ ၉ ရက်နေ့တွင် စွမ်းအင်ဝန်ကြီး Pirapan Salirathavibhaga ထံ တွေ့ဆုံအရေးဆိုရန် ဆီအုန်းစိုက်ပျိုးသောတောင်သူများ၏ ကိုယ်စားလှယ်များက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ ရေလွှမ်းမိုးမှုများကြောင့် ထိခိုက် ပျက်စီးမှုဖြစ်ပေါ်လျက်ရှိရာ ရိတ်သိမ်းရရှိနိုင်မည့် ဧရိယာပမာဏသည် ဟက်တာပေါင်း ၁၁.၅ သန်း အောက်သို့ လျော့ကျဖွယ်ရှိပြီး ၂၀၂၄-၂၅ ဈေးကွက်ရာသီနှစ်တွင် ကြိတ်ခွဲပြီး ဆန်တန်ချိန် ၃၆.၈ သန်းခန့်သာ ထွက်ရှိနိုင်မည်ဟု အမေရိကန်ပြည်ထောင်စု၊ စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ ပြည်ပစိုက်ပျိုးရေးဝန်ဆောင်မှုဌာန (Foreign Agricultural Service ̶ FAS) က အစီရင်ခံဖေါ်ပြ ခဲ့သည်။
ကြံစိုက်ပျိုးသူများအတွက် တည်ငြိမ်သော အကျိုးအမြတ်ရရှိစေရန် ပြည်တွင်းရောင်းလိုအား ဟန်ချက်ညီရန် အစိုးရ၏ စီမံချက်တစ်စိတ်တစ်ပိုင်းအနေဖြင့် ဖိလစ်ပိုင်သည် အမေရိကန်သို့ သကြားအကြမ်းထည် ၂၅၃၀၀ မက်ထရစ်တန်ကို ၃-၉-၂၀၂၄ ရက်နေ့က တင်ပို့ခဲ့ပြီး အမေရိကန် ဈေးကွက်သို့ တရားဝင်ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရပါသည်။ အမေရိကန်၏ အကောက်ခွန်နှုန်း၊ ခွဲတမ်း(TRQ)စနစ်အောက်တွင် သကြားတင်သွင်းရန်အတွက် စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်သို့ အရောက် တင်ပို့ရမည်ဟု သိရပါသည်။ ဖိလစ်ပိုင်သည် တင်သွင်းသည့်ကုန်ပစ္စည်းများအား အတော်အသင့်နည်းပါးသည့် အကောက်ခွန်နှုန်းထားဖြင့် ဝင်ရော

ကြံထွက်ရှိမှုနည်းပါးမည်ဟု မျှော်မှန်းရသောကြောင့် အိန္ဒိယအစိုးရသည် သကြားတင်ပို့ခွင့်ကို (၂)နှစ်ဆက်တိုက်ပိတ်ပင်ရန် စီစဉ်ထားကြောင်း သိရပါသည်။ ဘိုင်အိုလောင်စာအတွက် ထောက်ပံ့မှုပေးနိုင်ရေးအရှိန်မြှင့်တင်ရန် အားထုတ်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ရေနံကုမ္ပဏီများက သကြားစက်များထံမှ အီသနောဝယ်ယူမှုများရှိနေကြောင်း သိရပါသည်။ ကမ္ဘာ့သကြား ဈေးကွက်တွင် အိန္ဒိယပါဝင်မှုသည် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့နိုင်စွမ်းကို ကျုံ့သွားစေပြီး အမေရိကန်နှင့် အင်္ဂလန်တို့တွင် သကြားဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကမ္ဘာ့ အကြီးမားဆုံး သကြားထုတ်လုပ်သူ ဘရာဇီးသည် မိုးခေါင်မှုကြောင့် အထွက်နှုန်းကျဆင်း
ပင်မှည့်သီးသည် သရက်သီး၊ သမင်မျက်လုံးသီး(Longan)၊ လိုင်ချီးသီးနှင့် နဂါးမောက်သီးတို့၏နောက်တွင် ဩစတြေးလျသို့ တရားဝင်တင်ပို့ခဲ့သည့် (၅)ခုမြောက်အမျိုးအစားဖြစ်လာကြောင်း သိရပါသည်။ စက်တင်ဘာလ ၉ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ အပင်ကာကွယ်ရေးဦးစီးဌာနနှင့် ဗီယက်နမ်နိုင်ငံရှိ ဩစတြေးလျသံရုံးနှင့်ပူးပေါင်း၍ ဗီယက်နမ်ပင်မှည့်သီးများ ဩစတြေးလျသို့တင်ပို့မှုနှင့် ဩစတြေးလျမက်မန်းသီးများအား ဗီယက်နမ်က တင်သွင်းမှုတို့ကို ကြေညာရန် အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အပင်ကာကွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ Huynh Tan Dat က ဗီယက်နမ်တွင် အပူပိုင်းဒေသထွက် သစ်သီးများတွင် ကြီးမားသည့်အလားအလာနှင့်
