ပြည်ပကုန်သွယ်မှုသတင်းများ
အင်ဒိုနီးရှားသမ္မတ Joko Widodo က ဒုတိယအကြိမ်မြောက် အင်ဒိုနီးရှား-အာဖရိကဖိုရမ် (IAF) ၂၀၂၄ တွင် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံတန်ကြေးရှိသော စံချိန်တင်စီးပွားရေး သဘောတူညီချက်များရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ ပမာဏသည် ၂၀၁၈ က ကျင်းပခဲ့သည့် ပထမအကြိမ်မြောက် IAF ထက် (၆)ဆမြင့်မားခဲ့ကြောင်း သိရှိရပါသည်။ Jokowi က ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်အတွက် သော့ချက်အဖြစ် အင်ဒိုနီးရှား၏အဖွဲ့တိုင်းနှင့် အထူးသဖြင့် အာဖရိကဒေသနှင့် မိတ်ဖက်ပြုလုပ်ရန် အင်ဒိုနီးရှား၏ အဆင်သင့်ဖြစ်နေမှုကိုအသားပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ သမ္မတ၏အဆိုအရ အင်ဒိုနီးရှား-အာဖရိက မိတ်ဖက်ပြုမှ

တရုတ်နိုင်ငံရှိ Jiang Provincial Building Material Group.,Ltd ၏ ဥက္ကဌဖြစ်သူ Wensheng Chen က ကုမ္ပဏီသည် ကမ္ဘောဒီးယားတွင် ဘိလပ်မြေစက်ရုံ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း ဖော်ပြခဲ့သည်ဟု သိရှိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏ ကမ္ဘောဒီးယားနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Chea Vuthy နှင့် အစည်းအဝေးအတွင်း Chen က ၎င်းတို့၏ ကမ္ဘောဒီးယားခရီးစဉ်သည် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်သစ်ရှာဖွေရန်ဖြစ်ပြီး အထူးသဖြင့် ဘိလပ်မြေစက်ရုံထူထောင်ရန် စဉ်းစားလျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။ Vuthy က ရင်းနှီးမြှုပ်နှံမှုစီမံ

အင်ဒိုနီးရှားသမ္မတ Joko Widodo သည် အဓိကကဏ္ဍ(၃)ခုဖြစ်သည့် စားအုန်းဆီ၊ အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် လိုက်ဘေးရီးယားသမ္မတ Joseph Nyuma Boakai နှင့် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ အစည်းအဝေးကို ဘာလီမြို့တွင်ကျင်းပခဲ့သည့် High-Level Forum on Multi-Stakeholder Partnership(HLF-MSP)နှင့် 2nd Indonesia-Africa Forum(IAF)တွင် တွေ့ဆုံစဉ် သီးခြားဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ သမ္မတ Jokowi က အင်ဒိုနီးရှားနှင့် လိုက်ဘေးရီးယားတို့သည် ဆယ်စုနှစ်(၆)စုနီးပါး အပြန်အလှန်ကောင်းမွန်သည့် ဆက်ဆံရေးရှိကြောင်း၊ နှစ်ဦး

ဗီယက်နမ်နိုင်ငံအစိုးရသည် ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်ကားများအတွက် မှတ်ပုံတင်ကြေးအား ၅၀ရာခိုင်နှုန်းယာယီဖြတ်တောက်ပေးမည်ဟု ဩဂုတ်လ ၃၀ရက်နေ့တွင် ကြေညာခဲ့ကြောင်းသိရပါသည်။ အဆိုပါမူဝါဒသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေ့မှ နိုဝင်ဘာလ ၃၀ရက်နေ့အထိ သက်ရောက်မည်ဖြစ်ပြီး ထိုကာလပြီးဆုံးပါက ပုံမှန်ပေးသွင်းရသည့်ပမာဏကို ပေးဆောင်ရမည်ဟုသိရပါသည်။ အဆိုပါမူဝါဒသည် ၂၀၂၄ခုနှစ်၏ ပထမနှစ်ဝက်တွင် အစီးရေ ၆၇၈၄၉စီးသာရောင်းချခဲ့ရသည့် သိသာစွာရောင်းအားကျဆင်းခဲ့သော ပြည်တွင်းကားဈေးကွက်ကိုလှုံ့ဆော်ရန် ရည်ရွယ်ကြောင်းသိရပါသည်။ ထိုဖြတ်တောက်မှုသည် ပြည်တွင်းမော်ဒယ်များထက် စွမ်းဆောင်ရည်သာလွန်သည့် တင်သွင်းထားသော မော်တ

ဗီယက်နမ်စတီးလ်လုပ်ငန်းသည် ပြည်တွင်းဈေးကွက်ကို လွှမ်းခြုံလာသည့် ပြည်ပပြိုင်ဘက်များ အထူးသဖြင့် တရုတ်နိုင်ငံမှတင်သွင်းလာသည့် စတီးလ်ထုတ်ကုန်များ၏ ပြင်းထန်သည့် ယှဉ်ပြိုင်မှုနှင့်ရင်ဆိုင်နေရကြောင်းသိရပါသည်။ လုပ်ငန်းမှ ကျွမ်းကျင်ပညာရှင်များက လက်ငင်းတုံ့ပြန်ဆောင်ရွက်မှုမရှိပါက ပြည်တွင်းထုတ်လုပ်သူများ အကြပ်အတည်းနှင့်ရင်ဆိုင်ရနိုင်ကြောင်း သတိပေးခဲ့သည်ဟုသိရပါသည်။ ဗီယက်နမ်နိုင်ငံစတီးလုပ်ငန်းအသင်း (VSA)၏ အဆို အရ နှစ်စဉ် ပြည်တွင်းစတီးလ်ထုတ်လုပ်နိုင်စွမ်းသည် စတီးလ်အရိုင်း ၂၃သန်းနှင့် စတီးလ်ထုတ်ကုန်အချော ၃၈.၆သန်းရှိကြောင်းသိရပါသည်။ ယခုနှစ်တွင် စတီးလ်ထုတ်ကုန်အချောထုတ်လုပ်မှု သန်း၃၀နှ

မကြာသေးမီက ပြန်လည်ဖွင့်လှစ်ထားသော တရုတ်ဈေးကွက်အတွင်းသို့ ကင်ညာမှ ထောပတ်သီးတင်ပို့မှုပမာဏသည် ယခုနှစ်တွင် ၈၀% ကျဆင်းသွားခဲ့ပြီး တင်ပို့သူများသည် အမြတ်များစွာရရှိနိုင်မည့် ဥရောပနှင့် မြောက်အမေရိကဈေးကွက်များသို့ ဦးစားပေးတင်ပို့နိုင်ရန် မျက်စိကျလျက်ရှိသည်။

Geely, Chery နှင့် JAC တို့သည် မြောက်အာဖရိကတွင် ၎င်း၏တည်ရှိမှုကိုခိုင်မာစေရန် အယ်ဂျီးရီးယားတွင် ကားထုတ်လုပ်ဖြန့်ချိသွားမည်ဖြစ်သည်။ ၎င်းအချက်အလက်အား အယ်ဂျီးရီးယားဆိုင်ရာ တရုတ်သံအမှတ် Li Jian က ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ၂၀၂၃ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့သော အယ်လ်ဂျီးရီးယား၏ သွင်းကုန်ကန့်သတ်ချက်အပေါ် တရုတ်ကားထုတ်လုပ်သူများ၏ တုံ့ပြန်မှုတစ်ရပ်ဖြစ်ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီး (အနောက်)နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆီထွက်သီးနှံကို ယခုနှစ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာနိုင်ကြောင်း သိရပါသည်။ မိုးနှမ်းစိုက်တောင်သူများအနေဖြင့် မိုးကြိုနှမ်းအား မေလတွင် စတင်စိုက်ပျိုးပြီး ၂လခွဲခန့်ကြပါက စတင်ရိတ်သိမ်းကြောင်း သိရှိရပါသည်။ စမုံနက်နှမ်းမျိုးကို စိုက်ပျိုးမှုများလာပြီး ယခုနှစ်မျိုးနှမ်း (၁) ပြည်လျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူရပြီး တစ်ဧကအတွက် မျိုးနှမ်း(၃)ပြည် အသုံးပြုရပါသည်။ ယခုနှစ် မိုးနှမ်းတစ်ဧက စိုက်ပျိုးစရိတ်အနေဖြင့် (မျိုးဖိုး၊ ထယ်ထိုးခ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ အလုပ်သမားခ) အပါအဝင် စုစုပေါင်း ကု

ထိုင်းနိုင်ငံ စီးပွားကူးသန်းဝန်ကြီးဌာန၏ အကြီးတန်းအရာရှိတစ်ဦးက ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် ၂၀၂၅ ခုနှစ်တွင် အပြန်အလှန်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ရောက်ရှိရန် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ စီးပွားကူးသန်းဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Noppadon Kuntamas က ကမ္ဘောဒီးယားနှင့်ထိုင်းနိုင်ငံအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်အောက်တွင် နှစ်နိုင်ငံလုံးသည် ကုန်သွယ်မှုမြှင့်တင်ရန်နှင့် နှစ်နိုင်ငံ ခေါင်းဆောင်များက လုပ်ပိုင်ခွင့်ပေးထားသည့် အကောင်အထည်ဖော်ရန် ကျန်ရှိ

ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(CDC)သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း စုစုပေါင်းအမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံတန်ဖိုးရှိသည့် ရင်းနှီး မြှုပ်နှံမှုစီမံကိန်း ၃၉၁ ခုကို ခွင့်ပြုချက်ပေးခဲ့ကြောင်း သိရှိှိရသည်။ ရင်းနှီးမှုအများစုသည် အမေရိကန်၊ တရုတ်၊ ဂျပန်၊ ကနေဒါ၊ တောင်ကိုရီးယား၊ ဆွီဒင်၊ ဥရောပသမဂ္ဂ၊ ဩစတြေးလျနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများထံမှဖြစ်ကြောင်း သိရှိှိရသည်။ CDC ၏ ဒုတိယဥက္ကဌဖြစ်သူ Sun Chanthol ၏ အဆိုအရ စီမံကိန်း ၃၉၁ ခုသည် အလုပ်အကိုင်အသစ် ၃၄၀၀၀၀ ကို ဖန်တီးနိုင် ကြောင်း ပြောကြားခဲ့ပါသည်။ ယခင်အစိုးရ၏ နောက်ဆုံး ၁၂ လနှင့်နှိုင်းယှဉ်ပါက စီ

တောင်ကိုရီးယားနိုင်ငံ၊ စိုက်ပျိူးမွေးမြူရေး၊ အစားအသောက်နှင့် ကျေးလက်ရေးရာဝန်ကြီးဌာန(MAFRA)သည် ကိုရီးယားကုမ္ပဏီ ၁၅ ခုမှ ကိုယ်စားလှယ်အဖွဲ့အား ၎င်းတို့၏လယ်ယာသုံး စက်ပစ္စည်းများ ဗီယက်နမ်သို့တင်ပို့ခွင့်ရရန်အတွက် ကြေညာမိတ်ဆက်ရန် ဩဂုတ်လ ၂၆ မှ ၃၁ ရက်နေ့အထိ ဗီယက်နမ်သို့ စေလွှတ်သွားမည်ဟု သိရပါသည်။ MAFRA ၏ ထုတ်ပြန်ချက်အရ ဗီယက်နမ်သည် တောင်ကိုရီးယား လယ်ယာသုံးစက်ပစ္စည်းများနှင့် တပ်ဆင်ပစ္စည်းများတင်ပို့ရာ အရေးပါသော ဈေးကွက်တစ်ခုအဖြစ်ပေါ်ထွက်လာပြီး ၂၀၂၃ ခုနှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၁.၀၂ ဘီလီယံတန်ဖိုးရှိသည့် လယ်ယာသုံးစက်ပစ္စည်းများအား တောင်ကိုရီးယားထံမှ တင်သွင်းခဲ့ကြောင်း သိရပါသည်။

တရုတ်နိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာန(MOC)သည် ဗီယက်နမ်-တရုတ် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးတက်ရန်နှင့် အဆင့်မြှင့်တင်ရန် စီမံချက်များချမှတ်သွား မည်ဖြစ်ကြောင်း ဌာန၏ပြောခွင့်ရပုဂ္ဂိုလ် Ha Yadong က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။ He က လတ်တလောနှစ်များအတွင်း နှစ်နိုင်ငံကြားကုန်သွယ်ရေးသည် လျင်မြန်စွာ ကြီးထွားခဲ့ပြီး အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးသည်လည်း စံချိန်တင်ရလဒ် ထွက်ပေါ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ He ၏ အဆိုအရ တရုတ်သည် လတ်တလောတွင် ဗီယက်နမ်၏အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်နှင့် ဗီယက်နမ်လယ်ယာထွက်ကုန်များတင်ပို
