ပြည်ပကုန်သွယ်မှုသတင်းများ
ဗီယက်နမ်နိုင်ငံသို့ နည်းပညာ၊ အီလက်ထရောနစ်၊ ပြန်လည်သုံးစွဲနိုင်သောစွမ်းအင် အစရှိသည့် များစွာသောနယ်ပယ်တို့တွင် တရုတ်၏ အားကောင်းသော ရင်းနှီးမြှုပ်နှံမှုများဝင်ရောက် လျက်ရှိကြောင်းသိရပါသည်။ လွန်ခဲ့သည့်လတွင် တရုတ်နိုင်ငံ၏ Sunwoda Group မှ ကိုယ်စားလှယ်အဖွဲ့သည် Bac Giang ပြည်နယ်သိူ့လာရောက်လည်ပတ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများရှာဖွေခဲ့ကြောင်းသိရပါသည်။ အဆိုပါလုပ်ငန်း၏ အထွေထွေညွှန်ကြားရေးမှူး Xiang Hai Biao က Sunwoda သည် အီလက်ထရောနစ်အစိတ်အပိုင်းများထုတ်လုပ်ရန် အမေရိကန်ဒေါ်လာ သန်း၃၀၀တန်ကြေးရှိ စက်ရုံတည်ဆောက်ရန် စီစဉ်နေကြောင်းပြောကြားခဲ့ပါသည်။ ယခင်ကလည်း Sunwoda သည

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Hun Manet သည် ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုကိုပြသခဲ့သည့် တရုတ်နိုင်ငံ Guangdong ပြည်နယ်၏မြို့တော် Shantou မှ တရုတ်ကုမ္ပဏီများကို ကြိုဆိုတွေ့ဆုံခဲ့ကြောင်း ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်အရသိရပါသည်။ တရုတ်ကွန်မြူပါတီ၏ Shantou မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူးဖြစ်သူ Wen Zhanbin ဦးဆောင်လာသည့် ကုမ္ပဏီ ၉ခုပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ကို Peace Palace တွင်တွေ့ဆုံခဲ့ပြိး Shantou မြို့တော်ကိုယ်စားလှယ်အဖွဲ့၏ အောင်မြင်မှုများကို အသိအမှတ်ပြုခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံတွင် အလားအလာရှိသောကဏ္ဍအစုံ

နှစ်နိုင်ငံလုံး၏ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနများက ပူးပေါင်းကျင်းပသည့် အကြီးမားဆုံး နှစ်စဉ်ကုန်သွယ်မှုမြှင့်တင်ရေးပွဲတော်ဖြစ်သည့် ဗီယက်နမ်-လာအိုကုန်စည်ပြပွဲ ၂၀၂၄ (VIETLAO EXPO)ကို ဗီယက်နမ်နိုင်ငံ၌ ဇူလိုင်လ ၂၅ရက်နေ့မှ ၂၉ရက်နေ့အထိကျင်းပပြုလုပ်ခဲ့ပါသည်။ ဇူလိုင်လ ၂၅ရက်နေ့တွင် ကျင်းပခဲ့သည့် ဖွင့်ပွဲအခမ်းအနား၌ လာအိုနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Nguyen Ba Hung က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဦးနှစ်ဖက်ပတ်သက်ဆက်နွှယ်မှုတွင် ကြာရှည်သော အခြေခံအုတ်မြစ်တစ်ခုဖြစ်လာခဲ့ပြီး ဖွံ့ဖြိုး တိုးတက်မှုကိုပြသနေကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် လာအို၏ အကြီးမာ

မလေးရှားနိုင်ငံသည် ၂၀၃၀ပြည့်နှစ်တွင် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ရင်းဂစ် ၃၀၀ဘီလီယံခန့်ကိုဆွဲဆောင်နိုင်ရန် ရည်မှန်းထားကြောင်း မလေးရှားနိုင်ငံရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ် ရေးနှင့် စက်မှုဝန်ကြီးဌာန(MITI)က ပြောကြားခဲ့ကြောင်းသိရပါသည်။ MITI ၏ ဝန်ကြီးဖြစ်သူ Tengku Datuk Seri Zafrul Abdul Aziz က မလေးရှားနိုင်ငံသည် ၂၀၁၇ခုနှစ်မှ ၂၀၂၃ခုနှစ် အတွင်း အဆိုပါကဏ္ဍ၌ ရင်းဂစ် ၄၀ဘီလီယံသာဆွဲဆောင်နိုင်ခဲ့ကြောင်း၊ နိုင်ငံ၏ တည်ငြိမ်သောအနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုများလိုအပ်ကြောင်းနှင့် ၂၀၃၀ပြည့်နှစ်တွင် အစိမ်းရောင်ရင်းနှီး မြှုပ်နှံမှုတန်ဖိုး ရင်းဂစ် ၃၀၀ဘီလီယံရရှိရန် အရေ

အီတလီသည် ယူဂန်ဒါကော်ဖီကို ထိပ်တန်းတင်သွင်းသူအဖြစ် ဆက်လက်လွှမ်းမိုးထားပြီး ယူဂန်ဒါ၏ ကော်ဖီတင်ပို့မှုမဟာဗျူဟာတွင် ရေးပါသောအခန်းကဏ္ဍမှ အားဖြည့်ပါဝင်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအတွက် အလားအလာရှိသောနယ်ပယ်များကို မီးမောင်းထိုးပြပြီး တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုလိုအပ်လျက်ရှိကြောင်း ဝန်ကြီးချုပ် ဟွန်မာနက် ကသြဂုတ်လ ၂၀ရက်နေ့တွင်ပြောကြားခဲ့သည်။
ကုမ္ပဏီ ၁၂ခုပါဝင်သော တရုတ်စီးပွားရေးကိုယ်စားလှယ်အဖွဲ့နှင့် ဖနွမ်းပင်မြို့တွင် တွေ့ဆုံစဉ် မစ္စတာဟွန်မာနက်က တရုတ်ရင်းနှီးမြှုပ်နှံသူများ၏စိတ်ဝင်စားမှုကို ကြိုဆိုခဲ့ကြောင်း ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

စက်မှုလုပ်ငန်းသုံး စက်ယန္တရားများ၊ ဆဲလ်ဖုန်းများ၊ အိုးများနှင့် ဒယ်အိုးများအပါအဝင် တရားမဝင်တင်သွင်းလာသော IDR ၂၀.၂၂ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁.၃ဘီလီယံ)တန်ဖိုးရှိ ကုန်ပစ္စည်းများကို အင်ဒိုနီးရှားအာဏာပိုင်များက သြဂုတ်လ ၁၉ရက်နေ့တွင် ဖျက်စီးခဲ့သည်။
အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan ကတင်သွင်းလာသော ကုန်ပစ္စည်းများသည် သွင်းကုန်စည်းကမ်းကိုလိုက်နာခြင်းမရှိကြောင်း၊ ယင်းကုန်ပစ္စည်းများတွင် အင်ဒိုနီးရှား နိုင်ငံ၏ စံချိန်စံညွှန်းနှင့်မကိုက်ညီသော ကြိတ်ခွဲစက်များ၊ တူးဖော်သည့်စက်များ၊ မိုဘိုင်းလ်ဖုန်းများနှင့် တက်ဘလက်များပါဝင်ပါသည်။

ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုတို့တွင် ပူးပေါင်းဆောင်ရွက်ရန် ဗီယက်နမ်နှင့်တရုတ်အတွက် ကြီးမားသောအခန်းကဏ္ဍရှိနေသေးကြောင်း တရုတ်ကျွမ်းကျင်ပညာရှင်များပြောကြား ချက်အရသိရပါသည်။

အီသီယိုပီးယားနိုင်ငံအစိုးရသည် ဓါတ်ဆီကားများနှင့် လုံခြုံရေးပစ္စည်းများ အပါအဝင် ကုန်ပစ္စည်းများကို နိုင်ငံခြားငွေဖြင့် ငွေပေးချေရန် မလိုအပ်ဘဲ တင်သွင်းခွင့်ပြုမည်ဟု ကြေညာထားသည်။ ၎င်းအား France Valuta စနစ်ဖြင့် အကောင်အထည်ဖော်မည်ဖြစ်သည်။

ကမ္ဘာ့စားအုန်းဆီ အများဆုံးတင်ပို့သည့် အင်ဒိုနီးရှားနိုင်ငံတွင် ပြည်တွင်းစားအုန်းဆီ ဈေးနှုန်း တည်ငြိမ်စေရန်အတွက် ပြည်တွင်းဈေးကွက်အတွင်း ရောင်းချပေးရန်တာဝန်ရှိမှု (Domestic Market Obligation-DMO) စည်းမျဉ်းများ တစ်နည်းအားဖြင့် ပြည်တွင်းစားအုန်းဆီ ထုတ်လုပ်မှုပမာဏအပေါ် မူတည်၍ ပြည်တွင်းသုံးစွဲမှုနှင့် တင်ပို့မှုပမာဏအချိုးအစား သတ်မှတ် သည့်စည်းမျဉ်းအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့ပါသည်။ အဆိုပါ DMO အစီအစဉ်အရ စားအုန်းဆီ ထုတ်လုပ်သူများအနေဖြင့် ပို့ကုန်ပါမစ်ရရှိရေးအတွက် ၎င်းတို့၏ စားအုန်းဆီထုတ်လုပ်မှုမှ တစ်စိတ်တစ်ပိုင်းကို ပြည်တွင်းဈေးကွက်သို့ ကန့်သတ်ထားသည့်
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ (၇) လတွင် စုစုပေါင်းတန်ချိန် ၈၃၀၀၀၀ ထုတ် လုပ်မှုဖြင့် ကမ္ဘောဒီးယားသည် အိုင်ဗရီကို့စ်နိုင်ငံ၏နောက်တွင် သီဟိုဠ်စေ့ကုန်ကြမ်း ကမ္ဘာ့ဒုတိယ အများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်လာကြောင်း ကမ္ဘောဒီးယားသီဟိုဠ်စေ့လုပ်ငန်းအသင်း (CAC) ၏ အစီရင်ခံစာအရ သိရှိရသည်။

အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဆန်ပို့ကုန်လုပ်ငန်းများအသင်း (ARIA) ၏ အုပ်ချုပ်ရေးအဖွဲ့အသစ် သည် နယူးဒေလီမြို့တွင် ဩဂုတ်လ ၁၆ ရက်နေ့၌ အစည်းအဝေးတစ်ရပ်ကျင်းပလျက် အနိမ့်ဆုံး ပို့ကုန်စျေးနှုန်း (Minimum Export Price - MEP) မြင့်မားမှုကြောင့် ဆန်လုပ်ငန်းတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုများနှင့် ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှုအား တားမြစ်ထားသည့်ကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။
