ပြည်ပကုန်သွယ်မှုသတင်းများ
အိန္ဒိယပြည်တွင်း ဈေးကွက်အတွင်း ဂျုံဝယ်ယူရရှိလွယ်မှုကို တိုးတက်စေရန်နှင့် ဂျုံဈေးနှုန်း များကို သင့်တင့်မျှတစေရန်အတွက် ကုန်သည်များ၊ ပြုပြင်ထုတ်လုပ်သူများနှင့် လက်လီရောင်းချ သူများ လက်ဝယ်၌ သိုလှောင်ခွင့်ရှိသော ဂျုံပမာဏကို လျှော့ချကန့်သတ်လိုက်ကြောင်း အိန္ဒိယ စားနပ်ရိက္ခာဝန်ကြီးဌာနက ၈-၂-၂၀၂၄ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။
အိန္ဒိယနိုင်ငံတွင် ပြည်သူများ အစဉ်အလာအားဖြင့် စားသုံးလေ့မရှိသော ဆန်မျိုးကွဲအချို့ကို ပြည်ပသို့တင်ပို့နိုင်ရန်အတွက် အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် ပြုပြင်ထုတ်လုပ်ပြီး စားသောက် ကုန်များတင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (APEDA) သည် ဆန်နီ (Red Rice)၊ ငချိတ်ဆန် (Black Rice) နှင့် ကာလာနာမက်ဆန် (Kalanamak Rice) ဟုခေါ်ဆိုသည့် စပါးခွံ အမည်းဆန် ကဲ့သို့သော ပထဝီ ကုန်အညွှန်းအမှတ်အသား (GI) များရှိသည့် ဆန်မျိုးကွဲများအတွက် သီးခြား HSN codes များကို တီထွင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ သီဟိုဠ်စေ့ကဏ္ဍကို မြှင့်တင်ရန်အတွက် ဥရောပဈေးကွက်တွင် သရေစာထုတ်လုပ်သည့် ထိပ်တန်းကုမ္ပဏီဖြစ်သော Intersnack လုပ်ငန်းအုပ်စုသည် ကမ္ဘော ဒီးယား စိုက်ပျိုးရေးသမဝါယမ ကော်ပိုရေးရှင်း (CACC) ထံမှ သီဟိုဠ်စေ့ အဆန်ခြောက် ထုတ်ကုန် များကို ဝယ်ယူမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ဇန်နဝါရီလတွင် ပြည်ပသို့ ကော်ဖီတန်ချိန် ၂၃၀၀၀၀ တင်ပို့ ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၂၃ သန်းရရှိခဲ့ရာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၆၁.၆% နှင့် တန်ဖိုးအားဖြင့် ၁၀၀.၃% တိုးတက်ခဲ့ကြောင်း ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ယခင်နှစ် စိုက်ပျိုးမှုဧရိယာနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ကုလားပဲစိုက်ပျိုးမှု မှာ လျော့နည်းခဲ့သည့်အပြင် ကာနာတကာကဲ့သို့သော ပြည်နယ်များ၌ ရာသီဥတုကောင်းမွန်မှု မရှိသဖြင့် အထွက်နှုန်းကျဆင်းဖွယ်ရှိပြီး ဈေးကွက်ပြတ်လပ်မှု ဖြစ်ပေါ်နိုင်ခြင်းကြောင့် ၂၀၂၄ ခုနှစ် မတ်လကုန်ဆုံးချိန်၌ အိန္ဒိယ၏ စားတော်ပဲတင်သွင်းမှုမှာ တန်ချိန် ၁၀ သိန်းအထိ ရောက်ရှိနိုင်ကြောင်း ကုန်သည်အသိုင်းအဝိုင်းက ခန့်မှန်းလျက်ရှိသည်။

အိန္ဒိယနိုင်ငံ၌ ကုလားပဲဖူလုံမှုအတွက် စိုးရိမ်ရန် မရှိကြောင်းပြောဆိုမှုနှင့်အတူ ရှေ့လာမည့် နေ့ရက်များအတွင်း ပဲစင်းငုံနှင့် မတ်ပဲတို့၏ ဈေးနှုန်းများ သင့်တင့်မှုမရှိပဲ လွန်ကဲစွာ မြင့်တက်မှုရှိ ပါက ပဲမျိုးစုံ ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ ထိရောက်သော စီမံဆောင်ရွက်မှုများ လုပ်ဆောင်မည်ဟု အိန္ဒိယအစိုးရက သတိပေးပြောဆိုကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။
ဗီယက်နမ်နိုင်ငံသည် ၂၀၂၃ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ တတိယမြောက် အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် နှစ်နှစ်ဆက်တိုက်ရပ်တည်နိုင်ခဲ့ကြောင်း ဒေတာအချက်အလက်များအရသိရပါသည်။ ၂၀၂၃ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုပမာဏမှာ စုစုပေါင်းအမေရိကန်ဒေါ်လာ (၇၉.၄၃) ဘီလီယံရှိခဲ့ပြီး တောင်ကိုရီးယားနိုင်ငံမှ ဗီယက်နမ်သို့ ပို့ကုန်တင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၅၃.၄၉) ဘီလီယံရှိကာ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ (၂၇.၅၅) ဘီလီယံရှိခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၊ နိုင်ငံတကာကုန်သွယ်ရေးအသင်း၏ ဒေတာအချက်အလက်များအရသိရပါသည်။ တောင်ကိုရီးယာ

ထိုင်းနှင့်သီရိလင်္ကာ နှစ်နိုင်ငံကြား လွတ်လပ်စွာကုန်သွယ်မှုသဘောတူစာချုပ်ကို ၃-၂-၂၀၂၄ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ရာ သီရိလင်္ကာနိုင်ငံအတွက် ဆယ်စုနှစ်များစွာအတွင်း တွေ့ကြုံနေရသည့် အဆိုးရွားဆုံးဘဏ္ဍာရေးအကျပ်အတည်းမှ ရုန်းထွက်နိုင်ရေး အထောက်အကူ ပြုနိုင်မည်ဟု မျှော်လင့်ရကြောင်း Bangkok Post သတင်းဌာနက ဖော်ပြပါသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ရော်ဘာထွေထွေဌာန၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ် အတွက် ရော်ဘာကဏ္ဍ ထုတ်လုပ်မှုတန်ဖိုးမှာ အမေရိဒေါ်လာ ၅၃၆ သန်းရှိခဲ့ရာ ရော်ဘာစေး တင်ပို့မှုသည် ဒေါ်လာ ၄၉၀.၆ သန်း၊ ရော်ဘာသစ်သား တင်ပို့မှုသည် ဒေါ်လာ ၁.၆ သန်းနှင့် ပြည်တွင်း ရော်ဘာစေးသုံးစွဲမှုတန်ဖိုးသည် ဒေါ်လာ ၄၃.၈ သန်းပါဝင်ကြောင်း ဖနွမ်းပင်ပို့စ် သတင်းဌာနက ၆-၂-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။

သီရိလင်္ကာနိုင်ငံတွင် အဓိကသီးနှံရာသီ၌ ဒီဇင်ဘာလအထိ စိုက်ပျိုးထားရှိပြီးဖြစ်သော ဧရိယာ အပေါ် အခြေခံလျက် မဟာရာသီစပါး ရိတ်သိမ်းမှုမှာ မက်ထရစ်တန်ချိန် ၂.၆၁ သန်းခန့် ထွက်ရှိနိုင်မည်ဟု သီရိလင်္ကာစိုက်ပျိုးရေး ဦးစီးဌာနက ပြောကြားခဲ့ပါသည်။
မဟာရာသီစပါး စိုက်ပျိုးထားရှိမှုမှာ ယခင်နှစ်ကထက် ၄.၀% တိုးတက်လျက် ဧရိယာ ၇၈၄,၃၅၇ ဟက်တာရှိပြီး သီးနှံရာသီအတွက် စိုက်ပျိုးရန် လျာထားချက်အပေါ် ၉၁% စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ဆန်စပါးလုပ်ငန်းကို အားကောင်းလာစေရန်အတွက် သိသာထင်ရှား သော လှုပ်ရှားမှုတစ်ခုအဖြစ် စိုက်ပျိုးရေးဦးစီးဌာန၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဦးစီးဌာနနှင့် အမျိုးသားဆည်မြောင်းဦးစီးဌာန တို့သည် ဆန်စပါးတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (Integrated Rice Supply Chain Development) အကောင်အထည်ဖော်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာတစ်စောင်ကို ၂-၂-၂၀၂၄ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရသည်။

ယခုနှစ်၌ ကာလကြာရှည် ခြောက်သွေ့မှုဖြစ်ပေါ်ခြင်း၏ သက်ရောက်မှုကြောင့် ဆန်စပါး ထုတ်လုပ်မှုကျဆင်းနိုင်ဖွယ်ရှိသဖြင့် နိုင်ငံ၏စပါးကျီဖြစ်သော လူဇုန်ကျွန်းအလယ်ပိုင်းဒေသ (Central Luzon) ရှိ စပါးစိုက်ခင်းများ၏ အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ဖိလစ်ပိုင် အမျိုးသားဆည်မြောင်းစီမံခန့်ခွဲရေးဌာန (NIA) က ၃၁-၁-၂၀၂၄ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါသည်။
