ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
01 Jul 2024

   အင်ဒိုနီးရှားနိုင်ငံ၏ အရန်ဆန်သိုလှောင်မှု ခိုင်မာစေရေးအတွက် နိုင်ငံပိုင် ထောက်ပံ့ ပို့ဆောင်ရေး အဖွဲ့အစည်းဖြစ်သော Bulog ၏ မကြာသေးမီက ဆောင်ရွက်ခဲ့သည့် ကမ္ဘောဒီးယား နိုင်ငံရှိ ဆန်ကုမ္ပဏီများအား ရယူပိုင်ဆိုင်မည့် အစီအစဉ်နှင့် ပတ်သက်၍ ပြဿနာတစ်စုံတစ်ရာ မရှိဟု စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ပြောကြားခဲ့သည်။

01 Jul 2024

    ကမ္ဘာ့နိုင်ငံအများစုတွင် ကော်ဖီသီးနှံအသစ် စတင်ထွက်ပေါ်သည့် အောက်တိုဘာလ၌ ကော်ဖီထုတ်လုပ်မှုသည် အိတ် ၇ သန်း (ရာခိုင်နှုန်းအားဖြင့် ၄.၁ %) ခန့် ထုတ်လုပ်မှုတိုးတက်လာ မည်ဟု ခန့်မှန်းထားကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ ၆ လပတ်အစီရင်ခံစာ၌ ဖော်ပြချက်ကို ကိုးကားလျက် Hellenic Shipping News သတင်းဌာနက ၂၂-၆-၂၀၂၄ ရက်နေ့တွင် ဖော်ပြပါသည်။

01 Jul 2024

    ပြည်တွင်းဆန်ဖူလုံမှုကို မြှင့်တင်ရေးအတွက် ကမ္ဘောဒီးယား ဆန်ကုမ္ပဏီများကို သိမ်းသွင်း ရယူရန် မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံ၏ စီစဉ်မှုသည် ပို့ကုန်ဆိုင်ရာ ကန့်သတ်ချက်များနှင့် လယ်ယာမြေပိုင်ဆိုင်ခွင့်ဆိုင်ရာ ဥပဒေများကြောင့် အတားအဆီးများနှင့် ကြုံတွေ့ရနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောဆိုလျက်ရှိကြသည်။

01 Jul 2024

    ထိုင်းနိုင်ငံတွင် ပြည်သူပိုင်သိုလှောင်ရုံလုပ်ငန်းအဖွဲ့ (Public Warehouse Organisation - PWO) သည် နှစ်ဟောင်းဆန် တန်ချိန် ၁၅၀၀၀ ကို လေလံတင်ရောင်းချရာတွင် လေလံဈေးနှုန်းနှင့် ပတ်သက်၍ အငြင်းပွားမှုများကြောင့် တရားဝင်မဖြစ်သေးပဲ လေလံအောင်မြင်ထားသည့် ကုမ္ပဏီအား ပြန်လည်ရုတ်သိမ်းပြီး အခြားကုမ္ပဏီများနှင့် ညှိနှိုင်းဖွယ်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သတင်းရင်းမြစ်တစ်ခုအရ သိရှိရသည်။

01 Jul 2024

    အိန္ဒိယနိုင်ငံ Kottayam မြို့တွင် ကျင်းပခဲ့သော ရော်ဘာဘုတ်အဖွဲ့၏ ၁၈၇ ကြိမ်မြောက် အစည်းအဝေး၌ အမှုဆောင်ညွှန်ကြားရေးမှူး M Vasanthagesan က အိန္ဒိယ သဘာဝရော်ဘာ ကဏ္ဍ၏ လက်ရှိအခြေအနေကို တင်ပြချက်အရ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၌ ထုတ်လုပ်မှု တန်ချိန် ၈၇၅၀၀၀ နှင့် သုံးစွဲမှုတန်ချိန် ၁၄၂၅၀၀၀ သို့ အသီးသီး တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း သိရှိရသည်။

01 Jul 2024

   အိန္ဒိယနိုင်ငံ၏ နေရာဒေသများစွာ၌ အပူလှိုင်းကျရောက်မှုမှာ အားပျော့လာခဲ့ပြီးနောက် ကြက်သွန်နီ၊ အာလူးနှင့် လတ်ဆတ်ဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းများ ကျဆင်းလာမည့် အရိပ် အခြေရှိသော်လည်း ဂျုံဈေးနှုန်းများ မြင့်တက်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် ဂျုံသိုလှောင်နိုင်ခွင့် ကန့်သတ်ချက်များကို ဗဟိုအစိုးရက ၂၄-၆-၂၀၂၄ ရက်၊ တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

01 Jul 2024

     အိန္ဒိယနိုင်ငံတွင် ဈေးကွက်အတွင်း ကုန်စည်ရရှိလွယ်မှုကို ကောင်းမွန်စေရန်နှင့် သိုလှောင်ဈေးကစားမှုများကို ကာကွယ်တားဆီးနိုင်ရန်အတွက် ကုန်သည်လုပ်ငန်းရှင်များ၏ လက်ဝယ်၌ ပဲစင်းငုံနှင့်ကုလားပဲတို့အား အများဆုံးသိုလှောင်ထားနိုင်မည့် ပမာဏကန့်သတ်ချက်များကို အစိုးရ က ၂၁-၆-၂၀၂၄ နေ့တွင် ထုတ်ပြန်ခဲ့သည်။

01 Jul 2024

     အိန္ဒိယနိုင်ငံ၏ စားအုန်းဆီတင်သွင်းမှုသည် ယခုနှစ်မေလတွင် တန်ချိန် ၇၆၃၃၀၀ ဖြစ်ရာ ယခင်နှစ်ကာလတူ၌ တင်သွင်းမှု ၄၃၉၁၇၃ တန်အပေါ် ၇၄ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ကြောင်း၊ ယင်းသို့ တင်သွင်းမှုမြင့်တက်ရခြင်းမှာ ပြည်တွင်းဝယ်လိုအားမြင့်တက်လာမှုကို အပြည့်အဝ ဖြည့် ဆည်းပေးနိုင်ရန်ဖြစ်ကြောင်း၊ မေလတွင် စုစုပေါင်း စားသုံးဆီတင်သွင်းမှုမှာ တန်ချိန်  ၁၅.၂၉ သိန်း ဖြစ်ပြီး ယခင်နှစ် မေလ၌ တန်ချိန် ၁၀.၅၈ သိန်းသာ တင်သွင်းမှုရှိကြောင်း အိန္ဒိယ ဆီကြိတ်ခွဲထုတ် လုပ်သူများအသင်း (Solvent Extractors Association-SEA) က ၁၃-၆-၂၀၂၄ ရက်နေ့တွင် ပြော ကြားခဲ့ပါသည်။

27 Jun 2024

     စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှု ဒုတိယဝန်ကြီး Do Thanh Trung နှင့် အိုင်ယာလန်နိုင်ငံခြား‌ရေးဝန်ကြီး Martin Heydan တို့သည် သံတမန်ရေးနှင့်ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး နားလည်မှုစာချွန်လွှာကို ပြီးခဲ့သည့်သီတင်းပတ်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

27 Jun 2024

ကမ္ဘောဒီးယားနိုင်ငံကုန်သည်ကြီးများ အသင်းဥက္ကဌ Kith Meng က အာဆီယံ နှစ်နိုင်ငံ ကြား ခိုင်မာသော စီးပွားရေးဆက်ဆံမှု တည်ဆောက်ရန်အတွက် ပူးပေါင်းရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြ ရန် စင်္ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို တောင်းဆိုခဲ့သည်။

27 Jun 2024

     ထိုင်းနိုင်ငံ၏ မေလတွင် ပြည်ပသို့တင်ပို့မှုပမာဏမှာ လွန်ခဲ့သည့်နှစ် မေလကထက် ၇.၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး ၁၄ လအတွင်း အမြင့်ဆုံးဖြစ်ကာ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ တင်ပို့နိုင်မှုက ယခုလိုမြင့်တက်လာရသည့် အဓိကအကြောင်းအရင်းဖြစ်စေကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး၏ညွှန်ကြားရေးမှူးချုပ် Poonpang Naiyanapakorn က မေလတွင် ထိုင်းနိုင်ငံ၏ ပြည်ပတင်ပို့မှုပမာဏမှာ အမေရိကန်‌ဒေါ်လာ ၂၆.၂ ဘီလီယံရှိကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာကုန်ထုတ်လုပ်မှုကဏ္ဍမှာလည်း ပြန်လည်နာလန်ထူလာကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံ၏ ရွှေ၊ ရေနံနှင့်ဆက်စပ်ပစ္စည်း၊ စစ်လက်

27 Jun 2024

     တရုတ်နိုင်ငံနှင့်မလေးရှားနိုင်ငံတို့၏ သံတမန်ဆက်ဆံရေးနှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်ဝန်ကြီးချုပ် Li Qiang မလေးရှားနိုင်ငံသို့ အလည်အပတ်ခရီးရောက်ရှိနေစဉ်အတွင်း တရုတ်နှင့်မလေးရှားနိုင်ငံတို့သည် ၅ နှစ်သက်တမ်းရှိသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။ Li Qiang သည် မလေးရှားဝန်ကြီးချုပ် Anwar Ibrahim နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒစ်ဂျစ်တယ်စီးပွား‌ရေးမှ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ အိမ်ရာစီမံကိန်း၊ ခရီးသွားကဏ္ဍ၊ ဆက်သွယ်ရေးနှင့် အခြားကဏ္ဍများပါဝင်သော ဒါဇင်ကျော်သည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် သဘောတူလက်မှတ်ရေးထိ

Pages

a