ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
02 Sep 2024

    လွန်ခဲ့သည့်(၁၀)စုနှစ်တာကာလတွင် အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုတန်ဖိုးများ မြင့်တက်လာသော်လည်း အင်ဒိုနီးရှားနိုင်ငံခြား‌ရေးဝန်ကြီး Rento Marsudi က အင်ဒိုနီးရှား သည် တရုတ်ထံမှ အရည်အသွေးရှိသော ရင်းနှီးမြှုပ်နှံမှုများကို တံခါးဖွင့်ထားကြောင်း ပြောကြားခဲ့ပါသည်။ Marsudi က ၎င်းတို့သည် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုနှင့် အုပ်ချုပ်မှု စည်းကမ်းများကို လေးစားမှုရှိသည့် အရည်အသွေးရှိသော ရင်းနှီးမြှုပ်နှံမှုများကို တရုတ်ထံမှ အလိုရှိကြောင်း ၂၃-၈-၂၀၂၄ ရက်နေ့က ပြောကြားခဲ့ကြောင်း သိရှိှိရသည်။ Marsudi က အဆိုပါ မှတ်ချက်ကို ဘေဂျင်း၌ကျင်းပသော (၅)ကြိမ်မြောက် အင်ဒိုနီးရှား-တရ

02 Sep 2024

   Cloudနည်းပညာနှင့် ဒေတာစင်တာဝယ်လိုအားတိုးလာခြင်းကြောင့် ထိုင်းနိုင်ငံ၏ hard disk ထုတ်လုပ်မှုကို တိုးချဲ့ရန်အတွက် Western Digital ၏ ဘတ်၂၃.၅ ဘီလီယံ(အမေရိကန် ဒေါ်လာ ၆၉၃ သန်း) စီမံကိန်းကို ထိုင်းနိုင်ငံမှအတည်ပြုလိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံ မှုဘုတ်အဖွဲ့ (BOI) က သြဂုတ်လ ၂၆ ရက်(တနင်္လာနေ့)က ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

    ရင်းနှီးမြှုပ်နှံမှုသည် ထိုင်းနိုင်ငံစီးပွားရေးကို တစ်နှစ်လျှင် ဘတ် ၂၀၀ ဘီလီယံတန်သော ပို့ကုန်များနှင့် အလုပ်အကိုင်ပေါင်း ၁၀၀၀၀ အပိုဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း (BIO)က ဆိုသည်။

02 Sep 2024

    တတိယအကြိမ်မြောက် တစ်ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ကုန်စည်ပြပွဲအား တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ပြည်နယ်မြို့တော် Hongzhou တွင် ၂၀၂၄စက်တင်ဘာ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အိကျင်းပမည်ဖြစ်ပြီး ကာဇက်စတန်နှင့် ထိုင်းနိုင်ငံတို့မှ ဂုဏ်ပြုဧည့်သည်များ ပါဝင်မည်ဖြစ်ကြောင်းသိရှိရပါသည်။ အဆိုပါကုန်စည်ပြပွဲသည်ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရန်နှင့် ဖွံ့ဖြိုး တိုးတက်မှုမြှင့်တင်ရန် ကမ္ဘာ့ဒစ်ဂျစ်တယ်ကုန်သွယ်မှု အရင်းအမြစ်များကိုအသုံးချရန် ရည်ရွယ်ထားကြောင်း တရုတ်နိုင်ငံ၏  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဗျူရို၏ လက်ထောက်ညွှန်ကြားရေးမှူး Deng Bo က (၂၄.၈

02 Sep 2024

    အင်ဒိုနီးရှား ရွေးကောက်ခံသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည် လာမည့်နှစ်အစောပိုင်းတွင် စားအုန်းဆီ ၅၀ ရာခိုင်နှုန်းကိုရောနှော၍ ဇီဝဒီဇယ်ဆီ(B50) အစီအစဉ်အား မဖြစ်မနေ အကောင် အထည်ဖော်ရန် မျှော်လင့်ထားပြီး လောင်စာဆီတင်သွင်းမှုကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ (ရင်းဂစ် ၈၆.၉၅ ဘီလီယံ) လျှော့ချနိုင်မည်ဖြစ်ကြောင်း  The Edge Malaysia သတင်း ဌာနက ဖော်ပြပါသည်။

02 Sep 2024

    ဂျပန်နိုင်ငံ၌ ယခုနှစ်ရိတ်သိမ်းထွက်ရှိမှုဖြင့် ဆန်ရောင်းလိုအားမှာ ပြန်လည်တိုးတက်လာမည်ဖြစ်၍ ဈေးဝယ်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်စွာဖြင့် ဝယ်ယူခြင်းမှ ရှောင်ကြဉ်ကြရန် စိုက်ပျိုးရေးဝန်ကြီးက တိုက်တွန်းပြောဆိုထားကြောင်း၊ ယခုဖြစ်စဉ်သည် ဆန်ပြတ်လပ်မှုကြောင့် စတိုးဆိုင်များတွင် ဆန်ဝယ်ယူရရှိရန် ခက်ခဲနေသည်ဟု  စားသုံးသူများက သတင်းပေးပို့မှုအရ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရပါသည်။

02 Sep 2024

     အင်ဒိုနီးရှားနိုင်ငံပိုင် ဝယ်ယူရေးအေဂျင်စီ Bulog သည် ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော ဆန်ဖြူ မက်ထရစ်တန် ၃၅၀,၀၀၀ ဝယ်ယူရန်အတွက် ယခုနှစ်အတွင်း ၎င်း၏ သတ္တမအကြိမ် မြောက် ဆန်အဝယ်တင်ဒါခေါ်ယူမှုကို သြဂုတ်လ ၂၃ ရက်နေ့တွင် ကြေညာခဲ့ပါသည်။

02 Sep 2024

    စားအုန်းဆီ ထိပ်တန်းထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် ရောင်းလိုအားလျော့ကျမည့် အလားအလာများ ရှိနေသော်လည်း ကမ္ဘာ့စားအုန်းဆီ ထိပ်တန်းဝယ်ယူသူဖြစ်သော အိန္ဒိယနိုင်ငံ သည် ပိုမိုမြင့်မားသော သွင်းကုန်အခွန် စည်းကြပ်ကောက်ခံမည့် အခြေအနေရှိခြင်းက မလေးရှား ဈေးကွက်၌ ဩဂုတ်လ ၂၈ ရက်နေ့ ဈေးကွက်ပိတ်သိမ်းချိန်တွင် စားအုန်းဆီကြိုရောင်းဈေးနှုန်းများ ကို ကျဆင်းစေခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

02 Sep 2024

     ဖိလစ်ပိုင်နိုင်ငံ၏ ဆန်စပါးကဏ္ဍတွင် အမျိုးမျိုးသော ရာသီဥတုပြဿနာများကို ဆက်လက် တွေ့ကြုံနေရသဖြင့် နိုင်ငံ၏ တစ်နှစ်ပတ်လုံး စပါးထွက်ရှိမှုသည် ယခင်နှစ်က စံချိန်တင်ခဲ့သော တန်ချိန် ၂၀.၀၆ သန်းနှင့် ကိုက်ညီသည့် ပမာဏသည်သာ အကောင်းဆုံးအဆင့်ဖြစ်နိုင်ကြောင်း စိုက်ပျိုးရေးအရာရှိ တစ်ဦးက ပြောကြားခဲ့ပါသည်။

02 Sep 2024

   ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ်တွင်  အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ကျော်လွန်ခဲ့မှုနှင့်အတူ ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာအား မြန်ဆန်စွာအကောင်အထည်ဖော်ရေး ၂၂-၈-၂၀၂၄ ရက်နေ့၊ ကြာသပတေးနေ့တွင် နှစ်နိုင်ငံအကြား သဘောတူခဲ့ကြောင်း သိရှိရသည်။

02 Sep 2024

     ဘင်္ဂလားပင်လယ်အော်၌ မုတ်သုံလေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်မှုနှင့်အတူ မိုးသည်း ထန်စွာ ရွာသွန်းမှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရုတ်တရက် ရေကြီးမှုများဖြစ်ပေါ်ခြင်းက အနည်းဆုံး ခရိုင် ၁၂ ခု၌ စိုက်ပျိုးထားရှိသော မိုးကြိုစပါးများ၊ မိုးစပါးများ၊ မိုးစပါးပျိုးခင်းများနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများကို ကြီးမားစွာ ထိခိုက်ပျက်စီးစေလျက်ရှိကြောင်း The Business Standard သတင်းဌာနက ဖော်ပြပါသည်။

30 Aug 2024

    ဂျပန်နိုင်ငံ၏ ရေခဲမုန့်များအား ပြည်ပမှ ဝယ်လိုအား မြင့်တက်လျက်ရှိပြီး ၂၀၂၃ ခုနှစ်တွင် ရေခဲမုန့်တင်ပို့မှု တန်ဖိုးသည် တစ်နှစ်ထက်တစ်နှစ် ၂၃.၅% တိုးမြှင့်လာခဲ့ပြီး ယန်း ၈ ဘီလီယံ အထိစံချိန်တင်မြင့်မားခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းဇယား အရ သိရသည်။ ပမာဏအားဖြင့် ၁၀၁၃၈ တန် တင်ပို့ခဲ့ပြီး ယခင်နှစ်ကထက် ၁၉.၈% တိုးတက်ခဲ့ သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်းပို့ကုန်များတဖြည်းဖြည်းမြင့်တက်လာခဲ့သည်။

28 Aug 2024

     ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပါကစ္စတန်၏ ပြည်တွင်း ပို့ကုန်သည် ၈.၉၀% သိသိသာသာတိုးတက်လာပြီး နိုင်ငံ၏ ကုန်သွယ်မှုစွမ်းဆောင်ရည်တွင် အပြုသဘောဆောင် လမ်းကြောင်းကို ရောင်ပြန်ဟပ်စေခဲ့သည်။

Pages