ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Aug 2024

      ဂျာမဏီနိုင်ငံ၏ ပို့ကုန်လုပ်ငန်းရှင်များသည် ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံထက် ပိုလန်နိုင်ငံသို့ ကုန်ပစ္စည်းပိုမိုရောင်းချခဲ့ကြောင်း သြဂုတ် ၁၆ရက်နေ့တွင်ပြုလုပ်ခဲ့သော လေ့လာဆန်းစစ်မှုတစ်ခုအရသိရသည်။

  ဂျာမဏီနှင့် အရှေ့ဥရောပနိုင်ငံများကြား ကုန်သွယ်မှုကိုမြင့်တင်ရန်ရည်ရွယ်သည့် စည်းရုံးရေးအဖွဲ့ဖြစ်သည့် အရှေ့ဥရောပစီးပွားရေးဆက်ဆံရေး ကော်မတီ၏ အချက်အလက်များအရ ပိုလန်သို့ ဂျာမဏီမှ ကုန်ပစ္စည်းတင်ပို့မှုသည် ၄.၆ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယခုနှစ်၏ ပထမခြောက်လတွင်း ယူရို ၄၈.၄ဘီလီယံ(ဒေါ်လာ ၅၃.၂ဘီလီယံ)ရှိကြောင်းပြသခဲ့သည်။

19 Aug 2024

    မလေးရှားနိုင်ငံ၏ စားအုန်းဆီ လက်ကျန်ပမာဏသည် မကြာသေးမီက ကျဆင်းလာခဲ့ ပြီးနောက် လာမည့်လများအတွင်း ပြန်လည်တိုးလာနိုင်ပြီး တန်ချိန် နှစ်သန်းအထိ ရောက်ရှိနိုင်ခြေ ရှိသည်ဟု ဈေးကွက်သုတေသနအဖွဲ့များက ခန့်မှန်းတွက်ချက်လျက်ရှိကြောင်း မလေးရှား အခြေ စိုက် Bernama သတင်းဌာနက ဩဂုတ်လ ၁၃ ရက်နေ့တွင် ဖော်ပြပါသည်။

     မလေးရှားနိုင်ငံ၏ စားအုန်းဆီလက်ကျန်မှာ ၂၀၂၄ ခုနှစ်၊ မတ်လနောက်ပိုင်း ပထမဆုံး အကြိမ်ကျဆင်းလျက် ဇူလိုင်လတွင် တန်ချိန် ၁ ဒသမ ၇၃ သန်း ခန့်သာရှိပြီး ယခင်လ လက်ကျန် ပမာဏ နှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရပါသည်။

19 Aug 2024

    ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမ (၇) လတွင် ဆန် ၃၇၉၅၄၆ တန် တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် အလားတူကာလ၌ တန်ချိန် ၃၆၂၇၀၈ ရှိရာ ၄.၆% တိုးတက်လာကြောင်း၊ တန်ဖိုးအား ဖြင့် ဒေါ်လာ ၂၈၀ သန်း ရရှိခဲ့ရာ ယခင်နှစ်ကာလတူ၌ စံချိန်တင်ခဲ့သော ဒေါ်လာ ၂၅၃ သန်းထက် ပိုမိုခဲ့ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (CRF) ၏ ၁၂-၈-၂၀၂၄ ရက်နေ့ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

19 Aug 2024

 ကမ္ဘောဒီးယားနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ဆန်တင်ပို့မှု သိသာစွာတိုးမြှင့်ရန် ရည်ရွယ်လျက် ကာလရှည် ဆန်ထောက်ပံ့မှု သဘောတူညီချက်တစ်ရပ်ကို ထူထောင်နိုင်ရန် ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ် (CRF) နှင့် စင်ကာပူနိုင်ငံ၏ အကြီးဆုံး လက်လီရောင်းချမှုလုပ်ငန်းများ အနက် တစ်ခုဖြစ်သည့် NTUC FairPrice Group တို့အကြား ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင် လျက်ရှိကြောင်း သိရပါသည်။

19 Aug 2024

     အိန္ဒိယနိုင်ငံ ကီရာလာ (Kerala) ပြည်နယ်၌ ရော်ဘာဈေးနှုန်းမှာ မြင့်တက်လျက်ရှိကြောင်း၊ ရော်ဘာဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ RSS အဆင့် ၄ မှိုင်းခံရော်ဘာပြားများ၏ တစ် ကီလိုဂရမ်ဈေးနှုန်းမှာ ၂၄၇ ရူပီး ရှိပြီး အဆိုပါဈေးနှုန်းသည် ၂၀၁၁ ခုနှစ် ဧပြီ လ ၅ ရက်နေ့တွင် စံချိန်တင်ရရှိခဲ့သည့် ၂၄၃ ရူပီး ထက်ကျော်လွန်မှုရှိခဲ့ကြောင်း၊ Kottayam မြို့ရှိ ကုမ္ပဏီတစ်ခုမှ ရော်ဘာပြားများကို ၂၅၅ ရူပီးနှုန်းပေး၍ ဝယ်ယူနေသည့်အတွက် ရော်ဘာသမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးပေးဝယ်ယူနေခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

19 Aug 2024

    ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ပထမ (၇) လတွင် သဘာဝရော်ဘာစေး (Natural Rubber Latex) ၁၇၃၉၁၅ တန် တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူ ပမာဏဖြစ်သည့် ၁၇၀၉၆၈ တန်နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၇၂ ရာခိုင်နှုန်းဖြင့် ပမာဏအနည်းငယ် တိုးလာခဲ့ကြောင်း ကမ္ဘောဒီးယား ရော်ဘာအထွေထွေ ညွှန်ကြားမှု ဦးစီးဌာန၏ ၁၁-၈-၂၀၂၄ ရက်နေ့ အစီရင်ခံစာအရ သိရှိရသည်။

19 Aug 2024

    ဗီယက်နမ်နိုင်ငံရှိ ကုမ္ပဏီများအနေဖြင့် စင်ကာပူနိုင်ငံသို့ စားသောက်ကုန်များ တင်ပို့ရာတွင် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းမှုဆိုင်ရာ စည်းမျဉ်းများနှင့် ကိုက်ညီစေရေးနှင့် စည်းမျဉ်းစည်းကမ်း ပြောင်းလဲမှု နောက်ဆုံးအခြေအနေများကို  ပုံမှန်သတိပြုဆောင်ရွက်ရန် ဗီယက်နမ် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက တိုက်တွန်းထားကြောင်း သိရှိရသည်။

19 Aug 2024

   အိန္ဒိယနိုင်ငံတွင် မုတ်သုံရာသီဥတုအခြေအနေ ကောင်းမွန်ခြင်းက ပြည်တွင်းစိုက်ပျိုးထုတ် လုပ်မှု မြင့်မားပြီး လက်လီဈေးနှုန်းများ နိမ့်ကျမှု ဖြစ်စေနိုင်သဖြင့် ပဲမျိုးစုံတင်သွင်းမှုမှာ ယခင်နှစ်၌ တင်သွင်းခဲ့သော တန်ချိန် ၄၇ ဒသမ ၃၈ သိန်းမှ လျော့ကျလျက် လက်ရှိ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် သိန်း ၄၀ မှ ၄၅ သိန်းအတွင်းသာ တင်သွင်းရဖွယ်ရှိကြောင်း အိန္ဒိယ ပဲမျိုးစုံနှင့် ကောက်ပဲ သီးနှံအသင်း (IPGA) ၏ ဥက္ကဋ္ဌ Bimal Kothari က ဩဂုတ်လ ၉ ရက်နေ့၌ ပြောကြားခဲ့သည်။

15 Aug 2024

       ထိုင်းနိုင်ငံကတ်ဘိနက်ဝန်ကြီးအဖွဲ့သည် အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနအား ခရီးသွားနည်းပါးသည့်ရာသီတွင် အွန်လိုင်းပရိုမိုးရှင်းနှင့် ပွဲများပြုလုပ်ရန်အတွက် ဘတ်ဂျက် ဘတ် ၄၄၃သန်းခွင့်ပြုခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံခရီးသွားလာရေးအာဏာပိုင်အဖွဲ့(TAT)က  နိုင်ငံတကာဈေးကွက်ကို အလွန်မှီခိုနေရမှုကိုသက်သာစေရန်အတွက် ပြည်တွင်းခရီးသွားကဏ္ဍကို ၂၀%ထိတိုးမြှင့်ပြီး ယခုနှစ်တွင် ဘတ် ၁.၂ထရီလီယံရရှိရန် မျှော်လင့်လျက်ရှိကြောင်းသိရပါသည်။

15 Aug 2024

       ဗီယက်နမ်နိုင်ငံဒုတိယဝန်ကြီးချုပ် Tran Luu Queng က ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံ၏ ဟောင်ကောင်တို့သည် အဓိကဧရိယာများဖြစ်သည့် စီးပွားရေးကုန်သွယ်မှု၊ ခရီးသွားကဏ္ဍ၊ ပညာရေး၊ သိပ္ပံနည်းပညာ၊ ဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထုကာကွယ်ရေးတို့တွင် ၎င်းတို့၏ပူးပေါင်းဆောင်ရွက်မှုကိုပိုမိုနက်ရှိုင်းပြီး အရည်အသွေးတိုးတက်စေရေးအတွက် ဇူလိုင်လ ၃၁ရက်နေ့မှ ဩဂုတ်လ ၂ရက်နေ့အထိ အလည်အပတ်ခရီးလာရောက်ခဲ့သည့် ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြီးအကဲ John Lee Ka-chiu နှင့်ဆွေးနွေးမှုတွင် Quang က Lee ၏ခရီးစဉ်သည် အပြန်အလှန်ပူးပေါင်း‌ဆောင်ရွက်မှုကိုအရှိန်မြှင့်တင်ရန် အရေးပါသည့်မှတ်တိုင်တစ်ခုဖြစ်

15 Aug 2024

         တောင်ကိုရီးယားနိုင်ငံတိရစ္ဆာန်နှင့် အပင်ရောဂါကာကွယ်တားဆီးရေးအေဂျင်စီ (APQA) က ဗီယက်နမ်နိုင်ငံထံမှ လတ်ဆက်သောကျွဲကောသီးများ တရားဝင်တင်သွင်းခွင့်ပြုကြောင်း ကြေညာခဲ့သည်ဟု ဗီယက်နမ်နိုင်ငံစိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနလက်အောက်ရှိ အပင်ကာကွယ်ရေးဦးစီးဌာန(PPD)၏ အဆိုအရသိရပါသည်။ ထို့ကြောင့် ကျွဲကောသီးသည် နဂါးမောက်သီးနှင့် သရက်သီးတို့ပြီးလျှင် တောင်ကိုရီးယားနိုင်ငံသို့ပို့ခွင့်ရသည့် တတိယမြောက်အသီးဖြစ်လာပြီး ဗီယက်နမ်လယ်ယာထွက်ကုန်များ နိုင်ငံတကာဈေးကွက်သို့ဝင်ရောက်ရန်အတွက် ကြီးမားသည့်အခွင့်အလမ်းတစ်ခုနှင့် သိသာထင်ရှားသည့် မှတ်တိုင်တစ်ခုဖြစ်ကြောင

15 Aug 2024

      ဗီယက်နမ်သစ်သီးအမျိုးအစားများစွာသည် အရှေ့မြောက်အာရှဈေးကွက်တွင် ဝယ်လိုအားမြင့်တက်လျက်ရှိပြီး ၂၀၂၄ခုနှစ်အတွက် ရည်မှန်းချက်ဖြစ်သည့်သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၇ဘီလီယံရရှိစေရေးအတွက် ပံ့ပိုးကူညီပေးလျက်ရှိကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံသစ်သီးနှင့်ဟင်းသီးဟင်းရွက်အသင်း၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Deng Phue Nguyen ၏ပြောကြားချက်အရ ဇူလိုင်လကုန်တွင် သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃.၈ဘီလီယံရရှိခဲ့ပြီး အဆိုပါပမာဏအနက် ၄၀% သည် ဒူးရင်းသီးတင်ပို့မှုမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ အဆိုပါအောင်မြင်မှုသည် ဗီယက်နမ်စ

Pages