ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သစ်သီးဈေးဆိုင်များတွင် ရှမ်းပြည်ထွက်သီးနှံဖြစ်သော ထောပတ်သီးများ ပေါများစွာဝင်ရောက်နေပြီဖြစ်ပါသည်။ မိုးရာသီတွင် ထောပတ်သီးများရှားပါး၍ သစ်သီးဆိုင်များ၌ အရောင်းအဝယ်မရှိခဲ့ရာမှ ယခုကဲ့သို့ မိုးအကုန်နှင့် ဆောင်းအကူးကာလတွင် ထောပတ်သီးများ စတင်ဝင်ရောက်လာပြီဖြစ်ပါသည်။
တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၂၀၂၃ခုနှစ်အတွင်း မိုးကောင်းစွာရွာသွန်းပြီး ရေကြီးရေလျှံမှုလည်းနည်းပါးသဖြင့် မိုးစပါးများအောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။ ယခုအချိန်တွင် မိုးစပါးများရင့်မှည့်နေပြီဖြစ်ရာ တချို့ကျေးရွာများ၌ စတင်ရိတ်သိမ်းနိုင်ပြီဖြစ်ပါသည်။
တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ အုန်းသီးဆိုင်တွင် အုန်းသီးကြွက်မြီးပါ တစ်လုံးလျှင် ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် ၁၅၀၀ကျပ်၊ ရိုးရိုးအုန်းသီး အခွံမပါ တစ်လုံးလျှင် ၁၀၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။ အုန်းသီးဒိုင်များက အုန်းသီးကို သောင်းပြောင်းတစ်လုံးလျှင် ၅၀၀ကျပ်ဖြင့် ပင်ပြတ်ဝယ်ယူပါသည်။ အုန်းပင်တစ်ပင်လျှင် တက်ခ ၃၀၀၀ကျပ်ပေးရပါသ
ဖြူးမြို့နေပြည်သူများ အခြေခံစားကုန်နှင့်အသားငါးများကို ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့မဈေးအနီးတွင် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများက တိုက်ရိုက်အရောင်းဈေးဖွင့်လှစ်၍ ရောင်းချလျက်ရှိရာ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ပါသည်။
တောင်ငူမြို့၊ ကန်လမ်းရှိ သစ်သီးဆိုင်မှ ဒူးရင်းသီး(အသေး) တစ်လုံးလျှင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်တွင် ၃၅၀၀ကျပ်၊ အလတ်တစ်လုံးလျှင် ၆၀၀၀ကျပ်မှ ၇၀၀၀ကျပ် အထိနှင့် အကြီးတစ်လုံးလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်အထိရှိပါသည်။