ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့သို့ အထက်တောင်ပေါ်ဒေသ၊ ရှမ်းပြည်နယ်ဘက်မှ သစ်သီးဝလံများ တင်ပို့ရောင်းချလျက်ရှိရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်တွင် လိမ္မော်သီးများ စတင်ဝင်ရောက်လာပါသည်။
တောင်ငူခရိုင်၊ ဖြူးမြို့၊ မြို့မဈေးရှိဆန်ဆိုင်များတွင် ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်တွင် ၆၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်ပြည်လျှင် ၄၆၀၀ကျပ်၊ ဇီယာ (ရှယ်)တစ်ပြည်လျှင် ၃၅၀၀ကျပ်နှင့် ဇီယာ(ရိုးရိုး)တစ်ပြည်လျှင် ၃၂၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ယခင်အောက်တိုဘာလ ပထမအပတ်တွင် ဆင်းသုခတစ်ပြည်လျှင် ၃၅၀၀
တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်လာပြီး စားအုန်းဆီမှာ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၅၂၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် သီးနှံမျိုးစုံ ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
တောင်ငူမြို့တွင် တပိုင်တနိုင်မှိုစိုက်ပျိုးသူများရှိပါသည်။ အိမ်၌နေရင်း အိမ်တွင်းစီးပွားအဖြစ်လည်း ခြံထဲတွင်စိုက်ပျိုးကြပါသည်။ မှိုစိုက်ပျိုးရာတွင် ပေါင်လုပ်၍ စိုက်ပျိုးရပါသည်။ ပေါင်တစ်ပေါင်လျှင် မှိုထုပ် ၅ထုပ်စိုက်ပျိုးရပါသည်။