ပြည်တွင်းကုန်သွယ်မှုသတင်းများ
ယခု ၂၀၂၃ခုနှစ်၊ ပူအိုက်သောနွေဦးရာသီတွင် ရာသီစာ မန်ကျည်းဖျော်ရည်နှင့် ကြံရည်များအရောင်းသွက်လျက်ရှိပါသည်။ မန်ကျည်းဖျော်ရည်ပြုလုပ်ရာတွင် အဓိကအားဖြင့် မန်ကျည်းမှည့်အနှစ်၊ ထန်းလျက်ရည်၊ ရေခဲနှင့် အမဲရောင်ကျောက်ကျောလေးများပါဝင်ပါသည်။ အဆိုပါ ပါဝင်ပစ္စည်းများကိုရောနှော၍ ရေခဲနှင့် သမအောင်မွှေပြီးလျှင် အရသာချိုချဉ်အေးမြသော မန်ကျည်းဖ
တောင်ငူခရိုင်တွင် မိုးမြေပဲ ၈၀၈၃ဧက၊ ဆောင်းမြေပဲ ၁၉၁၉၆ဧက၊ စုစုပေါင်း ၂၇၂၇၉ဧကစိုက်ပျိုးပြီး ခန့်မှန်းအထွက်နှုန်းမှာ ၆၄.၀၄တင်းထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပါသဖြင့် မြေပဲအထွက်မှာ ၁၇၄၇၂၁၈တင်းခန့်ရှိပါသည်။
တောင်ငူမြို့နယ်၊ ရှမ်းဝတီးကျေးရွာမှထွက်ရှိသော စားပြောင်းဖူးများကို အခင်းဈေးတစ်ဖူးလျှင် ၂၅၀ကျပ်၊ ၁၀ဖူးလျှင် ၂၄၀၀ကျပ်၊ တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ၁ဖူးလျှင် ၃၀၀ကျပ်ဖြင့် အရောင်းသွက်နေသည်ကို တွေ့ရှိရပါသည်။ ရှမ်းဝတီးရွာမှ တောင်သူများသည် စစ်တောင်းမြစ်ရေကို ရေစုပ်စက်များဖြင့်စုပ်တင်၍ ရှူးဂါးကင်းစားပြောင်းဖူးများနှင့် ပါပယ်ဝွိ
မြန်မာ့တစ်ဆယ့်နှစ်လရာသီတွင် ရာသီစာအစားအစာများရှိပါသည်။ မြန်မာလူမျိုးအများစုသည် ရာသီအလိုက်ပေါ်သောရာသီစာများအား နှစ်ခြိုက်စွာစားသုံးကြပါသည်။ ဥသျှစ်ရွက်များမှာ ယခုအချိန်အခါဖြစ်သော မတ်လမှ မေလအတွင်းပေါ်သည့် ရာသီစာဖြစ်ပါသည်။
ပွင့်လင်းရာသီတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ အုတ်လုပ်ငန်းလုပ်ကိုင်သည့်လုပ်ငန်းရှင်များ၏ မြေအုတ်လုပ်ငန်းများမှာ အရောင်းသွက်နေကြပါသည်။ အုတ်လုပ်ငန်းကို မိုးအကုန်နှင့် ဆောင်းအကူးဖြစ်သော နိုဝင်ဘာလတွင် စတင်လုပ်ကိုင်ကြပါသည်။ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်များရရှိမှသာ လုပ်ငန်းများစတင်ဆောင်ရွက်သည်ဟု သိရှိရပါသည်။