ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့နယ်၊ ညောင်ပင်လေးဈေးတွင် ရာသီချိန်အလိုက် နာနတ်သီးများရောင်းချလျက်ရှိရာ ပေါ်ဦးပေါ်ဖျားတွင် တစ်လုံးလျှင် (၁၃၀၀)ကျပ်မှ (၂၀၀၀)ကျပ်နှုန်းထိ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နာနတ်သီးသည် အရည်ရွှမ်းပြီး အရသာရှိသည့်အသီးတစ်မျိုးဖြစ်၍ ကျန်းမာရေးအတွက် ကောင်းမွန်သောအကျိုးအာနိသင်များစွာပါဝင်ပါသည်။
တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်းများအနေဖြင့် ၂၀၂၃ခုနှစ်၊ မတ်လ(စတုတ္ထပတ်)တွင် ငရုတ်သီးစိမ်း(မိုးထောင်သီး)တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ ကျပ်ထိရှိပြီး ကုလားအော်သီးစိမ်းတစ်ပိဿာလျှင် ၆၀၀၀ကျပ်ရှိ၍ ယခင်အပတ်အောက် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပါသည်။
မြန်မာလူမျိုးတို့၏ သားရည်စာအဖြစ် စားသုံးသောမုန့်များတွင် ရခိုင်မုန့်တီ (ခေါ်) အာပူလျှာပူလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ရခိုင်မုန့်တီ (ခေါ်) အာပူလျှာပူပြုလုပ်ရာတွင် ပါဝင်သောကုန်ကြမ်းပစ္စည်းများမှာ မုန့်တီမုန့်ဖတ်(အသေး)၊ ငါး၊ ငါးပိ၊ ငံပြာရည်၊ စပါးလင်၊ ပတဲကော၊ ချင်း၊ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းများဖြစ်ပါသည်။
တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ အသားငါးဈေးနှုန်းအခြေနေများအား လေ့လာစုံစမ်းခဲ့ရာ ၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထပတ်) အတွင်း ကြက်သားတစ်ပိဿာလျှင် (ရင်အုပ်သီးသန့်) ၁၀၀၀၀ကျပ်၊ အခြမ်းလိုက်ဈေးအနေဖြင့် တစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ငါးကြင်းဖြူတစ်ပိဿာလျှင် အကောင်လိုက်ဈေး ၁၂၀၀၀ကျပ်၊ အမြီ
၂၀၂၃ခုနှစ်၊ မတ်လ (နောက်ဆုံးပတ်) အတွင်း ရွှေဘိုမြို့နယ်၌ အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်(သစ်)တစ်ပြည်လျှင် ၃၅၀၀ကျပ်၊ ဧရာမင်းဆန်(သစ်)တစ်ပြည်လျှင် ၂၈၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ(သစ်)လက်လီဈေးမှာ (ကြီး)တစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ (လတ်)တစ်ပိဿာလျှင် ၁၂၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၈၀၀ကျပ်နှုန်းဖြင့် အရော