ပြည်တွင်းကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၏ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘိုခရိုင်များအနေဖြင့် ရွှေဘိုခရိုင်၊ ရေဦးခရိုင်နှင့် ကသာခရိုင်တို့တွင် စပါး/ဆန်ဈေး အနည်းငယ်တက်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်း သိရပါသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင် ဧပြီလအတွင်း ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ရွှေလိမ္မော် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ပျားလိမ္မော်တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ စပျစ်သီး တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ စတော်ဘယ်ရီတစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ပန်းသီးတစ်လုံးလျှင် ၇၅၀ကျပ်မှ ၁၃၀၀ကျပ်ထိ၊ ပန်းသစ်တော် တစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကြက်သွန်ဖြူအသစ်များ ဈေးကွက်ကို စတင်ဝင်ရောက်လာပြီဖြစ်ပါသည်။ ရှမ်းပြည်နယ်တွင် အဓိကစိုက်သောသီးနှံဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်အနှံ့အပြားမှာ စိုက်ပျိုးပါကြောင်း၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလမှာ စိုက်ပျိုးပြီး မတ်လနှင့် ဧပြီလတို့တွင် စတင်ရိတ်သိမ်းပါကြောင်း၊ ယခုဈေးကွက်ကိုဝင်လာသော
မြင်းခြံခရိုင်၏ ၂၀၂၂-၂၀၂၃ ခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှုအနေဖြင့် (၅၃၄၃)ဧကစိုက်ပျိုးပြီး ရိတ်သိမ်းပြီးစီးမှုအနေဖြင့် (၅၃၄၃)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ပါကြောင်းနှင့် တစ်ဧကပျှမ်းမျှအထွက်နှုန်းမှာ (၁၂.၆၁)၊အထွက်တင်းမှာ(၆၇၃၉၄)တင်း ထွက်ရှိလျက်ရှိကြောင်း သိရှိရပါသည်။ မြို့နယ်အလိုက်စိုက် ပျိုးမှု၊ရိတ်သိမ်းမှုနှင့် တစ်ဧကအထွက်နှုန်း
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ် (၂၉-၃-၂၀၂၃) ရက်နေ့တွင် နှမ်းနက်(စမုံ) (၄၅)ပိသာဝင်(၁)အိတ်လျှင် ကျပ်(၂၅၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၄-၄-၂၀၂၃) ရက်နေ့တွင်လည်း ကျပ်(၂၅၀၀၀၀)၊ ယခင်အပတ်တွင် နှမ်းပြာ(၁)အိတ်လျှင် ကျပ်(၂၃၀၀၀၀)ဖြစ်ပြီး ယခုအပတ်၌လည်း ကျပ်(၂၃၀၀၀၀)၊ ယခင်အပတ်တွင် နှမ်းဖြူ(၁)အိတ်လျှင် ကျပ်(၂၆၀၀၀၀)ဖြစ်ပြီး ယ