ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
16 May 2022

               စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မြေဆီလွှာအာဟာရဖွံ့ဖြိုးရေး ပိုက်ဆံလျှော်သစ်စိမ်းမြေသြဇာ မျိုးစေ့ကြဲပက်ခြင်း ကွင်းပြပွဲကို တမူးမြို့၊ မြို့မအုပ်စုရှိ တောင်သူ ဦးဇင်မင်းထိုက်၏ ကွင်းအမှတ်၂၅၅/A ဦးပိုင်အမှတ် ( ၄၈ ) လယ်မြေ ( ၅ ) ဧကတွင် သရုပ်ပြစိုက်ပျိုးပြုလုပ်ခဲ့ကြောင်း သိရသည်။

16 May 2022

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် Online စနစ်ဖြင့် အရောင်းဝယ်ဖြစ်နေကြောင်း သိရပါသည်။ မေလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းကျပ် ၄၇၈၀၀၊ ပဲစဉ်းငုံ တစ်တင်းကျပ် ၄၂၃၀၀၊ မတ်ပဲ တစ်တင်းကျပ် ၄၅၅၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းကျပ် ၄၁၃၀၀၊ ကုလားပဲ 929 တ

16 May 2022

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအရှေ့ဖက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများသည်  သပြေနှင့်ပန်းမာန်ဥယျာဉ် စိုက်ပျိုးခြင်းလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ခြင်းဖြင့် ပုံမှန်ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

16 May 2022

              စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခမ်းပါတ်မြို့ရှိ ကျေးရွာအချို့တွင် ဒေသနှင့် ကိုက်ညီပြီး ဈေးကွက်ရရှိသည့် ပြောင်းဖူးများကို ရွေးချယ်စိုက်ပျိုးလျက်ရှိကြပြီး မိသားစု  စီးပွားရေးအတွက် နေ့စဉ်ပုံမှန် ဝင်ငွေရရှိလျက်ရှိကြောင်း သိရှိရပါသည်။

16 May 2022

               ပြည်တွင်းဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်းနှင့်ပတ်သက်ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ဈေးကစားခြင်းများပြုလုပ်ပါက အရေးယူသွားမယ်လို့ စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး ခြင်း လုပ်ငန်းကြီးကြပ်‌ရေးကော်မတီက ထုတ်ပြန်ကြောင်း သိရသည်။

Pages