ဒူးယားမြို့ရဲ့ လက်ဆောင် “ကောင်းမြတ်” ကြာဇံမရွေး နှင့် ပေါ်ဆန်း မရွေး

Powered by Drupal

မရွေးသည် မြန်မာ့ဓလေ့ရိုးရာအစားအစာတစ်ခု ဖြစ်တယ်ဆိုပေမဲ့လည်း စာပေလေ့လာမှု များအရ မရွေးမုန့်သည် မန်ချူးလူမျိုးတို့ နတ်ဘုရားများအား ပူဇော်ဆက်ကပ်ရာတွင် အသုံးပြု သော ရိုးရာအချိုပွဲတစ်မျိုးဖြစ်ပြီး မန်ချူးတို့ တရုတ်ပြည်ကို သိမ်းပိုက်အုပ်စိုးခဲ့ပြီးနောက် ပေ ကျင်းမြို့တွင် စတင်လူကြိုက်များလာရာမှ တရုတ်တစ်ပြည်လုံးတွင် ယခုအချိန်အထိ လူကြိုက် များလာသော သွားရည်စာမုန့်တစ်မျိုး ဖြစ်တယ်လို့လဲ လေ့လာသိရှိရပါတယ်။ မည်သို့ပင် ဆိုစေကာမူ မြန်မာနိုင်ငံတွင်လည်း မရွေးသည် လူကြိုက်များသည် အစားအစာတစ်မျိုး ဖြစ်ပါ သည်။ မရွေးလုပ်ငန်းကို မြန်မာနိုင်ငံအနှံ့တွင် ဆောင်ရွက်နေသူများ ရှိသော်လည်း ယခုတင်ပြ မှာကတော့ ဒူးယားမြို့မှ ထွက်ရှိလာတဲ့ မရွေးအကြောင်းကို ရေးသားတင်ပြသွားမှာ ဖြစ်ပါ တယ်။

ဒူးယားမြို့ ကလေးကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာခရိုင် အတွင်းမှာ တည်ရှိတဲ့ မြို့ကလေးတစ်မြို့ ဖြစ်ပါတယ်။ ဒူးယားမြို့တွင် နေထိုင်ကြသူ တော်တော်များသည် အိမ်တွင်း ဖြစ်တစ်ပိုင်တစ်နိုင် မရွေးလုပ်ငန်းအား လုပ်ကိုင်ကြပါသည်။ ဒူးယားမြို့အဝင် အကျော် လောက် တွင် မရွေးများရောင်းချသည့် ဈေးတန်းကြီးလည်းရှိပါတယ်။ အဆိုပါဈေးတန်းတွင် အမှတ် တံဆိပ်မျိုးစုံဖြင့် ရောင်းချနေသော ကြာဇံမရွေး၊ ပေါ်ဆန်းမရွေး၊‌ ကောက်ညှင်းမရွေး၊ ကြက်ဥ မရွေး၊ ဆန်မရွေး၊‌ ကွေကာမရွေး နှင့် သီးစုံထောပတ်မရွေး အစရှိသည်ဖြင့် မရွေးမျိုးစုံကို ဝယ်ယူ ရရှိနိုင်ပါတယ်။ ဒူးယားမြို့ကလေးမှ ထွက်ရှိလာသည့် မရွေးအမှတ်တံဆိပ်များစွာထဲမှ “ကောင်းမြတ်” ကြာဇံမရွေး နှင့် ပေါ်ဆန်း မရွေးများကိုလည်း ဒူးယားမြို့ပြန်လက်ဆောင် အနေဖြင့် ဝယ်သွား လေ့ရှိကြပါတယ်။

          “ကောင်းမြတ်” ကြာဇံမရွေး နှင့် ပေါ်ဆန်း မရွေးလုပ်ငန်းကို ဟင်္သာတခရိုင်၊ ဒူးယားမြို့ရှိ ဗိုလ်မြတ်ထွန်းလမ်း၊ အိမ်အမှတ်(၁)တွင် ဦးအောင်ကိုလင်း ဆိုသူမှစတင်၍ လုပ်သားအင်အား (၇)ဦးခန့်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေသော အသေးစားစက်မှုလုပ်ငန်းလေး တစ်ခုဖြစ်ပါသည်။ အသေးစားစက်မှုလုပ်ငန်း လိုင်စင်အမှတ် အစ-၁၄(၀၁၀၇၆) ရရှိထားသူ ဖြစ်တယ် လို့လဲ သိရှိရ ပါတယ်။ “ကောင်းမြတ်” မရွေးလုပ်ငန်းတွင် ကြာဇံမရွေး၊ ပေါ်ဆန်းမရွေး၊ နှင့် ကောက်ညှင်း မရွေး တို့ကို မိရိုးဖလာနည်းလမ်းဖြင့် အဓိကထားထုတ်လုပ်ပြီး ကျန်ရှိနေသော ကြက်ဥ မရွေး၊ ဆန်မရွေး၊‌ ကွေကာမရွေး နှင့် သီးစုံထောပတ်မရွေး တို့ကိုလည်း ထုတ်လုပ်နိုင်အောင် ဆောင်ရွက် နေကြောင်းကိုလည်း သိရှိရပါတယ်။ “ကောင်းမြတ်” မရွေးလုပ်ငန်းမှ ထုတ်လုပ်သော မရွေး များသည် အရသာရှိယုံသာမက ဈေးနှုန်းချိုသာလှသည့်အတွက် ပြန်လေည်ရောင်းချရန် အတွက် ဖောက်သည်ယူများလည်း အများအပြားရှိပါတယ်။ “ကောင်းမြတ်” မရွေးလုပ်ငန်းတွင် အသုံးပြု သော ကုန်ကြမ်းများမှာ ကြာဇံ၊ ပေါ်ဆန်းဆန်၊ ကောက်ညှင်း၊ စားအုန်းဆီ၊ ကပ်စေးနှဲ နှင့် ကြံသကာတို့ ဖြစ်တယ်လို့လဲ လေ့လာသိရှိရပါတယ်။ “ကောင်းမြတ်” မရွေးလုပ်ငန်းအား (၂၀၁၅) ခုနှစ်ကတည်း မှ စတင်၍ဆောင်ရွက်ခဲ့ပြီး ရင်းနှီးမြုပ်နှံမှုအနေဖြင့် ကျပ်သိန်း (၃၀၀) ခန့် ရင်းနှီး မြုပ်နှံထားပြီး၊ တစ်နှစ်လျှင် အမြတ်ငွေကျပ်သိန်း(၇၂)ခန့်ရရှိသည့်အထိ အောင်မြင်ပြီး လူကြိုက် များတဲ့ အမှတ် တံဆိပ် တစ်ခုလည်းဖြစ်တယ်လို့ လေ့လာသိရှိရပါသည်။

DOCA(ဧရာဝတီ)